Friday, October 14, 2011

Open Bravo: Open Source POS (Part II)



 

default အားဖြင့် Open Bravo မှာ user level လေးခုရှိပါတယ် ။

1, Admin

2.Manager

3.Employee နဲ့

4.Guest ဖြစ်ပါတယ် ။

 

Admin ကို လဲ ဥပမာ system admin ဆိုပြီးပြောင်းလို.ရပါတယ် ။

 

 

Employee level မှာလဲ ကြိုက်သလောက် ထပ်ထဲ့လို.ရပါတယ် ။ ဥပမာ

အရောင်းစာရေးတွေအဖြစ်

 

၁။ကိုအောင်

၂။ မအေး

၃။ မကြည်ကြည် အစရှိသဖြင့် ကိုယ့်ရဲ့ဝန်ထမ်းတွေ ကိုလုပ်ပေးလို.ရပါတယ် ။ ပုံမှာတော့ wayne ဆိုတာ ကျွှန်တော့်နာမည်နဲ့ account တစ်ခုစမ်းလုပ်ထားတာပါ ။

 

 

 



 

Level တိုင်း/လူတိုင်းကို password နဲ့ပိတ်လို.ရပါတယ် ။မတူတဲ့ password တွေပေးလို.ရပါတယ် ။

 



 

ဒါကရောင်းတဲ့အချိန်မှာမြင်ရမယ့် interface ပါ ။



 

Product တွေအသစ် ထဲ့မယ်ဆိုရင် Stock အောက်က Product ကိုသွားရမှာပါ။

 

 

 



 

ရှိပြီးသား record တစ်ခုပါ။

 



 

အသစ်ထဲ့ရင် ဒီလိုလုပ်ရပါတယ်



 

ကိုယ့်ရဲ့ customer စာရင်းကိုလဲ လုပ်လို.ရပါတယ် ။ Administration အောက်က customer ကိုရွေးပေးပါ။

 



 

စီးပွားရေးအရ မဖြစ်မနေ တချို.အချိန်တွေမှာ အကြွေးပေးရပါတယ် ။ ဘယ်သူကို ဘယ်လောက်အများဆုံးပေးမလဲ ဆိုတာပါသက်မှတ်လို.ရပါတယ် ။

 



 

ဒါကတော့ printer ကထွက်လာမယ့် slip ပါ ။

 



 

ကိုယ့်ရဲ့ အမြတ်အရှံးစာရင်းကို လဲတွက်လို.ရပါသေးတယ် ။

 



 





 

ဒါကတော့ အစတုန်းကပြောခဲ့တဲ့ လူထဲ့တဲ့ ပုံစံပါ ။ အောက်ကတော့ လိုအပ်တာတွေကို ညွန်ပြထားပါတယ် ။

 



 

 



 

Roles တွေ , level တွေပေးတဲ့နေရာမှာ ကိုယ်ကြိုက်သလိုပေးလို.ရပါတယ် ။

1, Admin

2.Manager

3.Employee နဲ့

4.Guest တွေအပြင် ကိုယ့်စိတ်ကြိုက် level တစ်ခုပါ တပ်ပေးလို.ရပါတယ်

 

ဆက်ရေးပါဦးမယ်

 

Open Bravo : Open Source POS (Point of sales) system for shops and medium businesses

Open bravo ဆိုတာ အရောင်းဆိုင်တွေမှာသုံးတဲ့ open source Point of Sales program ဖြစ်ပါတယ် ။ ဆိုင်ငယ်လေးတွေက စပြီး စတိုးဆိုင်ကြီးတွေအတွက်သုံးလို.ရပါတယ် ။ ဒီလိုအိုင်တီ-ခေတ်ကြီးမှာ လူတိုင်းဟာ နည်းပညာကို ကောင်းကောင်းအသုံးချသင့်ပါတယ် ။ ကွန်ပြုတာလူတိုင်းသုံးပါတယ် ။ အချိန်အနည်းငယ်လောက် ယူလိုက်တာနဲ့ မိမိရဲ့လုပ်ငန်:မှာသုံးလို.ရတဲ့ POS စနစ်ကို အသုံးပြုလို.ရပါတယ် ။


