Friday, January 27, 2017


  • တော်တဲ့ကျောင်းသားက ပညာဂုဏ်မောက်ပြီး အောင်မြင်တဲ့ပညာရှင်ဖြစ်မလာဘူး
  • တော်လွန်းတဲ့ပညာရှင်ဟာ မာနဂုဏ်ကြောင့် လုပ်ငန်းရှင်ဖြစ်မလာတော့ဘူး
  • ကြိုးစားတဲ့သူဟာ ခေါင်းမာပြီး ရှေ့ မရောက်တော့ဘူး
  • လှတဲ့မိန်းကလေးက အလှဂုဏ်မောက်ပြီး ရုပ်ဆိုးဆိုးနဲ့ ညားတယ်
  • ခါးချိုးပြီးလုပ်တဲသူတွေက ခေါင်း ဆောင်တွေဖြစ်လာကြတယ်။


အကုန်လုံးကို မဆိုလိုပေမယ့် ဖြစ်တတ်တာကို ပြောတာ။

Wednesday, September 14, 2016

သင်ဟာ Comfort Zone ထဲမှာရောက်နေတာလား


ခေါင်းစဉ်ကို ဘာကြောင့်ပေးရသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း လူပျင်းတယောက်ဖြစ်နေလို့ ပါ။
မြန်မာလူမျိုးတွေပျင်းတယ် ပျင်းတယ်လို့ ပြောတာလည်းကြားဘူးလိမ့်မယ်။ သို့ ပေမယ့် နိင်ငံခြာ်းရောက်ရင် တော်တော်များများက ကြိုးစားလာကြပါတယ်။
ဘာကြောင့်လည်းဆိုတော့ 
-ရေမြေရပ်ခြားမှာ အလုပ်မရတာနဲ့ ပြန်ရမယ်
-ထမင်းအလကားကျွေးမယ် အိမ်မရှိဘူး
-ပိုက်ဆံမရှိရင် နေစရာမရှိရင် ဒုက္ခရောက်မယ် ပြန်စရာအမေ့အိမ်မရှိဘူး ။ အဲ့မျိုးလူတွေက မိဘအိမ်မှာအေးဆေးနေရတဲ့သူတွေထက် ပိုကြိုးုစားကြတယ်။
လူပ်နိးလိုက်သလိုပေါ့လေ။ ရုတ်တရက်လန့် ဖြန့် ပြီး အလုပ်ထလုပ်တဲ့အချိန်
ကျွန်တော့်အတွက်တော့ အဲလိုမျိုးနစ်ခါဖြစ်ဘူးတယ်။
၁.စလုံးမှာ အလယ်သွားရင်း နေစရာမရှိလို့  အပြင်ဘက်ထွက်ရတဲ့အချိန် အရမ်းကိုလန့် သွားတာ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘုန်းကြီးကျောင်းမှာ နေမရသလို ကားမှတ်တိုင်မှာလည်း အိပ်မရဘူးလေ။ ဂျေးအောင်းသွားမှာပေါ့ ။
နောက်ပြီး စလုံးတွေဖင်ခေါင်းကျယ်တာကို မကြိုက်ဘူး။ ငါလည်းလုပ်နိင်ရမှာပေါ့ဆိုပြီး ပြန်လာပြီး အလုပ်ကို ဖင်စွဲပြီးလုပ်ဖြစ်သွားတယ်။
2. ကတော့ ကလေးမွေးခါနီးအချိန်။ နိင်ငံခြားက ပြန်လာပြီး အလုပ်လုပ်လိုက်တာ တလ ၁၅သိန်းလောက်ရတော့ တဖြည်းဖြည်း ပျင်းလာပြီး ပေါ့ပေါ့ဆဆဖြစ်လာတယ်။ စိတ်ထဲမှာ ကွန်ပြုတာအသစ်ဝယ်မယ် ၊ ကားဝယ်မယ်လောက်ပဲကျန်တယ်။
မိန်းမရတော့ အိမ်မှာလည်းနေလို့ မရတော့ဘူး။ ကလေးကလည်း ထွက်တော့မယ် စုဆောင်းထားတာလဲမရှိတဲ့အချိန်မှာ လန့် ဖြန့် ပြီး အလုပ်လုပ်မိတယ်။
အခုလည်း Comfort Zone မှာ ပျော်နေမိပြန်ပြီ ။ တနစ်ကို ကားနစ်စီးဝယ်နိင်တယ်။ တိုက်ခန်းလည်း နစ်ခန်းလောက်ပိုင်ပြီဆိုတော့ တဖြည်းဖြည်းနဲ့  သောက်ပျင်းတစ်လာပြန်ပါပြီ။ ဘယ်တော့များမှ ဒုက္ခရောက်ပြီးအလုပ်လုပ်ဖြစ်မလည်း မသိဘူး ။ :3 ဟိုလတွေတုန်းကတော့ အလုပ်ပါးတော့ တော်တော်ကို ဥာဏ်နီဥာဏ်နက်ထုတ်ပြီး အလုပ်သစ်တွေ ဘာတွေလုပ်ဖြစ်သေးတယ်။ အခုတော့ ပျင်းသွားပြန်ပြီ။
ထမင်းမငတ်ရင်ကို အလုပ်ကို မလုပ်ချင်တာပါ။
သေချာတာတော့ လူတွေဟာ အခုလုပ်တာထက်ပိုပြီး အစွမ်းအဆရှိတယ်ဆိုတာရယ်။ ထုတ်သုံးဖို့  ပျင်းကြတယ်ဆိုတာတော့ အမှန်ပါပဲ။ ဘယ်အချိန်မှာ လန့် နိုးမလဲဆိုတာတော့မသိဘူး။ တော်တော်များများကတော့ အိပ်နေကြတာပါပဲ။
သူတောင်းစားတွေက ကလေးတွေပိုက်ပြီး တောင်းစာတာလည်းမပြောနဲ့ 
ကိုယ်တောင် ကလေးအဖေဖြစ်လာတော့ ကလေးလေးတွေ မြင်ရင်ကို မနေတတ်တော့ဘူး။ 
"အော်ငါ့သားလေးများဖြစ်ရင်" ဆိုပြီ စိတ်ထဲကို မကောင်းတာ။ လူပျိုတုန်းက သနားတာ ရိုးရိုး ။ ကလေးအဖေဘ၀ကျတော့ ရင်ထဲကကို ပြိုလာသလို စိတ်မကောင်းတာ။ မထည့်လိုက်ရင်ကို ဒီကလေးလေး ရှောသွားမလား ခံစားရတယ်။
တကယ်ကို လုပ်စားရက်ကြပါပေတယ်။ :3
လစာကောင်းခြင်းနှင့် မချမ်းသာခြင်းက တိုက်ရိုက်ဆက်စပ်နေတယ်လို့ ပြောရင် ရုတ်တရက်ကြောင်သွားကြမယ်ထင်ပါတယ်။
ချွင်းချက်တွေရှိပေမယ့်လည်း ယေဘူယျအားဖြင့် မှန်ကန်တယ်လို့ ပြောရပါလိမ့်မယ်။
ချွင်းချက်မှာဘာတွေပါမလဲဆိုတော့
- ရှယ်ယာကို ပိုင်ဆိုင်တဲ့ ၀န်ထမ်းတွေ
- ရေနံထုတ်လုပ်ငန်းလိုမျိုး
- ဆရာဝန်လိုမျိုး
- ရှေ့ နေလိုမျိုး
- ရုပ်ရှင်သရုပ်ဆောင်လိုမျိုး
- သဘောင်္သားလိုမျိုးတော့ ပါဝင်နိင်ပါတယ်။
သို့ ပေမယ့် ပုံမှန်အားဖြင့် စဉ်းစားကြည့်ရင်တော့ အဲဒီလူတွေဟာလည်း အကြီးပွားအတိုးတက်ဆုံးတော့မဖြစ်နိင်သေးပါဘူး။ ရှယ်ယာပိုင်ရှင်တွေကတော့ ချွင်းချက်ပေါ့လေ .
ဘာကြောင့်လည်းဆိုတော့ စနစ်ကြောင့်လိုသာဖြေပါရစေ။ ပညာရှင် ၊ ဥပမာဆရာဝန်တယောက်က တလကို သိန်းတထောင်ရတယ်ဆိုပါတော့ ။ နီနီကို စပွန်ဆာပေးတဲ့ လူကြီးက တလကို သိန်းတရာကျော်ရတယ်ဆိုပါတော့ :3 သူတို့ က သင်္ဘောလိုင်းပိုင်ရှင်နဲ့  ဆေးရုံပိုင်ရှင်တွေထက် ကြီးပွားစရာမရှိပါ။
ဘာကြောင့်လည်းဆိုတော့ သူတို့ သည် ကိုယ်ပိုင်အချိန်နဲ့  တတ်ကျွမ်းမူကို ရောင်းစားရတဲ့အတွက်ပါ။ ၂၄နာရီထက်ပိုမရသလို ဘယ်လောက်ကျွမ်းကျွမ်း တယောက်စာသာဖြစ်တဲ့အတွက် ကန့် သတ်မူတွေရှိနေလို့ ပါပဲ။
လုပ်ငန်းရှင်တယောက်ကျတော့ သူများရဲ့ အချိန်တွေအပြင် ကျွမ်းကျင်မူကိုပါ အသုံးပြုခွင့်ရပါတယ်။
ဆရာဝန်တယောက် သိန်း ၁၀၀ ရတဲ့အချိန်မှာ ဆေးရုံပိုင်ရှင်က ၅သိန်းရတယ်ဆိုပါတော့
ဆရာဝန်က ဆေးခန်းဘယ်လောက်ထိုင်ထိုင် အကန့် အသတ်ရှိပါတယ်။ ဆေးရုံပိုင်ရှင်ကတော့ ဆရာဝန်ကို များများခန့် လို့ ရပါတယ်။ သူရဲ့အကန့် အသက်က ဈေးကွက် ၊ network ၊ ကံ ၊ ဥာဏ် ၊ ၀ရီယပေါ်မှာ မူတည်ပြီးရသလောက်ချဲ့နိင်ပါတယ် ။
ဝန်ထမ်းဘ၀ကို စွန့် လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်တာက တော်တော်ကို အောင်မြင်ဖို့ မသေချာတဲ့အလုပ်ဖြစ်ပါတယ်။
တလ တသိန်းရတဲ့ ၀န်ထမ်းက အလုပ်ထွက်ဖို့ လွယ်တယ်ဆိုရင်
တလ သုံးသိန်းရတဲ့သူက ပိုခက်လာပါပြီ
တလ ငါးသိန်းရတဲ့သူက တော်တော်ကို စဉ်းစားလာရပါမယ်။
တလ ဆယ်သိန်းရရင် ထွက်ဖို့ တော်တော်ကို စဉ်းစားရပါမယ်။
တလ သိန်းနစ်ဆယ်ရတဲ့သူတွေက မဖြစ်နိင်သလောက်ပါပဲ။
တသောင်းစားတွေကြတော့ တော်ရုံနဲ့  ထွက်ကြတော့မှာမဟုတ်ပါဘူး ။ :3
ကိုယ်ပိုင်လုပ်ငန်းက ရှူံးဖို့ အရမ်းကို အခွင့်အရေးများလွန်းတဲ့အတွက် အဆင်မပြေရင် မတိုက်တွန်းမလိုပါဘူး။ အထူးသဖြင့် အိမ်ကို ထောက်ပံဖို့ လိုအပ်တဲ့သူတွေ ကလေးအဖေ ၊ အမေတွေ ဖြစ်လာရင်လုပ်ဖို့  တော်တော်ကို ခက်ပါတယ်။ အသက်ကြီးလာလေ စွန့် စားဖို့ ခက်လာလေပါပဲ။
ဖြစ်နိင်ရင်တော့ ရှယ်ယာလိုမျိုးဖြစ်ဖြစ် ပါတနာလိုပဲဖြစ်ဖြစ် ရအောင်တောင်းကြပါလို့  ။ ဆေးထိုးလိုက်ပါတယ်လေ။

