Monday, January 5, 2015

Freelance Developer တကယ်လုပ်တော့မှာလား?

ကျွှန်တော်ကိုယ်တိုင်က လွတ်လပ်တာကြိုက်ပါတယ် ။ လွတ်လွတ်လပ်လပ်တွေးခေါ်ချင်တယ် အလုပ်ချိန်မှာလုပ်ပြီး နားချိန်မှာနားချင်တယ် ။ Company တွေရဲ့ အတွင်းရေ:အရှုပ်အထွေ:တွေမှာ မပတ်သက်ချင်ဘူး ။ လူဘဝရှိတဲ့ ခဏမှာ ကိုယ်လုပ်ချင်တာ ကိုအကောင်အထည် ဖော်ချင်တယ် ။ မိဘရဲ့ ပိုက်ဆံကို လက်ဖြန့်မတောင်းချင်ဘူး အဲဒါတွေကြောင့်လုပ်ဖြစ်တာပါ ။
ကျွှန်တော့်ရဲ့အတွေ့အကြုံနဲ့ နည်းနည်းဗဟုသုတရအောင်ပြောချင်ပါတယ် ။

အတွေ့အကြုံအလုံအလောက်ရှိပြီးပြီလား? 

အသက် ၂၃နစ်အောက်ဆိုရင် Freelanceလုပ်ပါလို. အကြံမပေးလိုပါဘူး ။ ငယ်သေးတဲ့အတွက်ဖြစ်ပါတယ် ။ အနည်းဆုံးတော့ ငယ်တုန်း experience ရအောင်ရှာဖွေစေချင်ပါတယ် ။ အသက်ကြီးရင် လုပ်စရာတွေများလာရင် သင်ကြားတဲ့နေရာမှာ တော်တော်ဒုက္ခရောက်မှာပါ ။

 ကျောင်းပြီးအောင်တက်သင့်သလား? 

အဖြေကတော့ Yes ပါ ။ တက္ကသိုလ် တွေမကောင်းတာ တပိုင်းထား ၊ လူမူဆက်ဆံရေး အတွက်အရေးကြီးပါတယ် ။ တက္ကသိုလ် ကျောင်းသားဟာ တက္ကသိုလ်ပတ်ဝန်:ကျင်နဲ့ အသင့်တော်ဆုံးပါ ။ ကိုယ်နဲ့ ဝါသနာတူ ၊ အရွယ်တူ ၊ ပညာတတ်ရောက်မူတူတဲ့ လူတွေနဲ့ တွေ့နိုင်တဲ့နေရာဖြစ်ပါတယ် ။

မိသားစုစားဝတ်နေရေးအတွက် စိတ်ပူရသလား? 
အဲဒါလဲတော်တော်အရေးကြီးပါတယ် ။ Freelance လုပ်နိုင်တယ်ဆိုတာ အနည်းဆုံးမိဘကို ထောက်ပံ့စရာမလိုတဲ့ လူတွေပဲ ကြိုးစားသင့်ပါတယ် ။ Freelance လုပ်မယ်ဆိုရင် ပရိုဂျက်ရမယ်လို အာမ မခံနိုင်ပါဘူး ။ မရသေးခင်မအောင်မြင်သေးခင် ဘိုင်ပျက်တဲ့ကာလတွေရှိပါတယ် ။ မိဘကို ပြန်တောင်းရမယ့်အခြေအနေဆို စဉ်းစားသင့်ပါတယ် ။