မေးစရာမေးခွန်းတစ်ခုကတော့ ဒီမှာက လုပ်အားခက ပေါ်နေတော့ ဘာဖြစ်လို.ဆိုင်မှာ ကွန်ပြုတာစနစ်ပြု POS ကိုသုံးရမလဲဆိုတာပါပဲ ။ ၅၀ဝ၀ဝ အောက်ငွကြေးနဲ့ လူတစ်ဦးကို ငှားလိုရပါတယ်။ ကွန်ပြုတာတစ်လုံးကို ငါးသိန်းအထက်ပေးနေရတဲ့အချိန်မှာ လူတစ်ယောက်ကို သက်သက်သာသာနဲ့ အလုပ်ခန့်လို.ရပါတယ် ။ ဟုတ်ပါတယ် ဒါပေမယ့် စာရင်းချုပ်တာ ၊ တွက်ချက်တာ ၊ ဘယ်ပစ္စည်းဘယ်လောက်ရောင်းရတာ ၊ အမြတ် ၊ကုန်ကျစရိတ် တွေကို ဘယ်လိုတွေကြမှာတုန်း ။ သေချာပါတယ် ဒါတွေကို ငှားရမ်းထားတဲ့ အလုပ်သမားက တွက်တက်မှာမဟုတ်ပါဘူး ။ အလုပ်ရှင်ကိုယ်တိုင်တွက်ချက်ရမှာပေါ့ ။ အမြဲတမ်းဖြစ်တဲ့ ပြဿနာကတော့ စာရင်:မကိုက်တာ လွဲတာပါပဲ ။


လုပ်ငန်:တွေက သေးငယ်တုန်းမှာ မသိသာပေးမယ့် တစတစ ကြီးမားလာတဲ့ အခါမှာတော့ အဆင်မပြေဖြစ်လာနိုင်ပါတယ် ။Open bravo ဟာအခမဲ့ရတဲ့ free open source ဖြစ်ပါတယ် ။ GNU public license နဲ့ ထုတ်ထားပါတယ် ။ barcode reader နဲ့သုံးလို.ရပါတယ် ။ touch screen monitor ကို support လုပ်ပါတယ် ။ Categories ခွဲတာ report ထုတ်တာအပြင်ကို အဝင်စာရင်းအထွက်စာရင်း cash in/out ကိုအကြောင်းပြချက်ပေးပြီးပါမှတ်လို.ရပါတယ် ။ ဒီနေ့ ဘယ်လောက်ရောင်းရတယ် ။ ဘယ်လောက်မြတ်တယ် ။ လနဲ့ လိုက်ပြီး ဘယ်လမှာတော့အရောင်းကောင်းတယ် ။ ဘယ်လမှာအရောင်းထိုင်:တယ် အလွယ်တကူတွက်လို.ရပါတယ် ။


Network ချိတ်ပြီး စက်တွေအများကြီး ဥပမာ City Mart ,Capital, စိန်ဂေဟာ လိုမျိုးလဲ support လုပ်ပါတယ် ။ အဲဒီ software အတွက် 0$ သာကုန်ကြပါမယ် ။ လွယ်လွယ်ကူကူ touch screen monitor သုံးပြီး ဝန်ထမ်းတွေကို
အချိန်တိုအတွင်းမှာသင်ပေးလို.ရပါတယ် ။


Open Bravo ဟာ java အခြေပြု system ဖြစ်ပါတယ် ။ Database အတွက် MySQL ကိုသုံးရမှာပါ ။ နစ်မျိုးနစ်စားရှိပါတယ် ။ web နဲ့ window ကြိုက်တာရွေးသုံးလို.ရပါတယ် ။ window ကတော့ ဆိုင်အသေးတွေမှာ အသုံးတဲ့ပါတယ် ။ internet connection ကောင်းရင် web နဲ့ချိတ်ဆက်ပြီး မိမိရဲ့ အိမ်ကနေပါ ကြည်.ရှုလို.ရပါတယ် ။

Open bravo ကိုစတင်ပြီး အသုံးပြုတော့မယ်ဆို လိုအပ်တာကတော့ window အတွက်ဆိုရင် Open Bravo installer, MySQL database installer , MYSQL connector တို.လိုအပ်ပါတယ် ။ သူဟာ java အခြေပြု စနစ်ဖြစ်တဲ့အတွက် JRE (java runtime environment) လိုအပ်ပါတယ် ။



Open Bravo စဖို. အတွက် Open Bravo installer ,JRE, MySQL များကို ပထမဦးစွာ install လုပ်ဖို.လိုအပ်ပါတယ် ။ ပြီးနောက် စနစ်နဲ့ database နဲ့ချိတ်ဆက်ဖို. Mysql connector ကို Open Bravo ရဲ့ installation folder မှာ copy+paste လုပ်ဖို. လိုအပ်ပါတယ် ။




x32 bit တွေမှာတော့ ပြဿနာ တက်လေ့မရှိပါဘူး ။ x64 version တွေမှာတော့ start.bat ကို notepad သုံးပြီး ပြင်ပေးဖို.လိုပါတယ်။

ဆက်ရေးပါဦးမယ်.....