Wednesday, June 1, 2016

တသိန်းတန် ၀က်ဘ်ဆိုက်

website တွေကို တသိန်းအောက်လုပ်တာနဲ့  ပတ်သက်ပြီး အသံတွေထွက်လာတော့ ပြောရပါဦးမယ်။
- အိုင်တီဆိုတာလည်း စီးပွားရေးပဲဆိုတာလည်း မှတ်ယူရပါမယ်။
- စစခြင်း ၉သောင်းဆိုပေမယ့် သက်တမ်းတိုးကြေး သုံးသောင်းပဲယူမယ်ဆိုရင်
- client တသောင်းဖြစ်တဲ့အချိန်မှာတနစ်ကို သိန်း ၃၀၀၀ ရပါလိမ့်မယ်။
- ကျွန်တော်တို့အနေနဲ့  clientရာဂဏာန်းဖြစ်တဲ့အချိန်မှာ လမ်းညွန်စာအုပ်အတွက် တသောင်းရဖို့ မခက်ဘူးဆိုတာ နားလည်သင့်ပါတယ်။
- စိတ်ဆိုးချင်တယ်ဆိုရင် Xiaomi ကိုလည်း iPhone , Samsung က စိတ်ဆိုးရမှာပါပဲ။
- Mass Market အကြောင်းနဲ့  စီးပွားရေးအကြောင်းကို နားလည်ဖို့ လိုပါတယ်။


 Facebook ထွက်လာတော့ ၀က်ဆိုက်တွေ နည်းသွားမလားလို့  စိုးရိမ်ကြပါတယ်။ အိုင်တီကုမ္ပဏီတွေ အထူးသဖြင့် ၀က်လ်ဆိုက်ရေးတဲ့ ကုမ္ပဏီတွေက အများဆုံးစိုးရိမ်ကြပါတယ်။

Facebook ကြောင့် လူတိုင်းကအင်တာနက်ဆိုတာကို ပိုပြီးစိတ်ဝင်စားလာကြသလို ။ Social Media နဲ့ Digital Marketing လိုမျိုးလုပ်ငန်းတွေလည်း ပေါ်ပေါက်လာတယ်ဆိုတာလည်း သိသင့်ပါတယ်။

ဈေးနည်းနည်းနဲ့လုပ်နိင်ရင် လူတိုင်း ၀က်ဘ်ဆိုက်ပိုင်ဆိုင်လာကြမှာဖြစ်ပါတယ်။ အဲင်္ဒိအခါမှာ feature တွေလည်း ပိုပြီး အသေးစိတ်လိုအပ်လာကြမှာပါပဲ ။ အဲအတွက် အပြင်လုပ်ငန်းတွေလည်း အလုပ်ဖြစ်လာမယ်ဆိုတာကို နားလည်သင့်ပါတယ်။

Middle Management

 ကိုယ်ကဘာမှ မဟုတ်တော့လည်း ပြောရတာတော့ အားတော့မရှိပါဘူး။ မြင်တာလေးတော့ ပြောချင်ပါတယ်။
=========================
လုပ်ငန်းတခု ကြီးမားကျယ်ပြန့်ဖို့ ဆိုတာ Middle Management က အားကောင်းနေဖို့ လိုပါတယ်။
Mid Management ဆိုတာက ကိုယ်နဲ့  ၀န်ထမ်းတွေကြားက မန်နေဂျာလို့  အကြမ်းဖျင်းမှတ်ယူလို့ ရမယ်ထင်ပါတယ်။
လုပ်ငန်းတခုတဖြည်းဖြည်း လည်ပါတ်လာတဲ့အခါ ဖြည့်စည်းရတဲ့ လိုအပ်ချက်တွေက တဖြည်းဖြည်းများလာတာကတော့ ထုံးစံဖြစ်ပါလိမ့်မယ်။

အစပိုင်းမှာ အားကောင်းမောင်းသန်ချခဲ့တဲ့သူများက အချိန်ကုန်လက်ပန်းကျလာမှာ အမှန်ပါပဲ။Mid Layer မရှိရင် ချဲ့ ချင်တိုင်းချဲ့ ဖို့ ခက်ခဲလာပါလိမ့်မယ်။ မန်နေဂျာက ကိုယ်လောက်ကောင်းချင်မှတော့ ကောင်းမှာပါ။ သို့ ပေမယ့်လည်း ကိုယ်သည် အရာရာတိုင်းဝင်ပါလို့ မရဆိုတာကိုလည်း သိစေချင်ပါတယ်။

Potential ကောင်းကောင်းရှိရဲံသားနဲ့  micro management လုပ်လို့  တိုးတက်မလာတဲ့ အဖွဲ့ အစည်းတွေတွေ့ သလို မန်နေဂျာဒုက္ခပေးလို့  အဆင်မပြေဖြစ်တာတွေလည်း တွေ့ ရပါတယ်။

ကျွန်တော်ကတော့ မန်နေဂျာကောင်းကို မွေးမှသာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အောက်ကတော့ ကျွန်တော့်အမြင်သက်သက်ပါ။mid level မှာ ဒါတွေလိုတယ်လို့ ထင်ပါတယ်။

၁- အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိင်ခြင်း
၂- team နဲ့  ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နိင်ခြင်း
၃- လေ့လာလိုစိတ်ရှိခြင်း/ ပါးနပ်လိမ္မာခြင်း
၎- ရည်မှန်းချက်ရှိခြင်း
၅- မိမိတတ်ထားသမျှကို မျှဝေပေးလိုစိတ်ရှိခြင်း
တို့ ဖြစ်မယ်ထင်ပါတယ်။