 English ကျွမ်းကျင်ရဲ့လာ:? 
အမှန်အတိုင်းတော့ ကျွှန်တော်လဲ မကောင်းပါဘူး ။ ဒါပေမယ့် Freelance လုပ်မယ်မှ မဟုတ်ပါဘူး Developer ဆိုရင်တောင် English လို ရေး၊ ဖတ်၊ ပြောဖို. လိုအပ်ပါတယ် ။ ကျွှန်တော် Devcon တုန်းက English လိုပြောလို. ခနဲ့တဲ့တူတွေရှိပါတယ် ။
ကျွှန်တော့်ရဲ့ ဆိုလိုရင်းက ရှင်းပါတယ် ။ Devcon သည် Developer များအတွက် အထိရောက်ဆုံးဖြစ်အောင် လုပ်ထားတဲ့ ပွဲပါ ။ topic တွေဟာ developerတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ် ။ ပေးချင်တဲ့ message ကို ပေးသင့်တဲ့ လူကိုထိအောင်ပစ်ချင်တာပါ ။ Freelance လုပ်ချင်တယ် ၊ developer လဲဖြစ်ချင်တယ်ဆိုရင် မြန်မာလို အားလုံးကို ရှာနေတာ ရပ်လိုက်ပါတော့လို. အကြံပေးလိုပါတယ် ။

သင်ဟာအလုပ်ရွေးတတ်တဲ့သူလား? 

Developer ဆိုပြီး CSS ရေးစရာ မလိုဘူးဆိုတဲ့သူမျိုး တွေ့ဘူးပါတယ် ။ အမှန်က မှာ:ပါတယ် ။ တကယ့်အလုပ်လုပ်ပြီဆို Data Entry ပါလုပ်သင့်ရင်လုပ်ရပါတယ် ။ ဒီနေရာမှာ ကျွှန်တော် ဘာလုပ်သလဲ ပြောပြချင်ပါတယ် ။ Freelance developer ဆိုပြီး ဒီအတိုင်း ထိုင်နေရင် ထမင်းသေချာပေါက်ငတ်မှာပါ ။

ကျွှန်တော် ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ ။ ကိုယ်ဝါသနာပါတာကို ထူးချွံအောင်လုပ်ပါတယ် ။ ကျွှန်တော် ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးပါတယ် ။ အသံလွှင့်တဲ့ အပိုင်းကော ၊ ဘာသာပြန်တာကော ၊ လိုအပ်ရင် data entry၊ စာသင်တဲ့အလုပ် အစုံလုပ်ရပါတယ် ။ ဂျာနယ်မှာရေ:တဲ့ ဂိမ်းဆောင်းပါးတွေဟာ တစ်ခုမှ ၅၀ဝ၀ လောက်ပဲရတာပါ ။ ဒါပေမယ့် ၂သောင်းသေချာပေါက်လတိုင်းရပါတယ်။ အသံလွှင့်တာလဲ သောင်းဂဏန်:လောက်ပဲရမှာပါ ။ စာသင်တဲ့အလုပ်ဆိုတာလဲ သိန်းဂဏန်: သာတယ်ဆိုရုံပဲရှိပါတယ် ။ အခုမှသာ project တွေဆက်သွားလို. အဆင်ပြေသွားတယ်ဆိုပေမဲ့ အဲဒါတွေက လွန်ခဲ့တဲ့နစ်တွေကစပြီး ကျွှန်တော်လုပ်ခဲ့တဲ့အလုပ်တွေပါ ။ သောင်းဂဏန်: ၊ ထောင် ဂဏန်: တွေပေါင်းရင် သိန်း ဂဏန်:၊ သန်: ဂဏန်:တွေဖြစ်နိုင်တယ်ဆိုတာပြောချင်တာပါ ။

Social ဝင်ဆန့်ရဲ့လား? 
Social ဆိုတော့ ကလပ်တက်တယ် သွားမြင်ကြလားမသိဘူး အဓိကပြောချင်တာကတော့ အပေါင်းအသင်းဆက်ဆံရေး ဘယ်လောက်ကောင်းတယ်ဆိုတာကို ဆိုလိုတာပါ ။ ပေါင်းတယ်ဆိုတာ တွေ့ကရာလူတွေနဲ့ လျှောက်ပေါင်းနေတာကို ပြောတာမဟုတ်ဘူးနော် ကိုယ့်အလုပ်နဲ့ဆက်စပ်တဲ့သူတွေနဲ့ သိကျွမ်းသင့်တယ်ဆိုလိုတာပါ ။ ကျွှန်တော့် ကတော့ programming skill နဲ့တိုင်းရင် တော်တော်တောင်အခြေခံမှာပဲရှိတယ်လို.ပဲ ကိုယ့်ကိုယ်ကိုခံယူထားပါတယ် ။ နယ်ပယ်အသီးသီးက ဆရာတွေနဲ့တည်.အောင်လိုက်ပေါင်းထားပါတယ် ။