Easy steps for social networking with drupal (part II)

Starting from part II , I will write in English as it is a necessary skill for web developers.

I had reset the www.myanmaritpro.org to show you step-by-step.



entering proxy address for filezilla



Transferring default drupal file to server(web hosting)



after successfully transferred data , proceed to Drupal installation steps.



this is the default installation process for drupal, you need to copy default.settings.php to


settings.php

1. go to net2ftp.com

2. Enter your credentials

3. after login go to sites/default



here is the default.settings.php



copy default.settings.php and paste it as settings.php



some hostings has issues with register_globals 's settings



please create a new file and name it php.ini

using this text register_globals= off



then enter your database configurations

social networking ဆိုက်တစ်ခုအား drupal ဖြင့် လွယ်ကူစွာတည်ဆောက်ခြင်း (part 1)

အခုဖြစ်နေတဲ့ ပြဿနာက ဒီကလူတွေက နင်းဆိုက်တွေအလကားပေးတုန်းက ဝုန်းဒိုင်: အုံးဒိုင်:နဲ့ လုပ်ကျတယ်။ (ကျွှန်တော်တောင် ၈ခုရှိပါတယ် )။ စစလာခြင်းတော့ အဆင်ပြေကြပါတယ် ။ လုပ်ရတာလဲ လွယ်တယ် အီးမေးလ်လေးပေး ၊ အဆင့်ဆင့်သွားလုပ်ရုံနဲ့ ဆိုက်လေးတစ်ခုအလကားရ ။ ပိုက်ဆံလဲ ပေးစရာမလို ။ဟော ဒိုမိန်းလေးကလဲ မှတ်ရလွယ် www.sample.ning.com ။ အဆင်ကို ပြေလို. forum လေးလဲ ပါတယ် ။ ဘလောဂ်လေးတွေလဲပါတယ် ။ မိမိရဲ့ စာမျက်နာလေ:ကိုလဲ ပြင်လို.ရတယ်။

သူထပ်ကောင်းပါတောင် သူ.လောက်မကောင်း ။ ဘာမှ html, css အသာထား ၊ ၈တန်:က ကလေးမ ကွန်ပြုတာ သုံးတက်ရင်တောင် ရတယ် ။နောက်ပိုင်းတဖြည်းဖြည်းနဲ့ ဆိုက်တွေလဲများလာ နင်းကလဲ ဟိုစတင်ကြေးတွေကို တဖြည်းဖြည်း တိုးတိုးလာ ။ ဒိန်းဆို CEO လဲပြောင်းတော့ ပိုက်ဆံမပေးမနေရဆိုတော့ သေကြတော့တာပေါ့ ။
ရှိစုမဲ့စုလေးတွေ ပေးကြ ကယ်ပါယူပါ တစာစာ ဖြစ်ရတာပေါ့ ။လွယ်တိုင်းကကောင်:ဘူး ပြဿနာရှိတယ်ဆိုတဲ့ အချက်ကို သက်သေပြလိုက်တာပါပဲ ။ အမှန်က နင်းမှာ တင်ရင် ဒေတာက ကိုယ်မပိုင်ဘူးဗျ ။
ဥပမာ ဖိုင်တစ်ခု ၊ ပုံတစ်ခု တင်ရင်တောင် ထွက်လာတဲ့ url လေးကိုက ။

http://api.ning.com/files/W5IyQIMl6y-dHnau7RI5NW1EoDNBwiIqZd*bdFxj31X-9lVk4ZYb-Z7qSAMY8trUBOuMGbQ45g81gR4diRRhsGQNq8CCYxZk