ဘေးလူတယောက်အမြင်ပါ။ ဆရာကြီးတွေ ပိုသိပါလိမ့်မယ်။

Sunday, May 1, 2016

၃၂ ဒိုင်ယာရီ

အသက်လည်း ၃၂ ပြည့်တော့မယ်။ မြန်မာပြည်အနှံ့မရောက်ဘူးသေးဘူး။ သားနည်းနည်းကြီးရင်တော့ ခရီးထွက်ဦးမယ်။ ဘာပဲပြောပြောအဖော်ရတာပေါ့ ။ အကောင်းကြီးမဟုတ်ပေမယ့် ကားလည်း အသင့်အတင့်လေးဝယ်လိုက်တာလည်း အဲဒီအကြောင်းတွေပါတယ်။
ဒီအသက်မှာ သေချာတာတော့ ဘောလုံးသမားမဖြစ်နိင်တော့ဘူး ။ မော်ဒယ်ဘွိုင်းမဖြစ်နိင်လောက်တော့ဘူး ၊ တိုက်လေယာဉ်ပိုင့်လော့လည်းခက်သွားပြီ ရွေးချယ်စရာတွေ တဖြည်းဖြည်းနည်းလာပြီ။
အသက် ၃၂ မှာ ၂ ရည်မှန်းချက်တော့ အောင်မြင်ပြီလို့ ပြောလို့ ရတယ်
လုပ်ငန်းနစ်မျိုး
ကားနစ်စီး (တစီးကတော့ နောက်လမှ ပြန်ဝယ်မယ် အခုတပည့်ကို ပေးလိုက်ပြီ )
မိန်းမကို ကလေးလို့ တွက်ရင် ကလေးနစ်ယောက် colonthree emoticon
တိုက်ခန်းနစ်ခန်း (ကိုယ်ဝယ်တာတော့မဟုတ်ပါ)
အသက် ၃၃ မှာလည်း အနည်းဆုံး ၃ရည်မှန်းချက်ထားထားတယ်။ အချိန်ကတော့ သိပ်မရှိတော့သလိုခံစားရပါတယ်။EMBA ကျောင်းတက်ဖြစ်အောင်ကြိုးစားလုပ်မယ်။ ၃၅ဆို သိပ်မကောင်းတော့ဘူး စာမကျက်ချင်တော့ဘူး။ အခုတော့ အပင်ပန်းခံလိုက်ဦးမယ် ၄၀တော့ တော်တော်အခြေကျဖို့  မျှော်လင့်ပါတယ်။
၄၀မှာ အမွေရတာမဟုတ်ပဲ 
- ကားလေးစီး
- တိုက်ခန်းလေးခန်း (သို့ ) နစ်ခန်း + တိုက်
- ကလေးသုံးယောက် (မိန်းမယူပြီး မိုက်ပြီးတော့မှတော့ အဆုံးထိ ဆက်မိုက်တာပေါ့)
- လုပ်ငန်းအနည်းဆုံးလေးခုလောက်ကို ဦးဆောင်နိင်မယ်လို့  မျှော်လင့်ပါတယ်။ ရရင်ရ မရရင်ချပဲအေ။ အိပ်မက်ဆိုတာကြီးကြီးပဲ မက်ရမယ်လေ ပိုက်ဆံပေးရတာမှမဟုတ်တာ။ 
တရားစခန်းမ၀င်နိင်ရင်တောင် ပရဟိတကို ဒီထက်ပိုပြီး ပံပိုးနိင်မယ်လို့ မျှော်လင့်ပါတယ်။ ၆၀- ၇၀ ကျော်ရင်တော့ သေတော့မယ် ပျင်းပြီ သို့ မဟုတ် ကဲမယ်လေ ငိငိ။

ကုမ္ပဏီကြီးလား ကုမ္ပဏီသေးလား

ကုမ္ပဏီကြီးဆိုရင်လစာကောင်းတယ် ။ ပုံမှန်လေးတိုးတယ် ။ လူမူဖူလုံမူရှိတယ် ။ ဖယ်ရီရှိမယ်ဆိုတဲ့ အားသာချက်တွေရှိပါတယ်။
ကျွန်တော့်အမြင်တော့ အသက် ၂၂ နစ်အောက်ဆို ကုမ္ပဏီကြီးတွေမှာမလုပ်သင့်ဘူး။သူတို့ကလည်း experience ရှိမှစဉ်းစားမယ်လေ။ ပိုက်ဆံပေါတယ်။
၂၂နစ် ကျော်ရင် ဘာလုပ်ရမလဲကိုယ့်ဘာသာမေး အိမ်ကိုထောက်ပံရမယ်ဆို အကြီးမှာလုပ်ချင်လုပ် မဟုတ်ရင် ၂၅ ထိအသေးမှာလုပ်။
၂၅ကျော်ရင်စွန့်ဦးလုပ်ချင်ရင် စနိင်ပါပြီ။ နနစ်လောက်လုပ်ကြည့် မဖြစ်နိင်ရင် ဆက်ကြိုးစား သို့ ကုမ္ပဏီကြီးမှာလစာကောင်းအောင်လုပ်တော့။
ကျောင်းပြီးကာစမှာ အိမ်ကိုထောက်ပံစရာမလိုရင် ပိုက်ဆံမကြည့်စေချင်ပါ။ လုပ်ငန်းကြီးတော်တော်များများက အထည်ချုပ်လိုသွားပါတယ်။ ကိုယ်လုပ်ရတာတော့ သေချာ စနစ်တကျရမယ် ကျန်တာလုပ်ရဖို့နည်းတယ်။
ကျောင်းပြီးကာစမှာ ဆရာကောင်းရှာပါ။ ဘာပဲသင်မယ်လို့ ကိုယ့်ဘာသာမကန့်သတ်ထားပါနဲ့ ဂျက်မားလည်းပြောပြီးသား။ တပည့်တချို့က လစာကောင်းရင် သွားကြတယ် ။ သူများရရင်ရချင်တာကိုး။ စိတ်မခိုင်ကြဘူး။
Web , window , digital marketing , communication အကုန်လိုပါတယ်။ တချို့က Java မှ Java . Mobile မှ mobile.
ကျွန်တော်တို့ ကြိုက်တဲ့ နိင်ငံခြားကုမ္ပဏီမှာ အနည်းဆုံး ၃၅၀၀ရတယ် ။ အပေါ်ကဟာ အကုန်ရတယ်။ ကိုယ့်ဘာသာ မိုက်လို့သာလုပ်နေတာပါ။ အခုတော့ ဂရုစိုက်စရာမလိုတော့ပါ။ 
အစကတည်းက ကုမ္ပဏီကြီးဆိုရင် တခုပဲလုပ်ရတဲ့အတွက် ခေါင်းဆောင်နဲ့တော်တော်ကို မရင်းရင် မလွယ်တော့ဘူး။ အဆင့်ဆင့်ကများတာကိုး။
အိမ်ကိုမဖြစ်မနေထောက်ပံရရင် အကြီးကိုရွေး။ ကိုယ့်မှာ အိမ်မက်ကြီးကြီးရှိရင် ဆရာကောင်းရှိမယ့် အသေးကိုရွှေး။ တိုက်ရိုက်ထိတွေ့လို့ သင်လို့ရမယ်။
ကိုယ့်ဘာသာပြန်မေး ဘာဖြစ်ချင်လဲလို့။
**** အဆိုးဆုံးကတော့ ဂျပန်ကုမ္ပဏီတွေပဲ developer ဖြစ်ချင်တဲ့ သူတွေရဲ့ အိမ်မက်ကို စာစီစာရိုက်ဘဝပြောင်းပေးလိုက်တယ်လေ 😂💉💉💉💉🚑***
**** ဂျပန်လောက်အမျိုးချစ်တာ ဂျပန်ပဲရှိတယ်။ ၉၀% ဘယ်တော့မှာ ဂျပန်ကုမ္ပဏီမှာ ခေါင်းဆောင်မဖြစ်ဘူး အများဆုံး မြန်မာဝန်ထမ်းကို ပြန်ထိန်းခိုင်းတဲ့ အလုပ်သမားခေါင်းတော့ ဖြစ်လောက်တယ်။ lol အနောက်တိုင်းကုမ္ပဏီကမှ ဌာနေကိုယ်စားလှယ်ကလွဲရင် အကြီးဆုံးဖြစ်ဖို့ အခွင့်အရေးရှိသေးတယ်။ ****

အိုင်ဒီယာကို အခြေပြုတဲ့ လုပ်ငန်း

စာဖတ်ပါဆိုတော့ မဟုတ်တာတွေဖတ်တယ်။
ဆရာကောင်းတင်ပါဆိုတော့ လင်းသိုက်ညွန့် ဆီသွားတယ်။ WTF!
ကျောင်းပြီးကာစ ဘာမှမတတ်ခင် လစာက အစိုးရညွန်ချုပ်လောက်လိုချင်တယ်။
.
.
.
.
.
.
.
.
ပြဿနာက လေ့လာမူအားနည်းတာပဲ။ ကျွန်တော်တို့ ဆီမှာလည်းရှိတယ်။ ကြိုးစားတယ် တော်တယ် သို့ ပေမယ့် လေ့လာမူအရမ်းနည်းတယ်။
ဥပမာ - အိုင်ဒီယာကို အခြေပြုတဲ့ လုပ်ငန်းဆိုပါစို့  အမြင်ကအရေးကြီးတယ်။
ကောင်းမွန်တဲ့ အိုင်ဒီယာထွက်ချင်တယ် ဒီဇိုင်းသမားကောင်းကောင်းဖြစ်ချင်ရင် ပတ်ဝန်ကျင်လေ့လာရတယ် စာဖတ်ရတယ်။
ကြိုးစားတယ် သို့ ပေမယ့် ကိုယ်သိတာ 1-10 ဆိုရင် အဲဒီလိုပဲစဉ်းစာမှာပဲ 11 ကျော်တာတွေကို မသိနိင်တော့ဘူး။ 20 လောက်ထည့်ရမည့်အလုပ်ကို ဘယ်လိုလုပ်မှာတုန်း ။
အိုင်တီလုပ်ငန်းဟာ hardware မဟုတ်ဘူးဆိုရင် ညာဏကိုအခြေပြုတဲ့လုပ်ငန်း
လွယ်လွယ်လေ: ခင်ဗျား ဘယ်လောက်တော်တော် သိန်း၁၀၀ ပေးပြီးအလုပ်အပ်မလားဆိုတာ စဉ်းစားလေ ။ 
ခင်ဗျားမှာအနည်းဆုံး သိန်း ၅၀ လုပ်ဖူးတဲ့အတွေ့ အကြုံပြဖို့ လိုတယ်။ နာမည်ပျက်မရှိတဲ့ အလုပ်ကို အကောင်းဆုံး delivery လုပ်ခဲ့တဲ့အတွေ့ အကြုံလိုတယ်။ ခင်ဗျားကို ခင်ဗျားသိပ်တော်တယ်ပြော လုပ်မပြဘူးရင် ဘယ်သူမှမယုံဘူး။
ကျွန်တော်ရုံးကိုအမြဲပြောတယ် Client နဲ့ တည့်အောင်ပေါင်းပါ။ သူဘာဖြစ်ချင်လည်းမေးပါ။ Personal Feeling နဲ့  trust က အရင်နောက်မှ result ဖြစ်တာပါ။ ကိုယ့်ဘာသာ အကြားအမြင်ရပုဂ္ဂိုလ်လို့  သတ်မှတ်နေကြတယ်။ 
IT product တခုဟာ hardware မဟုတ်ရင် ကိုင်တွယ်လို့ မရဘူး ။ ဘယ်လိုပြမလဲ ဘယ်သူကယုံမှာလဲ ။ ပထမမှာတော့ client ကလည်း personal feeling ကိုပဲအခြေပြုပြီင်္းအလုပ်အပ်တာပါ။ အနည်းဆုံး သေချာလုပ်ပေးမယ်လို့  မျှော်လင့်မှာပဲ။ မိတ်ဆွေဖွဲ့ ပါ။ ဆိုက်ကားဆရာတွေကိုပြောတာမဟုတ်ဘူး ကိုယ့်ကိုအလုပ်ပေးနိင်တဲ့ အသိုင်းအ၀ိုင်းထဲကကိုပြောတာ။
အောက်ပါအချက်တွေမပြည့်စုံဘူးဆိုရင် အသက်ကြီးပြီးသေသွားတာပဲရှိမယ်။ ၀န်ထမ်းဘ၀မှာပဲ ဒစ်လည်နေမှာပဲ။ အနည်းဆုံးတော့ ၃၀ မှာ management level ရောက်အောက်လုပ်စေချင်ပါတယ်။
- အသစ်အသစ်တွေမလေ့လာဘူး
- လိုအပ်တဲ့မိတ်ဆွေမဖွဲ့ ဘူး
- ကိုယ်နဲ့ ဆိုင်တဲ့အသိုင်းအ၀န်းမှာမနေဘူး။
- လတ်တလောပိုက်ဆံပဲလိုချင်တယ် ဘယ်အချိန်ဘာဖြစ်ရမလဲဆိုတဲ့ goal မရှိဘူး
- မကြိုးစားဘူး ၊ ကြိုးစားတယ် အမြင်ရှိအောင်မလေ့လာဘူး။
- အိမ်မက်မမက်ဘူး ။ ပိုက်ဆံလည်းပေးရတာမဟုတ်ဘူး အိမ်မက်ကြီးကြီးမက်စမ်းပါ။
- complain အရင်ဆုံးတက်တယ်။
- ခေါင်းမာတယ်။ မကျေနပ်ရင် ဖျင်ချသွား မညင်းနဲ့ ဆိုတဲ့သူတွေ
- တပည့်မမွေးဘူး မသင်ပေးဘူး အနစ်နာမခံဘူး ကိုယ်ပဲနာမည်ခံချင်တယ်။
နောင်ဆယ်နစ် ဘာမှမဖြစ်ဘူး ။ မမျှော်လင့်နဲ့ ။