ကျွှန်တော့်မိဘတွေက အိုင်တီအသိုင်းအဝိုင်းဝေ:ကွာတဲ့သူတွေပါ ။ ဘာမှလဲ လမ်းညွန်မပေးနိုင်ပါဘူး ။ တည်.အောင်လိုက်ပေါင်းထားတယ်ဆိုတာ အတင်းကြီးလိုက်ရောဖို.ပြောနေတာမဟုတ်ပါဘူး ။ အနည်းဆုံး ကိုယ့်ဘာတွေ လုပ်တတ်တယ် လုပ်နိုင်တယ်ဆိုတာကို ပြနိုင်ဖို.အရေးကြီးပါတယ် ။ MSDN လိုမျိုး ၊ Stackoverflow လိုမျိုးဆိုက်တွေမှာ geek တွေရှိပါတယ် ခင်အောင်လုပ်ထားရင် နောက်ပိုင်းအကျိုးမယုတ်နိုင်ပါဘူး ။

 နောက်တစ်ခုက Myanmar IT Pro ဟာအခုတော့ နည်းနည်းအေးသွားတယ်ဆိုပေမဲ့ ဒီမှာ တကယ့် geek တွေ လာတတ်တဲ့နေရာမျိုးပါပဲ ။ MyanmarTutorial လိုမျိုးဟာလဲ အရမ်းအကျိုးရှိပါတယ် ။ ဒါပေမယ့် beginner level ဆန်ဆန်ပုံစံမျိုး မေး နေရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး ။

” mobile application တစ်ခုရေးချင်တယ် ပြောပြပေးပါ “ဆိုတာထက် “ကျွှန်တော် Java ကိုစိတ်ဝင်စားပါတယ် ။ Mobile ကိုလဲစိတ်ဝင်စားတယ် ၊ လူတွေအသုံးတဲ့မယ့် မြန်မာစာနဲ့ပတ်သက်တာလေးရေးချင်တယ် “ဆိုတာမျိုး မေးတာက ပိုပြီး ဝင်ဆန့်စေမှာပါ ။ မေးတဲ့ဆိုတဲ့နေရာမှာ နေရာရပြီးသားသူတွေဟာ အလုပ်များကြပါတယ် ။ ချက်ဖို.မအားကြပါဘူး ။ ကိုယ့်ဘက်ကအစစအရာရာ Prepare တော့ဖြစ်သင့်ပါတယ် ။

 ဖြစ်သင့်တဲ့ပုံစံမျို:ကတော့ ကျွှန်တော်ဘာကူညီနိုင်မလဲဆိုတာမျိုး ဖြစ်သင့်ပြီး အားတဲ့အချိန်လေးတွေမှာ ဗဟုသုတ ပုံစံမျိုးနဲ့ မေးသင့်ပါတယ် ။ နောက်တစ်ခုက အိုင်တီသမားတွေက အိုင်တီသမားတွေနဲ့ပဲ ပေါင်းရင်မလုံလောက်ဘူးဆိုတာပါပဲ ။ လုပ်ငန်:ရှင်တွေနဲ့ နီးစပ်အောင်လုပ်ထားသင့်ပါတယ် ။ တိတိကျကျ ပြောရရင်တော့ အိုင်တီကိုစိတ်ဝင်စားတဲ့ အလုပ်အပ်နိုင်တဲ့သူမျိုးတွေ ဖြစ်သင့်ပါတယ် ။