မိမိရဲ့ဆိုက်ကိုလဲ အချိန်မရွေး ဖြတ်လို.လဲရ ပြီးတော့အများက ဝိုင်းသုံးနေတဲ့ platform ကိုသုံးနေရတော့ သူပေးသလောက်ပဲရမှာပေါ့ ။ အစကတော့ အထူးအစမ်းလေးဆိုတော့ ဝိုင်းအားပေးကြပေးမယ့်
ကြာလာတော့ ဒီဆိုက်သွားလဲ ဒါ ၊ဟိုဆိုက်သွားလဲဒါ ။ နင်းကိုမုန်းတယ် နင်းကခွာမယ်ဆိုတော့ member ကတစ်ချိုဆိုက်တွေမှာ အဖွဲ့ဝင်က ၂သောင်း ၊ ၃သောင်းဖြစ်နေပြီ ။ ကိုင်:ဘယ်.နဲ့ လုပ်ကြမတုန်:။
ကဲနင်းလိုမျိုး ဆိုက်တွေရှိပါတယ် ။ သူတို.ကလဲ လုံးဝ တသက်လုံး free ပေးပါ့မယ် ကြော်ငြာ ကြော်ငြာ data storage က အတိုင်းအတာ အကန့်အသတ်နဲ့ပဲရှိတယ်ဗျ ။



နောက်ပြဿနာတစ်ခုက အားလုံးအတွက်အဆင်ပြေအောင် လုပ်ထားတော့ ။ comment တွေ ပိုစ်တွေကို ပြင်လို.မရ ။ ပိုစ်တစ်ခုရေးတယ် အားလုံးကောင်းပါရဲ့ တစ်နေရာလေးက ဖြတ်နေတယ် ။အဲဒါလေးပဲ ကွက်ဖြတ်မယ်
ဆိုလဲမရ ။ နောက်တစ်ခုက လူဆိုတာက ပုထုစဉ်ကိုဗျ ၊ ဒေါသအလျောက်ပြောမိတာ ရှိမယ်။ မသိလိုပြောမိတာရှိမယ် ။ policy နဲ့ မကိုက်တာရှိမယ် ။ အဲဒီ comment တွေကိုလဲ ဖြတ်ရုံမှတပါး ဘာမှလုပ်လို.မရ ။
ဒါလေးတော့ ပြောတာကောင်းတယ် ဒါပေမယ့် ဟောဒီနေရာလေးတော့ ကွက်ပြီးပြင်ဦးမှလို. အဆင်မပြေပြန်ဘူး ။ ကဲထားပါတော့ဗျာ ။ သူများရဲ့ ပိုစ်ကို copy လုပ်မယ် paste လုပ်ပြီး wordpress တို.လို
သူရဲ့ကိုယ်စာ:တင်ပေးမယ်ဆိုတော့လဲ မရပြန် ။ လွယ်တိုင်းမကောင်းပါဘူး ။



ကဲထားပါတော့နင်းအကြောင်း အတင်းတုတ်လို.ပြီးပီဆိုတော့ အလုပ်စရအောင် ။ social networking ကိုလုပ်ဖို.အများကြီးရှိပါတယ် ။ elgg, buddypress(wordpress) ,jomsocial, dolphin, drupal . buddypress ကတော့
လောလောဆယ်လွယ်ပေမယ့် မကောင်းသေးပါဘူး ။ နောက်ပိုင်းတော့ စောင့်ကြည်.ရဦးမယ် ။

drupal မစခင်မှာ ဒါတွေလိုပါတယ် ။

1. notepad++ ( drupal နဲ့ရေးထားတာဗျာ :D)
2. web hosting (php) or localhost with xampp
[webhosting သုံးပါက net2ftp or Filezilla(proxy နဲ့သုံးရပါမယ်) ]
3. Firebug(firefox addon)
4. internet connection(to download themes and modules)

ကဲကဲနမူနာပြရအောင် ကိုချစ်ကို နားပူနစာလုပ်ပြီး ဟိုစတင်လေး ခနတောင်:ထားပါတယ်။ ဒီကိုသွား http://myanmaritpro.org/ ပုံစံလေး မျက်စိထဲမြင်သွားရင် လုပ်ငန်:စရအောင် .....

 

ဒါက header

 

 

ဒါက footer




ပထမဆုံး social networking (MITP.com ကို နမူနာယူပြီးစဉ်:စာမယ်ဗျာ) .