Monday, March 21, 2016

ပြီးခဲ့တဲ့ နစ်တွေမှာ ပြောင်းလဲခဲ့တာတွေ အကြောင်းပြောပြချင်ပါတယ်။

တခုကတော့ technology တစ်ခုနဲ့ ရပ်တည်တာတွေ ရပ်ပစ်လိုက်တာပါပဲ ။ ဥပမာ .net , php , android , iOS ဆိုတောထက် ဘယ်အရာကို ဘာနဲ့  အသက်သာဆုံး အကျိုးရှိဆုံးလဲ။ ဖြစ်နိင်ရင် ကိုယ်ဘာမှ မလုပ်ရပဲ သို့  effort နည်းနည်းနဲ့  ပြီးသွားတာမျိုးပါ။

ပရိုတစ်ယောက်အနေနဲ့  ရပ်တည်တာကို လုံးဝကိုရပ်ပစ်လိုက်တာပါ။ အရင်တုနုးကတော့ ကံကောင်းရင် မြိုးမြိုးမြက်မြက်ရမယ်။ သို့ ပေမယ့် ဘယ်တော့မှ လောက်တယ်ဆိုတာမရှိပါဘူး။

ဘာကြောင့်လည်းဆိုတော့
စာဖတ်ဖို့ အလုပ်မလုပ်ရတဲ့လတွေရှိမယ်။ လိုအပ်ချက်တွေရှိမယ် ဥပမာ ကား , ဖုန်း , ကွန်ပြူတာတွေပါ။ ဘယ်တော့မှ ဖြည့်လိုလည်းမဆုံးပါဘူး။ စာသင်ရင် ပိုက်ဆံရမယ် သို့ ပေမယ့် စာသင်တဲ့အတွက် လူမူရေးတွေ ပျက်သွားသလို အချိန်လည်းအရမ်းကို ကုန်ပါတယ်။ အသစ်လည်း လေ့လာဖို့  အချိန်မလောက်တာပါ။

ကျွန်တော် သင်္ချာတွက်ကြည့်တယ်။ တလ ၁၀ သိန်းစုရင်တောင် ခြံနဲ့ အိမ်တလုံးအတွက် အနစ် ၁၀၀ စုရပါလိမ့်မယ်။ အလုပ်သဘောအရလည်း မသုံးရင် ဘာမှကိုဖြစ်မလာတာပါ။

အမိုက်ဆုံးလုပ်ခဲ့တာကတော့ ကိုယ်ရဲ့နာမည်ကို ဖျောက်ပလိုက်ပြီး Organization နာမည်ကို ရှေ့တင်လိုက်တာပါ။ ပထမ နနစ်မှာတော့ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ကုမ္ပဏီက ထောင်ခါစ ဘယ်သူမှလည်းမသိသလို အရင်တုန်းက ကိုယ့်နာမည်နဲ့  ၀င်သမျှ အားလုံးရပ်ကုန်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရင် ကိုယ့်ရဲ့ Vision ကို ကိုယ်တပည့်အရင်းတွေတောင် မယုံပါဘူး။ ထွက်ကုန်တဲ့သူတွေ အများကြီးဖြစ်သလို ၀င်ငွေမရှိတဲ့လတွေမှာ သိပ်ကို ခက်ခဲပါတယ်။

နောက်ပြီး ကျွန်တော်ဘယ်လုပ်ငန်း ဘာလုပ်တယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းလည်း မပြုပါဘူး ။ အောင်မြင်တယ်ပြောရမလားပဲ နောက်ပိုင်းလူတွေဆို ဘယ်သူဆိုတာ မသိကြတော့ပါဘူး။

ကိုယ်ကို သိကောင်းသိမယ် ။ လုပ်ငန်းနာမည်ကို ကြားဖူးမယ်ဆိုရင်တောင် ရင်းနီးတဲ့ သူကလွဲရင် ဘယ်သူမှ မတွဲမိတာလည်း သိပ်ကို ကောင်းပါတယ်။ လူတွေကို သိစေချင်တာပေးသိပြီး မသိစေချင်တာ မသိရင် သိပ်ကို အန္တာရယ်ကင်းပါတယ်။

risk များပေမယ့် လုပ်ခဲ့လိုအကျိုးခံစားရတာ နောက်တခုကလည်း လုပ်ငန်းကို ကိုယ့်မရှိလည်း run အောင် ကျိုးစားခဲ့တာလည်းပါပါလိမ့်မယ်။ တပည့်မွေးရတာ သိပ်ကို ကြောက်ရပါတယ်။ အထူးသဖြင့် Service Industry မှာပါ။ သေချာ train ပေးထားတဲ့ staff တယောက်ဟာ connection အားလုံးကို ယူသွားနိင်ပါတယ်။ သို့ ပေမယ့် ဘာမှဖြစ်မလာတာထက်စာရင် ရှိနေတုန်းအကောင်းဆုံးသုံးမယ် ၊ ပေးလိုက်မယ်လို့  ဆုံးဖြတ်ခဲ့တာလည်းပါမယ်ထင်ပါတယ်။

အခုအောင်မြင်လို့ ပြောတာလည်းမဟုတ်ပါ။ ကားတစီးကနေ နစ်စီး ၊ သုံးစီးလိုချင်သလို တိုက်ခန်း တစ်ခု ၊ နစ်ခုကနေ သုံးလေးခု လိုချင်တာပါပဲ။ အကြွေးဆိုတာလည်း ပိုပိုတင်လာသလို့  လုပ်ငန်းဆိုတာလည်း ပိုပြီးလည်လာတာပါပဲ ။ ကံကောင်းတာရှိသလို ကံဆိုးတာလည်း အများကြီးပါပဲ ။