Role Models? 
အားကျတယ် ကောင်းတယ်ဆိုရင် အရမ်းအကျိုးရှိပါတယ် ။ ကောင်းတာကို ဆောင်ပြီး မကောင်းတာကို ပယ်သင့်ပါတယ် ။ Privacy ကြောင့် ဘယ်သူဘာ ထုတ်ဖော်မပြောလိုပေမယ့် စည်းရုံးရေး ၊ အင်္ဂ္လိပ်စာအသုံးအနှုန်း ၊ marketing၊ Speech၊ Cooperate culture ၊ Networking ၊ information gathering ၊ Diplomatic Skill၊ ဈေးကွက်မြင်မူ ၊Language independency အစရှိတဲ့နေရာတွေမှာ အားကျတဲ့သူတွေ ရှိပါတယ် ။ ကျွှန်တော့်ထက်ငယ်တဲ့သူတွေ တောင်ပါပါသေးတယ် ။ ကိုယ်နဲ့ကိုက်ညီတဲ့ ပုံစံနဲ့ သူတို.ရဲ့ကောင်းတဲ့အချက်လေးတွေကို adapt လုပ်နိုင်ဖို.ကြိုးစားပါတယ် ။ ဆက်ရေးပါဦးမယ်..

Sunday, January 4, 2015

ခွေးသံသရာ

ခွေးဖြစ်ရတာလည်း တော်တော်ရူပ်တယ်။ တိုက်နားကားပါကင်မှာ ၈ ကောင်တဖွဲရှိတယ် သူက ကားပါကင် အစအဆုံး ၃၀x၈၀ ပေ အကန့်ကသူတို့အပိုင်း အနားမှာ ကျွေးတဲ့အမကြီးရှိတော့ ၀၀ဖြိုးဖြိုး ၊
နောက်ကပ်ရပ်လမ်းမှာ ကျတော့ ၁၅ ကောင် ဂိုဏ်း သူတို့ က ညစောင့်တွေနဲ့ခင်တော့ အုပ်တောင့်တယ်။ ရန်တော့ တမုန်းစွဲ ။ 
အဲဒီဂိုဏ်နစ်ခုကြား ဘိန်းမုန့်ဆိုင်မှာကျတော့ ခွေးမနဲ့ ကလေးလေးကောင် သူလည်း မုန့်ဆိုင် သုံးခုကြားဆိုတော့ အချက်အချာကျတာပေါ့နော်။
အဲ့ခုနကပြောတဲ့ နစ်ဂိုဏ်းကြား လမ်းကြာအနောက်မှာလေးကောင်ဂိုဏ်းရှိသေးတယ်။ နယ်တော့ လာမကျော်နဲ့ဆွဲပြီပဲ။ 
အိမ်အောက်ကားပါကင် ဂိုဏ်းကတော့ မုန့်ကျွေးထားတော့ ကိုယ်ပြန်လာရင်အမြီးကိုနံ့နေတာပဲ။

အလုပ်သမားတိုင်းပြည်

နိင်ငံခြားက တိုင်းပြည်က ရင်းနှီးမြုပ်နှံတာကို အပြစ်မပြောလိုပါဘူး။ ကောင်းပါတယ်။ သို့ပေမယ် နဂိုကတည်းကိုက သေးလွန်းတဲ့ဈေးကွက်ကို ပေါက်ဈေးထက် အရမ်းကိုနှိမ့်ချပြီး ဈေးကွက်သိမ်းမယ်ဆိုတဲ့ နစ်ရှည်အရူံးခံလုပ်မယ့် အကြံနဲ့လာတာတွေကို တခုခုလုပ်ဖို့ လိုပါတယ်။
နိမို့ဆို လက်ရှိတဲ့လုပ်ငန်းအထူးသဖြင့် လုပ်ငန်းငယ်တွေက လုံးဝကို ပျောက်ကွယ်ပြီး တိုင်းပြည်ရဲ့စွန့်ဦးတီထွင်မူ လုံးဝပျောက်ပြီး အလုပ်သမား တိုင်းပြည်ကြီးဖြစ်သွားပါလိမ့်မယ်။ 
သက်ဆို်င်ရာ နယ်ပယ်မှာ မတတ်ကျွမ်းတဲ့ တပ်ထွက်တွေကို နေရာပေးထားတာ ။ ပညာရှင်သာ ခန်ပြီး လုပ်ပိုင်ခွင့်မရှိတဲ့ စီမံခံခွဲမူအမှားတွေအတွက် ပေးဆပ်ရမှာကို စိုးရိမ်မိပါတယ်။ 
( ကျွန်တော်ပြောတာက သာမာန်သူတွေကို ပေးမရတဲ့ domain တွေ .com.mm တွေကို ရောင်းစားထားတာလည်းပါပါတယ်။ )

Sunday, December 14, 2014

သင်ကြားချင်းအတွေ့ အကြုံ




စာသင်ရတာ ကြာတော့လည်း တပည့်တွေတင်မက ဆရာလုပ်တဲ့သူလည်း ပျင်းပါတယ်။အထူးသဖြင့် PHP အတန်းပဲ တပြိုင်နက်တည်း လေးခုဖြစ်နေတော့ အဆိုးဆုံးပါပဲ။ Project အသစ်ကလေးတွေ လုပ်ချင်တယ်။ Mobile ကိုလည်း အခုတော်တော်ခရီးရောက်နေပြီဆိုတော့ သင်ချင်ပါသေးတယ် ။ ခက်တာက ကိုယ်ကလည်း ကျန်တာနဲ့အကျိုးမပေးတာဖြစ်ပါလိမ့်မယ်။ ဒါပဲလုပ်နေရတယ်။

အခုတော့ ပုံစံပြောင်းထားပါတယ်။ မသင်ခင် ၁၅မိနစ်လောက် Business လုပ်ငန်းတခုအကြောင်း(သို့ ) idea တစ်ခုခုအကြောင်း (သို့ ) အရင်လုပ်ခဲ့တဲ့ ပရောဂျက်တွေအကြောင်းပြောပြဖြစ်ပါတယ်။ဒီနေ့ ဆို မနေ့ က သို့မဟုတ် အရင်အပါတ်က စာဖတ်ခိုင်းထားလိုက်တယ်။ အဲဘာမှမရှိရင်တော့နားလည်ရဲ့လား ဘာခက်ခဲနေလည်း မေးဖြစ်ပါတယ်။

ကလေးတွေက အပြင်စာဖတ်တာနည်းပြီးတကယ်အသုံးမချတတ်မှာဆိုးလို့ ပါ။ အံ့သြစရာကောင်းလောက်အောင် ကောင်းတဲ့ အိုင်ဒီယာလေးတွေအမြင်လေးတွေလည်း ကြားရတော့ သင်ရတဲ့သူလည်း အားတတ်တာအမှန်ပါ။ သူတို့ လည်းပျော် ကျွန်တော်လည်း မပျင်းတော့ဘူးပေါ့။
နောက်ပြီး အိမ်စာမလုပ်ရင် ဒဏ်ကြေးကောက်တဲ့အစီအစဉ်လည်း မလုပ်ဖြစ်တော့ပါဘူး။

တခွန်းပဲပြောလိုက်တယ်။ " ကိုယ့်အတွက်ကိုယ်လုပ်တာပါ အခုမလုပ်လို့ အခုဘာမှမဖြစ်ဘူးလို့  နောက်ကွယ်မှာ နောင်တတွေ ၊ အောင်မြင်မူတွေ ပဲရှိပါတယ်လို့  " ။ အခုတော့ ၉၀%လောက်ကို အိမ်စာပြီးတယ်တခါတလေ ၁၀၀% ;D တော်တော်များများကိုပေးတာပါ။ နောက်တော့ ဆရာရယ် မပြောပါနဲ့ဆူ လိုက်ပါဖြစ်လာကော ။ ပြုံးနေရင်ကို မနေတတ်ကြတော့တာ အောင်မြင်တယ် သိလား