Monday, December 28, 2015

ကျွန်တော်နှင့် HR
+++++++++++++++++++++++++++

လူနည်းနည်းများလာတာ့ အဓိက ပြဿနာက HR ဖြစ်လာပါတယ်။ လိုတာတော့ finance လည်းလိုတာပါ။ 
- ၀န်ထမ်းတွေကို ထိုက်ထိုက်တန်တန်ရစေဖို့ 
- မျှော်လင့်ချက်ရှိစေဖို့ 
- ဘောနက်စ်ကိုလည်း သတ်မှတ်ဖို့ 
- ၀င်ငွေကိုလည်း များအောင်ချန်ဖို့ 
- ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးဖို့ 
အရေးကြီးလာပါတယ်။ ပိုက်ဆံပိုပေးရင် motivation တတ်တယ်ဆိုတာကလည်း အမြဲတော့မဟုတ်ပါဘူး။ လူတိုင်းကလည်း unlimted cash နဲ့  run နေတာမှ မဟုတ်တာ။
အရင်တုန်းကတော့ ကိုယ့်တပည့်အရင်း လေးငါးယောက်နဲ့ ဆိုတော့ သိပ်တော့ ပြဿနာမရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လွတ်လပ်တာကြိုက်ပါတယ်။ ကြိုက်တဲ့အချိန်လာ အလုပ်ပြီးရင် ပြီးကော ပြောလို့ အဆင်ပြေပါတယ်။
အများနဲ့ ဖြစ်လာတော့ တချို့  ကိစ္စတွေမှာ communication လွဲတာတွေ ဖြစ်လာပါတယ်။ အချိန်နဲ့  အုပ်စုနဲ့  လုပ်ရတဲ့ ကိစ္စတွေမှာ လူစုံဖို့ လိုလာပါတယ်။ လူမစုံတော့ ပြန်ပြန်ရှင်းနေရတာနဲ့  သိပ်ကို ခက်ပါတယ်။
ကျွန်တော်ကတော့ ဒဏ်ပေးတဲ့စနစ်ကို လုံးဝကို မကြိုက်ပါဘူး ။ သို့ ပေမယ့် ပုံမှန်လုပ်တဲ့သူအတွက်လည်း မျှတဖို့ လည်း လိုအပ်မယ်ထင်ပါတယ်။ 
နောက်တခုက တက်လမ်းတော့ ပေးထားမှ ရမယ်ထင်ပါတယ်။ ဘယ်လောက်လုပ်ပြီးရင် ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ပြီး သိဖို့ လိုအပ်ပါလိမ့်မယ်။ ခွင့် သတ်မှတ်ပေးရမယ် ၊ ဆုကြေးပေးရမယ်။
ကိုယ်အတွက်လည်း ကျန်အောင်လုပ်ရမယ် ။ အဲတာမှ ရေရှည်ရပ်တည်နိင်မှာကိုး။ 
အကြံပေးလိုတာကတော့ အိုင်တီသမားတွေ အနေနဲ့ တချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြရင်။ HR, Accountion/Finace ကို လည်း တီးမိခေါက်မိဖို့ လို ပါလိမ့်မယ်။ 
လိုအပ်ချက်တွေကတော့ တနေ့ တခြား ပိုပိုများလာလေပါပဲ။ HR ကတော့ မကျွမ်းကျင်တဲ့အတွက် ပညာရှင်ပဲ အနည်းဆုံး အချိန်ပိုင်း ခေါ်လိုက်တာ ကောင်းမယ်ထင်ပါတယ်။ 
လူရယ်လို့ ဖြစ်လာမှတော့ မကြောက်တော့ပါဘူး။
special thanks to Ko Jack Chen
လိပ်ကျွန်း လူသတ်မူနှင့် ပါတ်သက်၍


ထိုင်းကိုသာ တတ်သိမ်းမယ်ပြောတာ ထိုင်းက မြန်မာပြည်ဈေးကွက်ကို သိမ်းပြီးပြီ
- သွားတိုက်ဆေး
- အားပြည့်အချိုရည်
- ဆပ်ပြာ
- ကလေးစားတဲ့မုန့် 
- ထိုင်းမှာအောက်ခြေအလုပ်လုပ်နေရတဲ့ လူသန်းကျော်
- ဆေးကုတာပါ ထည့်တွက်လို့ လည်းရမယ်ထင်ပါတယ်။
မြန်မာကလေး နှစ်ယောက်ကိစ္စရဲ့ အကြောင်းအရင်းက တိုင်းပြည်က စီးပွားရေး၊ အလုပ်အကိုင်အခွင့်အရေး စတာတွေအားနည်းလို့ အလုပ်အပြင်ထွက်လို့ ဖြစ်တာလည်းသိစေချင်ပါတယ်။
နောက်ပြီး မျိုးချစ်စိတ်က မြန်မာပြည်သားမှာတင် ရှိတာလည်းမဟုတ်တာကို သိစေချင်ပါတယ်။ 
တိုင်းပြည်က ဒီမိုကရေစီရသေးတယ်လို့ ကို မဆိုနိင်သေးပါ။ စစ်ဖြစ်ရင် မိဘမဲ့ကလေးတွေ ၊ ရောဂ်ါတွေ ၊ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိပါသေးတယ်။
ထိုင်းနိင်ငံသားအများစု ကိုယ်တိုင်ကလည်း တော်တော်လေးကို ရှက်နေတဲ့ ပုံစံပါပဲ။ ဆဲတာလည်းမတွေ့ မိသလို သူတို့ ကိုယ်တိုင်ကလည်း မတရားခံရတဲ့ ကလေးနှစ်ယောက်ဖက်က ကာကွယ်ပြောနေတာကိုလည်း တွေ့ ရမှာပါ။
မြန်မာတွေက ထိုင်းတွေကို ငယ်နိင်လို့ ထင်ကြသလို ၊ ထိုင်းတွေကလည်း မြန်မာတွေက အောက်ခြေအလုပ်သမား နိမ့်ကျတဲ့ လူမျိုးတွေအဖြစ်ထင်ကြပါတယ်။
Diplomatic နည်းလမ်းနဲ့ ဖြေရှင်းရမယ့်ကိစ္စပါ။ တိုင်းပြည်က ပညာရေး ၊ စီးပွားရေးနောက်ကျနေတာကို ရှင်းနိင်ရင် နောင်လိပ်ကျွန်းပြဿနာကို ကာကွယ်နိင်ပါလိမ့်မယ်။ ဒီမိုကရေစီရတယ်လို့ ပြောမရသေးပါဘူး ချောက်ထဲကို အွန်လိုင်းက အာဘောင်အာရင်းသန်သန်တွန်းချနေကြတာ မြင်မကောင်းဘူး 
တတ်သလောက် မှတ်သလောက် Financial Education
-------------------------------------------------------------------
ချမ်းသာချင်ရင် Financial Education တတ်ဖို့ လိုပါလိမ့်မယ်။ အဲတာက ကျောင်းမှာ သင်မပေးပါဘူး ။ ကျောင်းတွေက အလုပ်သမားကောင်းတွေကို ပဲလေ့ကျင့်ပေးတာများပါတယ်။ အခုတော့ တချို့  course တွေမှာ ထည့်သွင်းလာတာကို တွေ့ နေရပါပြီ။
သူဌေးတွေက Product/Service ကိုရောင်းပါတယ်။အလုပ်သမားတွေက ကျွမ်းကျင်မူရယ် ၊ အချိန်ရယ်ကို ရောင်းပါတယ်။
မောင်မောင်က Senior Manager တလ ၁၀သိန်းရတယ် ။ သူရဲ့ Source of Income က လုပ်ငန်းဆီကပါ။ လုပ်ငန်းရှင် ဦးမြက သူ့ ရဲ့ Product ကို ရောင်းပါတယ်။ ဥပမာ ဆီးထုပ် တထုပ်ကို ၁၀၀ နဲ့ ရောင်းရင် ၁၀ကျပ် မြတ်ဆိုပါဆို့ ။
မောင်မောင်ရဲ့ ၀င်ငွေရတဲ့ နေရာက တခုပဲရှိပါတယ်။ ဦးမြကတော့ သူ့ ရဲ့ စားသုံးသူအရည်အတွက်အလိုက်ရပါတယ်။
လူ ၁၀၀ x အမြတ် ၁၀ ကျပ် = ၁ထောင်ရပါမယ်။
လူ တစ်ထောင် = တသောင်းကျပ်
လူ တစ်သောင်း = တသိန်းကျပ်
လူတသိန်း = ဆယ်သိန်းကျပ် ရပါလိမ့်မယ်။
မြန်မာပြည်မှာ ဆီးထုပ်စားတဲ့လူ သန်းချီရှိပါလိမ့်မယ်။ အဲ့ထဲ့က လူတသိန်း ၀ယ်စားရင် ဦးမြ တနေ့ ကို ဆယ်သိန်းရပါလိမ့်မယ်။ ဦးမြရဲ့ ၀င်ငွေက အတိအကျမရှိပါဘူး။ ဘယ်လို့ လည်းဆိုတော့ ဘယ်နှစ်ယောက်စားမယ် ပြောလို့ မရလို့ ပါ။ မောင်မောင်ရဲ့ ၀င်ငွေက အတိအကျလကုန်ရင်ရပါလိမ့်မယ်။မောင်မောင်ရဲ့ လစာတိုးမူက ရာထူး ၊ ဘောနက်စ်ပေါ်မူတည်ပြီ။ ဦးမြက စားသုံးသူပေါ်မူတည်ပါတယ်။
မောင်မောင်က လစာပိုပေးတဲ့နေရာကို သွားလို့ ရပါတယ်။ ဦးမြအဖိုမှာတော့မလွယ်ပါ။ ဦးမြမှာ အားသာချက်တွေရှိပါတယ် သူကတော့ ကန့် သတ်မထားတဲ့ စားသုံးသူအရေအတွက်ပါ။ 
ဦးမြမှာ ကုန်ကျစရာတွေလည်းရှိပါတယ်။
-လစာပေးရတာ
-ဖြန့် ချီမူ
-ထုပ်ပိုးမူ
-အခွန်
-လက်လီသမားအတွက် အမြတ်ချန်ခြင်းအစရှိတာတွေပါ။
ဦးမြရဲံ ပြဿနာတွေကတော့
-ကုန်ကြမ်းရနိင်မူ
-ကျွမ်းကျင်အလုပ်သမားရှားပါမူ
-မားကတ်တင်း
-HR စတာတွေဖြစ်ပါတယ်။
ကျွန်တော်တို့  ငယ်ငယ်တုန်းက ပြောတဲ့ taxi မောင်းတဲ့သူက ဘွဲ့ ရထက်ပိုရတဲ့ ပြဿနာကို စဉ်းစားမိမယ်ထင်ပါတယ်။ ဘွဲ့ ရက ၀င်ငွေ ပေးမယ့်သူ တယောက်ရှိပြီး တိုင်းပြည် အခြေအနေ နဲ့  ပါတ်သက်ပါတယ်။ Taxi ဆရာကတော့ မောင်းနိင်သလောက်ရပါလိမ့်မယ်။ Taxi ဆရာမှာ ကန့် သတ်ချက်တော့ရှိပါတယ်။ အချိန်နဲ့  လုပ်နိင်တဲ့ ablility ပါ။ မောင်မောင်မှာလည်းရှိပါတယ်။
ဦးမြမှာတော့ management သာဖြစ်တဲ့အတွက် လူလိုရင် ငှားလို့ ရပြီး ၊ ပစွည်းလည်းကောင်း ၊မားကတ်တင်းကောင်း ၊ ဈေးကွက် demand လည်းရှိရင် တတ်သွားပါလိမ့်မယ်။ လက်လုပ်လက်စားဘ၀နဲ့ တော့ ချမ်းသာဖို့ မလွယ်ပါ။ financial education ကို နားလည်ဖို့ လိုပါလိမ့်မယ်။ လူတိုင်းက ၁၀၀ ကျပ်ပေးဖို့  လွယ်ကူပြီး ၁၀သိန်းကျပ်ကတော့ လုပ်ငန်းရှင်တွေကပဲ ပေးနိင်ပါလိမ့်မယ်။ လူတိုင်းကိုရောင်းလို့ ရပေမယ်။ အလုပ်ကတော့ တခုထပ်ပိုပြီးလုပ်ကိုင်လို့ မရပါ။ 
အဲတာကြောင့် နိင်ငံခြားမှာ အလုပ်အကြာကြီးလုပ်သူတွေက ချမ်းသာတာထက် ကိုယ်ပိုင်လုပ်ငန်းရှင်က ချမ်းသာဖို့ အခွင့်အလမ်းရှိပါတယ်။
လုပ်ငန်းတခုအောင်မြင်ဖို့ ကတော့ ၁၀% သာ ရှိပြီး ၊ အလုပ်ရဖို့ ကတော့ ၉၀% ရှိပါလိမ့်မယ်။