Friday, December 5, 2014

ကျေးဇူးတရား



ခုတလော ကောင်းတာကော မကောင်းတာကော ကြုံရပါတယ်။ ကောင်းတာကတော့ လူတချို့ တချို့ က ကိုယ်မမှတ်မိတောင် ကိုယ်ကို ၀မ်းသာအားရ လက်ဆွဲနူတ်ဆက်ပြီး အရင်တုန်းက ကူညီခဲ့ လမ်းညွန်ခဲ့ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြတာပါ။
ကျွန်တော်က ကိုယ့်ကိုကိုယ် ဘာကောင်ရယ် တခါမှ မထင်ခဲ့ပါဘူး။ သို့ ပေမယ် စံနမူနာထားပြီး အတုယူကြိုးစားခဲ့ ကြိုးစားနေတယ်ကြားတော့လည်း ပီတိတော့ဖြစ်မိပါတယ်။
သူဌေးမဟုတ်တဲ့အတွက် ငွေကြေးမလှူတန်းနိင်ခဲ့ပေမယ့် ပညာအားဖြင့်တော့ တတ်စွမ်းသလောက် ကူညီခဲ့ပါတယ်။ မပြည့်စုံတဲ့ ကျောင်းသားဆိုရင် အိပ်ထဲကကို စိုက်ပြီး ကူညီခဲ့တာလည်းမနည်းပါဘူး။ ရာဂဏာန်းတောင်ပြည့်တော့မယ်နဲ့ တူပါတယ်။
ကျေးဇူးမသိတာကို နဂိုကတည်းက မမျှော်လင့်ထားလို့  ပြသနာမရှိပေမယ့် ကျေးဇူးကန်းတာတွေလည်း ကြုံရပါတယ်။ အဲခြုံကြည့်ရင်တော့ ကျေးဇူးတင်တယ် လာပြောတဲ့သူတွေက အလုပ်အကိုင်ရှိကြပါတယ်။ သင်ခါစမှာ သိပ်မတတ်ကြပေမယ့် သေချာလိုက်လုပ်တဲ့သူမျိုးတွေပါ။ ကြာလာတော့ တဖြည်းဖြည်းတတ်သိနားလည်သွားကြပြီ အဆင်ပြေသွားကြတာပါ။ ဘယ်နေရာရောက်ရောက်အဆင်ပြေကြပါတယ်။
ကျေးဇူးကန်းတဲ့ကောင်တွေကတော့ ဘယ်လောက်ညဏ်ကောင်းကောင်း အစကတည်းကမကြိုးစား ဟိုလူ့ အပြစ်တင်နဲ့  အခုထိအဆင်မပြေ နေကြတုန်းပါပဲ.။ သိပ်လည်းမထူးဆန်းပါဘူးလေ။
အစုံပါပဲ ကိုယ့်မဟာတန်း Assignment ကို ပလိန်းတောင်းပြီး ဆဲတာကနေ ၊ ခင်ဗျားသင်တာ လုံးဝကိုမကောင်းဘူးဆိုတာက အစ ၊ အလုပ်မပေးဘူးဆိုတာအထိပါပဲ။ တခါတလေကြတော့လည်း နစ်ဘက်ဆိုတော့ ကြောင်တောင်တောင်ဖြစ်ပါတယ်။
ကိုယ်တပည့်တွေထဲမှာ Team Leader, Project Manager အဆင့် အထိတောင်တချို့ ရောက်နေကြပြီဆိုတော့လည်း ၀မ်းသာမိပါတယ်။ EQ က သိပ်ကို စကားပြောတာပါပဲ။

Wednesday, March 5, 2014

မှတ်သာမိတာလေးတွေ ..

ကျွန်တော့် အတွေ့ အကြုံလေးတွေ မှတ်ထားတာရှိပါတယ်။ တစ်ယောက်နဲ့  တစ်ယောက်တော့ အမြင်တူချင်မှတူပါလိမ့်မယ် ။ တစ်ခုခုရရင် ကျေနပ်ပါတယ်။

- လူတိုင်း မကြိုးစားဘူးဆိုတာကို မဟုတ်ပါဘူး။ ပြောင်းလဲဖို့ အချိန်ပေးပါ။ ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာတော့ သတိရှိပါစေ။

- အခုကောင်းနေတဲ့သူဟာ နောင်ပြောင်းလဲနိင်တယ်ဆိုတာ မမေ့ပါနဲ့ ။

- ခေါင်းဆောင်ဆိုးကို အားကြီးအောင် မကူညီပါနဲ့ ။

- လူတိုင်းကို မယုံကြည်ပါနဲ့  လူတိုင်းကိုလည်း အထင်မသေးပါနဲ့ ။

- ရေရှည်ကိုကြည့်ပါ။ ရေတိုမှာ အသက်ဆက်နိင်အောင်လုပ်ပါ။

- ကိုယ်ကိုတိုင်မပြောင်းလဲနိင်သေးရင် သူများကို ပြောင်းလဲမယ်လို့ မမျှော်လင့်ပါနဲ့ ။