Friday, November 20, 2015

တန်ဖိုးနည်းတဲ့ ကားတစီးနဲ့  ကျော့ကို ဂုဏ်ယူစွာတင်ခွင့်ပြုပါ။ ဒါကျွန်တော့်ရဲ့ ဒုတိယမြောက်ကားပါ။ ဘာမှ အဖိုးမကြီးပါဘူး။

သို့ ပေမယ့် ၂၀၁၅ မတ်လမှာ 
- လူနစ်ယောက်ပဲ ကျန်တော့တဲ့ Software Team ၊
- လက်ကျန် ငွေ ၁၅,၀၀၀ကျပ်
- အကြွေး သိန်း ၃၀ ၊
- မိန်းမက ကိုယ်ဝန် ၈လ ဆေးရုံတတ်ဖို့  ပိုက်ဆံမကမလောက်
ယခု ၂၀၁၅ ၊ နိဝင်ဘာမှာ (၈လအတွင်းမှာ)
- လူ ၁၅ ယောက်ရှိတဲ့ကုမ္ပဏီ
- ကလေးအတွက် ကျယ်ပြန်တဲ့တိုက်ခန်းလည်း ငှားနိင်ပြီး။ အကောင်းစားနို့ မူန့် လည်းတိုက်နိင်ပါပြီ။
- အကြွေးမရှိသလောက်
- အိမ်က ထောက်ပံ္ပငွေ 0 ကျပ်
- တတိယကားမှာယူရန်အသင့် ဖြစ်တဲ့အတွက် ဂုဏ်ယူတာပါ။ 
တန်ဖိုးမများပေးမယ့် ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်တခုပါပဲ ။ ပထမကားလို ကြီးတော်ဖြစ်သူက တ၀က်လည်း စိုက်ပေးမယ့်သူမရှိပါဘူး။ 
ကျွန်တော် အများကြီးပြောင်းလဲခဲ့ရပါတယ်။
- Business အပေါ်အမြင်
- လူတွေအပေါ်အမြင်
- လုပ်ငန်းပေါ်အမြင်
- marketing အမြင်
ဘာမှဖြစ်ထွန်းတယ် ပြောမရသေးပေမယ့် ဂုဏ်ယူပါတယ်။အောက်ပါအချက်တွေအတွက် ကျေးဇူးတင်ထိုက်သူတွေပါ။
- ကျွန်တော့်ကို စောင့်ရှောက် ယုံယုံကြည်ကြည် အလုပ်အပ်ခဲ့တဲ့ မိတ်ဆွေများ
- ကျွန်တော်ကို တွန်းအားအများကြီးပေးခဲ့တဲ့ ကျွန်တော်ရဲ့သား
- အကြံညဏ်ပေးခဲ့တဲ့အမေတို့ ပါ။ 
ကြိုးစားယုံကြည်ခဲ့ကြတဲ့ မိသားစုနဲ့  လုပ်ဖော်ကိုင်ဖက်(၀န်ထမ်းလို့ မသုံးပါ) အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
OSX တင်ပေး Copy Software တခုမှမထဲ့နဲ့ ။ ICE က Technician က ဂြိုလ်သားတကောင်လို ကျွန်တော့်ကို ကြည့်သွားပါတယ်။


ဖြစ်တာကတော့ HDD boot မတတ်တော့တာနဲ့  Solid State နဲ့ လဲသွားလဲတာပါ။ Mac သုံးဖြစ်တာလည်း Virus တွေကြောင့်နဲ့  Copy Right Software တွေကြောင့်ပါ။ App Store ကတော့ လွယ်လွယ်ကူကူဝယ်လို့ ရပါတယ်။
Piracy Free ဖြစ်ပြီလာဆိုတော့ မဖြစ်သေးပါဘူး။ Photoshop ကိုတော့ သုံးနေရဆဲပါ။ ဂိမ်းတွေလည်း အခုနောက်ပိုင်းဝယ်ဖြစ်တယ်ဆိုပေမယ့် အားလုံးတော့မဟုတ်သေးပါဘူး။

လွန်ခဲ့တဲ့ ငါးနစ်လောက်က ကျွန်တော့်ရဲ့ ဂိမ်းခွေဆိုင်လေးကို ပိတ်မယ်ဆိုတော့ အမေက ဆက်လုပ် ပိုက်ဆံထပ်ထုတ်ပေးမယ်လို့ ပြောပါတယ်။ သူကတော့ စီးပွားရေးဆက်လုပ်စေချင်တာပါ။ 

ကျွန်တော်ပြောပြပါတယ်။ အမေ သူများဟာတွေ ကူးပြီးရောင်းနေရတာ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရတယ်လို့ ။ ကျွန်တော်နေ့ တိုင်း စိတ်မချမ်းသာပါဘူး။ 

ဂိမ်းရောင်းတဲ့သူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့ လည်း ဒီက လိုအပ်ချက်ကို ဖြစ်တဲ့နည်းနဲ့  ဖြည့်ပေးနေရတာပါ။ အဲလိုမှမဟုတ်လည်းမ၀ယ်နိင်ကြတာ။

လောလောဆယ်တော့ Phone တွေကို root မထားပါဘူး။ Jail မထားပါဘူး။ Pirate Software တခုမှမရှိပါဘူး။ Developer တယောက်အနေနဲ့  ကိုယ်တတ်နိင်သလောက် စံနမူနာ ပြရမယ်ထင်လို့ ပါ။ ခြောက်ပြစ်ကင်း သဲလဲစင်တော့မဟုတ်ရပါ။

ဘာမှ မဟုတ်ပါဘူး ဟိုနေ့ က ညီလေးတယောက် ဂိမ်းဆိုင်ကို သတိရတယ်ဆိုပြီး ဖုန်းဆက်လို့  အတိတ်ကအကြောင်းတွေ ပြန်ရေးလိုက်တာပါ။

Friday, November 6, 2015

လောလောဆယ်ဖြစ်နေတဲ့ ပြဿနာကတော့ အမြတ်မာဂျင်ပဲ ။


ဒီနစ် မတ်လက ကိုယ်နဲ့  ကိုယ့်တပည့်အရင်းနစ်ယောက်ပဲ ကျန်ရာကနေ လုပ်မဟဲ့ဆိုပြီး အားတင်းလုပ်လိုက်တာ အခုတော့ ၀န်ထမ်း ၁၅ ယောက်အထိတော့ဖြစ်လာပြီ။ နစ်ကုန်ရင် ၂၅ ယောက်လောက်ထိ ၊ နောက်နစ်ကို ၁၀၀ အထိတော့ ရည်မှန်းချက်ကြီးကြီးတော့ထားတာပဲ ။
ဝင်ငွေတွေလည်း တိုးလာပါရဲ့ ထွက်ငွေတွေလည်း ကပ်ပါလိုက်လာရော။
ကိုယ်က Service ပဲလုပ်လာတော့ Service ပဲ အဆင်ပြေတယ် ဆိုရပါမယ် ။ Service ရဲ့ပြဿနာက လိုအပ်ချက် သိပ်ကိုများတာပါ။ အမြတ်က ၂၀% ဆိုရင်တော်တော်ကောင်းမယ့်လုပ်ငန်းဖြစ်နေပါပြီ။
အောင်မြင်ဖို့ ဆိုရင်တော့ လမ်းတခုပဲရှိတော့တယ်။ အဲတာက product တခုခုကို ဇောက်ချလုပ်မှဖြစ်မယ်ထင်ပါတယ်။ ကိုယ်က အဲ့အပိုင်းကို လုံးဝကို မကျွမ်းကျင်တာ။
ကျွန်တော်တို့ က စကတည်းက မိဘက ရော့အင့်ဆိုပြီး ငွေအလုံးအရင်းနဲ့ ချပေးတာလည်းမဟုတ်တော့ Service ကပဲ တက်လာတဲ့လူတွေပါ။ သူများအလုပ်လုပ်ပေးပဲတက်ပါတယ်။
ကျွန်တော့်ရဲ့ ၂၀၁၆ Vision ကတော့
------------------------------------------------------------------------
၁။ အလုပ်အတွက် လုံးဝကို လက်လွဲဆောင်ရွက်နိင်တဲ့ မန်နေဂျာတွေ ရှာဖွေဖို့ 
၂။ မဖြစ်ဖြစ်တဲ့နည်းနဲ့  Product တစ်ခု/နစ်ခုကို အောင်မြင်အောင်လုပ်ဖို့ 
၃။ တော်တဲ့သူတွေကို စည်းရုံးနိင်ဖို့ ပါပဲ။
၎။ လခပေးနိင်ဖို့  လောက်အောင်ရှာဖို့ လည်း လိုမှာပေါ့နော်။
၅။ ၀င်ငွေနည်းပါးတဲ့ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ။ လုပ်ငန်းအသစ်တွေ တိုးရှာဖို့ ။
အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ Vision ကို လုံးဝကို ယုံကြည်ပြီး တကယ်အလုပ်လုပ်တဲ့ တော်တဲ့သူတွေရဖို့  ဖြစ်လိမ့်မယ်ထင်ပါတယ်။
Industry မှာ Production နဲ့ ပဲ ပေးရပါတယ်။ တချို့ က ဘယ်လောက်ပေးရမယ်သာ တောင်းတာ ဘာလုပ်ပေးနိင်သလဲဆိုတာကို သေချာ မပြောပြရင် အဆင်မပြေပါဘူး ။
၂၀၁၅အစပိုင်းနဲ့  ၂၀၁၅ အကုန်ရဲ့ ကွာခြားချက်ကတော့ ငွေမရှိလည်း လုပ်လို့ ရတယ် ဆိုတာကို တွေ့ ရှိသွားတာဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ သူများကို စေသနာ သန့်သန့် နဲ့ ကူညီရင် ကိုယ်လည်း အဆင်ပြေတယ်ဆိုတာပါ။

Thursday, May 14, 2015

ခေတ်သစ် ဟသာင်္ကိုးသောင်း

ဒီနေ့ ကတော့ MCF မှာ အစည်းအဝေးလုပ်ကြရင်နဲ့  ပရောဂျက်တခုကို ဘယ်လို ပိုက်ဆံယူမလဲဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးကြပါတယ်။သိပ်ကို ကောင်းပါတယ်။ စံချိန်စံညွန်းတခုကို MCF လိုမျိုးက ထုတ်ပြန်ပေးရင် သိပ်ကို ကောင်းမှာပါ။

အဲတာနဲ့  ဆက်စပ်ပြီးတော့ လွန်ခဲ့တဲ့ ရှစ်လဆက်တိုက် ကျွန်တော်ကြုံခဲ့ရတဲ့ ပြသနာကိုလည်း ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်လဆက်တိုက်ဆိုသလို ကျွန်တော့်ရဲ့ ဆောဝဲလ်လုပ်ငန်းလေးမှာ ၀င်ငွေ သုညနီးပါပဲ ရှိပါတယ်။ ကံကောင်းတာက training အဆင်ပြေတဲ့အတွက် team ကို ဆက်ပြီး ပံပိုးထားနိင်ပါတယ်။ သို့ ပေမယ့် ကျွန်တော်တယောက်တည်း ရုံးနေသလိုပဲဖြစ်ခဲ့တာပါ။

ကျွန်တော့်အရင်ယူဆချက်ကတော့ ကိုယ့်ဆီမှာ လူနည်းတဲ့အတွက် Quality Game ကိုပဲဆော့ခဲ့ပါတယ်။ နည်းနည်းများများတောင်ပြီး ကောင်းကောင်းသေချာလုပ်ပေးတဲ့ပုံစံပါ။နောက်ပြီးကျွန်တော်အနေနဲ့  ပမာဏတခုအောက် ဥပမာ ဆယ်သိန်းအောက်ဆို လက်မခံပါဘူး။ နောက်တတ်လာမယ့် ကလေးတွေအတွက် တမင်ကို ချန်ထားပေးပါတယ်။

နနစ်လောက်အဆင်ပြေခဲ့ပြီး ရုတ်တရက် မရှိသလောက် ထိုးကျသွားတော့ လူလည်း တော်တော်ညစ်သွားတယ်ဆိုရမှာပါ။ အဲတာနဲ့  နေတိုင်းဖြည်းဖြည်းအေးဆေးတွေးကြည့်တော့ အကြောင်းအရာ နစ်ခုကို တွေ့ ပါတယ်။ အဲတာကတော့ နိင်ငံခြားကုမ္ပဏီအသစ်တွေနဲ့  ဈေးကွက်ကို ပိုက်ဆံအလုံးအရင်းနဲ့  ၀င်လာတဲ့ လူတွေကြောင့်ဆိုတာတွေ့ ပါတယ်။

Quality Game ဆော့တဲ့နေရာမှာ ပြသနာတော်တော်ရှိပါတယ်။ အရေးကြီးဆုံးကတော့ လူပါ။ Developer ကောင်းတယောက်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ အိပ်စိုက် training လုပ်ပေးမှဖြစ်တာပါ။ ဂျပန်ကုမ္ပဏီတွေလည်းပေါ်လာရော အလျိုလျီုထွက်သွားကြတာပါပဲ။အပြစ်တော့ပြောလို့ မရပါ သူတို့ တတ်လမ်းကိုး။ နောက်တခုက replaceable မဖြစ်တာပါ။ လူတွေကို တယောက်ထွက်ရင် ပြောင်းဖို့ သိပ်ကိုခက်သွားပါတယ်။
နောက်ပြီးဈေးကွက်ထဲမှာ ကျွန်တော်တို့ အနည်းဆုံး ဆယ်သိန်းကနေ ငါးသိန်းအနည်းဆုံးယူမယ့် ၀က်ဘ်ဆိုက်တခုကို နစ်သိန်းလောက်နဲ့ ကုမ္ပဏီထောင်ပြီးဆော်နေတာပါ။ မကောင်းတာတော့ နောက်တပိုင်း လောလောဆယ်တော့ အကုန်သိမ်းသွားပါတယ်။

ကျွန်တော် ရှစ်လတိတိခေါင်းကို ပူထူနေအောင်စဉ်းစားပြီး ဆုံးဖြတ်ချက်တခုချလိုက်ရပါတယ်။အဲတာကတော့ ကျွန်တော်လည်း Quality အစား Quantity Game ဆော့ပြီး Quality ရအောင် တင်မယ်ဆိုတာပါ။ ကျွန်တော် အလုပ်အားလုံးရပ်ပြီး အစည်းအဝေးတွေ ၊ event တွေ ပဲ တတ်ပါတော့တယ်။ Marketing ကို လည်း တလသုံးသိန်းမဖြစ်မနေသုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော့်အနေနဲ့ တခါတလေတော့လည်း အပြစ်ရှိသလိုခံစားရပါတယ်။ အရင်တုန်းက နောက်ပေါက်တွေအတွက် ကြီးပါစေဆိုပြီး အသေးစားတွေကို အမြဲချန်ပေးပါတယ်။ ယှဉ်ပြိုင်မူ့အရ ၅ဆနီးပါး အထိလျှော့ချလိုက်ရပါတယ်။ အကျိုးရလာဘ်ကတော့ လေးဆလောက်ထိုးတတ်သွားတာပါပဲ။ ကံကောင်းတာတော့ သက်သာသွားလို့  အလုပ်အပ်တဲ့ လုပ်ငန်းရှင်တွေပဲဖြစ်ပါလိမ့်မယ်။

အခုတော့ အကောင်းကြီးမဟုတ်သေးပေမယ့် တော်တော်လေးကို project တွေလည်းတန်းစီ အသက်ရူချောင်သွားပါတယ်။ ကျွန်တော် စိတ်တော့မကောင်းပါ အပြစ်ရှိသလို ခံစားရလို့  ဒီစာကိုရေးလိုက်ပါတယ်။ လူငယ်များ စွန့် ဦးတီထွင်သူများဖြစ်နိုင်ကြပါစေ။

အခု MCF က ထွက်လာမယ့် Project Estimate Quotation ထွက်လာလို့ ရှိရင် နိင်ငံခြားက ပိုက်ဆံပိုက်ပြီး ဈေးကွက်လာဖျက်မယ့် သူတွေကို အတိုင်းအတာတခုအထိ တားဆီးနိင်မယ် မျှော်လင့်ပါတယ်။
p.s ကျွန်တော် အဆင်မပြေတဲ့အချိန်မှာ ထွက်မသွားပဲ ရှိနေခဲ့တဲ့ ကျွန်တော့်ရဲ့ လူရင်းတွေကို ကျေးဇူးတင်ရှိပါကြောင်း။

Thursday, January 22, 2015

My 2014-2015 Missions, Visions

အရင်တုန်းက ဆရာတစ်ယောက်အနေနဲ့ ကတော့ CI နဲ့ CakePHP ကို ရွေးတယ်။
CodeIgniter ကတော့ စတင်လေ့လာမယ့်သူတွေအတွက် အလွယ်ဆုံး ၊ ထွက်တာကြာပြီဖြစ်တဲ့အတွက် Documentation အစုံဆုံးပဲ။ အင်တာနက်လည်း သိပ်မလို ဘူး လွယ်လွယ်ကူကူ သင်လို့ ရတယ်။ MCPA မှာ ပိုသင်ဖြစ်တယ်။ UCSY ကလာတဲ့ ကျောင်းသားတွေနဲ့  Programmer တွေများလို့ ။ MVC pattern ၀င်ဖို့ အလွယ်ဆုံးနဲ့ အကောင်းဆုံးထင်ပါတယ်။

CakePHP ကတော့ ရေးရတာပိုပြီးသက်သာတယ် ။ Project Failure Rate နည်းတယ်။ သိပ်ပြီးမရေးရဘူး ။ Scaffolding ကောင်းတယ်။ Authentication ပါတယ်။ Template Engine ပါတယ်။ One-Many,Many-To-One အလွယ်တကူဆောက်လို့ ရတယ်။ Validation လွယ်တယ်။ Naming စနစ်ကျတယ်။ Team Work အရမ်းလုပ်လို့ ကောင်းတယ်။ ပုဇွန်တောင်မှာ Cake ပိုသင်ဖြစ်တယ်။ BIT ကျောင်းသားများလို့ ။ Programmer မလုပ်မယ့် System Analyst , Project Management ပိုင်းကို ပိုပေးတယ်။ ကိုယ်တိုင်လည်း Cake သုံးတယ်။