- Skill ကောင်းသူထက် ၊ တာဝန်ယူတတ်တဲ့သူက နေရာကောင်းပိုရပါတယ်။

- အခုတော်ရင် ကိုယ်ကိုကို အထင်မကြီးပါနဲ့ ။ အခုညံ့သေးရင် လိုနေတာကို အမြဲဖြည့်ပါ။


- ကိုယ်မဖြစ်ချင်တဲ့နေရာကို ရောက်အောင်မသွားပါနဲ့  ကိုယ်ရောက်နေတဲ့နေရာကို ကောင်းမွန်အောင်ပြုပြင်ပါ။

- ခဲလောက်မနိင်တဲ့ အချိန်မှာ ကျောက်တုံးကို မကိုင်ပါနဲ့  ။

- အခက်ခဲတိုင်းဟာ ပြုပြင်နိင်ရင် အခွင့်အရေးဖြစ်ပါတယ်။

- လူအများစု လက်ခံတဲ့ အရာတိုင်းဟာလည်း အမှန်တရား မဟုတ်ပါဘူး။

- ဘယ်လောက်ပဲ အကျိုးအမြတ်ရှိနိင်ပါစေ ကိုယ်မသင့်တော်ဘူးထင်ရင်မလုပ်ပါနဲ့ ။

- အလုပ်တစ်ခုကို မကြိုက်ရင်ထွက်ပါ။ တာဝန်ယူထားရင်တော့ ကျေပွန်ပါစေ။

- လူတိုင်းကို နားလည်ပေးပါ။ လိုအပ်ရင် ပြတ်ပြတ်သားသား ကိုင်တွယ်ပါ။

 - အချိန်တိုင်းမှာ ချိန်းခြောက်လို့ မရသလို  အပျော့ဆွဲလို့ လည်းမရပါဘူ။

- အလုပ်အမြဲလုပ်နေတာထက် ဘယ်လောက်ပြီးမြောက်တယ်ဆိုတာက အရေးကြီးပါတယ်။ ပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို အမြဲလေ့လာပါ။

- CEO ဆီက အကြံညဏ်ကို နားထောင်ပါ။ ဂိတ်စောင့်ဆီက သင်ခန်းစာကို ယူပါ။

- အောင်မြင်တဲ့သူဆီက အောင်မြင်တဲ့ အကြောင်းအရာကို ယူပါ။ ကျန်တာထားခဲ့နိင်ပါတယ်။

- မိသားစု မိဘထက် အရေးကြီးတဲ့ အလုပ်ဆိုတာ မရှိပါဘူး။

- စွန့် လွတ်သင့်ရင် စွန့် လွတ်လိုက်ပါ။ စွန့် စားသင့်ရင် စွန်စားပါ။

-နောက် တစ်ကိုင်းကို ကိုင်မိမှ လက်ထဲကတစ်ကိုင်းကို လွတ်ပါ။

- သင့်တော်တဲ့နေရာမှာ နေပါ။ ရိုးသားစွာ ကျင့်ကြံပါ။









Tuesday, March 4, 2014

အပြောခံရခြင်းနင့် အလုပ်

အလုပ်လုပ်ရင်တော့ အနည်းနဲ့ အများ အပြောခံရမှာပါပဲ။ အပြောမခံရချင်ရင် ဘာမှ မလုပ်ရုံပဲရှိတယ်။ ဘာမှ မလုပ်ရင်လည်း ဘာမှဖြစ်လာမှာ ဟုတ်ဘူးလေ။ ဘာမှ မလုပ်ပဲနေရင်လည်း သုံးစားမရဘူး အပြောခံရဦးမှာပဲ။ ကောင်းမယ်ဆိုရင် လုပ်စရာရှိတာသာ လုပ်ကြ။