အခုတော့ CodeIgniter က သိပ်ကို ဟောင်းလာတဲ့အတွက် laravel နဲ့ အစားထိုးသွားဖို့  စိတ်ကူးရှိတယ်။ ကိုယ်ပဲသိပြီး သေချာမရှင်းပြနိင်သေးတဲ့အတွက် နည်းနည်းလေ့လာဦးမယ်။ လောလောဆယ်က ရုံးက အဖွဲ့ ကို စမ်းမယ်။ စာအုပ်ပြင်ဦးမယ်။

Android ကို သုံးလလောက် လေ့လာပြီးပြီ ခဏနားဦးမယ်။ ကြိုက်ပါတယ်။ ရေးရတာများတယ် မတန်ဘူးလို ပါပဲ။ MVC Patternလိုမျိုး ORM လိုမျိုးရှိရင် သိပ်ကောင်းမှာပဲ။ Swift ကို ဖတ်ဦးမယ် ။ Objective C နဲ့ဘာကို လေ့လာသင့်လည်းရွေးမယ်။

ကြိုကြားကြိုကြားတော့ ROR ကို လေ့လာဖြစ်ပါတယ်။ သဘောကျတယ်။ ပျော်တယ်။ Java ကတော့ ကြိုက်တယ် ဘာမှမလုပ်ဖြစ်ဘူး။ Asp.net ,C# ကံစပ်တယ်။ ရှောင်နေတာကြာပြီ။ မလုပ်ချင်လို့ ။
သင်တဲ့နေရာနစ်ခုစလုံးကိုတော့ Competition တွေမှာ ပြိုင်ဖို့ အားပေးတယ်။ မနစ်က သုံးပွဲ့ ဝင်တာ နစ်ပွဲဆုရတယ်။ ဒီနစ် လေးဖွဲ + အရင်အဟောင်းတွေကို့ လောက်ထပ်ပြိုင်ဖို့ တိုက်တွန်းဦးမယ် Business Plan နဲ့ Technoprenuership ။ခုထိ Hackerthon ကတော့ ကံမစပ်သေးဘူး။ ဘာမှတော့ မရပါဘူး ဧည့်ခန်းမှာ ချိတ်ဖို့  ဓာတ်ပုံတွေ ဆုတွေရှိရင်ကျေနပ်တယ်။

( PS . Hackerthon က ဆုမရပေမယ့် Project ကြီးတခုရတယ်။ )
ငါးလပိုင်းမိန်းမ ကလေးမွေးမယ် ယောကျာ်းလေးလို့ တော့ OG ပြောတာပဲ။ ကျေနပ်တယ် ။ ၀မ်းသာတယ် ပီတိဖြစ်တယ်

Friday, January 16, 2015

ငပျင်းတွေကို မကူညီတော့ဘူး ကိုယ်ပဲဒုက္ခရောက်လိမ့်မယ်။


လူနစ်ယောက်ရှိတယ်ဆိုပါဆို့ 
တစ်ယောက်က ကြိုးစားတယ် ၊ တစ်ယောက်က ပျင်းတယ်။
- တနစ်ကြာတော့ မသိသာဘူး တူတူနီးပါးပဲ
- နနစ်ကြာတော့ နည်းနည်းကွာလာပြီ သိပ်ကြီးတော့ မသိသာသေးဘူး
- သုံးနစ်ကြာတော့ ကွာလာပြီ ရာထူးတွေ တာဝန်တွေစကွာလာပြီ။
- လေးနစ်မှာ အလုပ်လုပ်တဲ့သူကတော်တော် အဆင်ပြေလာပြီ။
- ငါးနစ်အထက်မှာတော့ တော်တော်လေးကို ကွာသွားပါပြီ။
ပြသနာက အချိန်အတိုင်းအတာတခုရောက်တဲ့အချိန်မှာပါ။ ကိုယ်ကိုယ်တိုင် အလုပ်မလုပ်ပဲ အသုံးမကျပဲ ။ အရင်တုန်းကလိုပဲထင်နေရင် ပြသနာ စတာပါပဲ။
အလုပ်မရတာ အဆင်မပြေတာ ။ ဟိုဘက်ကိုကြည့်တော အဆင်ပြေနေပြီင်္း ဒီဘက်မှာ အဆင်မပြေရင် psycho ၀င်လာပါလိမ့်မယ်။ ပြသနာ အရင်းခံကို ရှာရင်က မကူညီလို့ ဖြစ်လာကော။
အမှန်က ပေးတာကတော့ တူတူပဲ။ ဒါတွေပဲကွာတာ။
- သင်ကြားတုန်းက သေချာ လိုက်မလုပ်ဘူး
- မကြိုးစားဘူး
- လူတိုင်းနဲ့  တည့်အောင်မပေါင်းဘူး
- အကျိုးရှိမယ့်အလုပ်ကို မရှာဘူး။ ပျော်ရာလုပ်နေတယ်။
- အသုံးမကျတဲ့ မာနထားနေတယ်။
- လက်ကျောမတင်းဘူး
ဆရာတယောက်အနေနဲ့ကော Developer တယောက်အနေနဲ့ ပါ။ တချိန်လုံး Job Vacancies တွေအတွက် လူအမြဲအတောင်းခံရပါတယ်။ ကိုယ်က သင့်တော်တဲ့သူရှိရင် အမြဲ သတိတရ ထည့်ပေးတယ် ချိတ်ပေးတယ်။ လိုအပ်ရင် အမုန်းခံ အပြောခံပြီးတော ကူညီပေးသေးတယ်။
အဲဒီ အပေါ်ကအချက်တွေ ရှိရင်တော့ မကူညီရဲဘူး။ ကိုယ်ပဲမျက်နာပျက်မှာ ။

Monday, January 5, 2015

PHP ဆိုတာဘာလဲ.



PHP ဆိုတာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Web Programming Language ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ၀က်ဘ်ဆိုက်ပေါင်းရဲ့ ၇၅%ကျော်ကို PHPနဲ့ပြုလုပ်ထားပါတယ်။ မြန်မာပြည်မှာ လူသုံးအများဆုံးဖြစ်တဲ့ Facbook ကလည်း PHP ကို Front End အတွက် အသုံးပြုထားပါတယ်။

Web Developer ဆိုတာဘာလဲ

Web developer ဆိုတာကတော့ webiste တွေ ၊ web application တွေကို ပြုလုပ်ပေးတဲ့သူဖြစ်ပါတယ်။ Programmer , Developerစတဲ့ အုပ်စုမှာပါဝင်ပါတယ်။

အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေပါ့မလား။

အနာဂတ်က အိုင်တီဆိုတာကို ညင်းလို့ မရတော့ပါဘူး။ လူတိုင်းက Facebook ကို မဖြစ်မနေ ၊ email တွေကို မဖြစ်မနေအသုံးပြုလာကြပြီဆိုတာကို သိကြမှာဖြစ်ပါတယ်။ E-commerce အွန်လိုင်းစတိုးတွေ အများအပြားပေါ်ပေါက်လာတာက သက်သေဖြစ်ပါတယ်။

ဘာကြောင့် PHP ကို တခြား language တွေထက်သုံးသင်တာပါ

ဘာအတွက်ကြောင့် ၀က်ဘ်ဆိုက်ရေးတာကို သင်ဖို့ လိုအပ်မှာလဲ

Website ဆိုတာကတော့ အမြဲတန်း ၂၄နာရီ ၊ တပါတ် ၇ရက် ရှိနေတဲ့ Billboard သို့မဟုတ် Flyer နဲ့တူပါတယ်။ အားသာတာကတော့ အမြဲတမ်းကြိုက်တဲ့နေရာက အင်တာနက်ရှိရုံနဲ့ကြည့်လို့ ရတာပါ။ ကွန်ပြူတာတွေကလည်း တခုတည်းရှိတော့တာ မဟုတ်ပါဘူး။ ဥပမာ ဂိမ်းတွေကလည်း ချိတ်ဆက်ပြီးဆော့နေကြသလိုပေါ့ ။

Web Technologies တွေကလည်း ဆက်စပ်ပြီး လုပ်ဆောင်နိင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။နောက်ပြီး ကုမ္ပဏီတခုရယ်လို့ ဖြစ်လာရင် ၀က်ဘ်ဆိုက်တစ်ခု မဖြစ်မနေလိုပါတယ်။ နိင်ငံတကာမှာလည်း ဒါက Standard ရယ်ဖြစ်နပါပြီ။ နိင်ငံတကာစံညွန်းအရတော့ ၀က်ဘ်ဆိုက်လိပ်စာကို Name Card တွေမှာလည်း မဖြစ်မနေကို ထည့်သွင်းရပါတယ်။

မိုဘိုင်းဆော့ဝဲလ်ရေးတာကို စိတ်ဝင်စားတယ် ၀က်ဘ်ဆိုက်ရေးတာနဲ့ပါတ်သက်ပါ့မလား။

မိုဘိုင်းတွေကို လူသိများလာတာကတော့ညင်းမရပါဘူး။ သို့ ပေမယ့် အရေးကြီးတဲ့ဒေတာတွေကို web ပိုင်းမှာပဲ သိမ်းဆည်းရပါတယ်။ Mobile က သုံးစွဲသူလက်ထဲမှာပဲရှိလို့ ပါ။ web ကနောက်ပိါုင်းက မိုဘိုင်းအတွက် ဒေတာထောက်ပံ့ပေးနိင်ပါတယ်။