1.comment တွေ နောက်ဆုံး ကဟာတွေကို ထုတ်ပြမယ်ဗျာ (site active ဖြစ်အောင်)
drupal core module (comment )



2.Forum ပါမယ်ဗျာ (သားသားရဲ့ စက်ကို ဗိုင်းရက်စ်ကိုက်တာတို. မီးမီးရဲ့ ကွန်ပြူတာဖြစ်မရတော့ပါဘူးတို.)
forum module with advance module add on

 

drupal advance forum



3. ကိုကို မမတွေက အတွေ့အကြုံလေးတွေ ကို share မယ် ၊ ကျွှန်တော်တို.လို မဖြစ်ညစ်ကျယ်စာရေးမယ့်သူတွေအတွက် blog(ဘလောဂ်)
drupal core module (blog)

4. ရင်ထဲက ခံစားချက်တွေကို ဖော်ပြမယ့် facebook လိုမျိုး status message ( ဥပမာ ။ ငါစီမီနာတက်ပြီးတမုန်းဒေါင်:ခဲ့တယ်!)
face-book style status message

5. ပုံလေးတွေတင်မယ် (ကောင်မလေးတွေက facebook မှာလို နူတ်ခမ်းစူမယ် ပါးဖောင်းမယ် ၊ ယောက်ကျားလေးတွေက ဗလပြတဲ့ ပုံဘာညာ)
user module

6. မိမိရဲ့ ကိုယ်ပိုင်စာမျက်နာလေ:ကို ပြုပြင်မယ် ။
theme built in function

7. ကဲဆိုက်ကြီးစီပင်တိုးပွားအောင် မိမိရဲ့ အီးမေးလ်ထဲက ဖရင်းတွေကို add ပေးကြမယ် ။
invite module

8. ဒီပိုစ်လေးကြိုက်လွန်းလို.ဆိုပြီး facebook မှာတောင် share လုပ်ဦးမှာ ။
Facebook share

အိုကေ drupal မှာ အဲဒါတွေအကုန်ရတယ် ။ အဲမေ့လို group လေးတွေလဲ ဖွဲ့ချင်ကြမှာပေါ့
။ အော်ဒါနဲ့ မေ့သွားတယ် "တမုန်းဒေါင်းသူများ" အဖွဲ့တို.ဘာတို. ၊ "စက်ပြင်စမူဆာများ" အဖွဲ့ အဲအဲ "စက်ပြင်ဆရာများ" အဖွဲ့တို.ဘာတို.လဲ ဖွဲ့ချင်ကြဦးမှာပေါ့။
orange group module

drupal မှာက module တွေနဲ့ သွာ:ပါတယ် ။ group ဖွဲ့ချင်ရင် group နဲ့သက်ဆိုင်တဲ့ module ကိုဒေါင်:ပြီးလုပ်ရုံပါပဲ ။ဒေါင်:ပြီးရင် ftp နဲ့ ဆိုက်ရဲ့ modules ဆိုတဲ့ folder အောက်သွားထဲ့ ။ localhost ,xampp နဲ့ဆိုလဲ modules ဆိုတဲ့ folder အောက်မှာ copy paste လုပ်ရုံပါပဲ ။

ဆက်ရေးပါဦးမယ်.....

ရန်ကုန်တက္ကသိုလ် အွန်လိုင်း ဒီပလိုမာတန်:နဲ့ မဟာတန်:အတွက်လမ်းညွန်

အားလုံးပဲ မင်္ဂလာပါ။

ကျွှန်တော်က ဝေလင်းထွန်းပါ (Nick က Wayne ဖြစ်ပါတယ်၊ ဝိန်းပါ)။ ကျွှန်တော် ရန်ကုန်တက္ကသိုလ်က အွန်လိုင်း မဟာတန်းနဲ့ ဘွဲ့ရထား ပါတယ်။ အခုဆိုရင် ဘွဲ့ရတဲ့သူ ၆ ယောက် လောက်တော့ရှိပါပြီ။ ကျွှန်တော် ကြုံခဲ့တာလေးနဲ့ အကြံညဏ်ပေး ချင်ပါတယ်။


ပထမဆုံး မဟာတန်းက စပြောရအောင် မဟာတန်:မှာ module ၁၆ ခုရှိပါတယ်။one semester ကို module ၄ခုနဲ့ စုစုပေါင်း semester ၄ ခု တက်ရမှာပါ။ လေ့လာရမယ့် ဘာသာတွေကတော့


  1. Programming,
  2. Computer Science,
  3. Software Engineering ,
  4. Network,
  5. Database နဲ့
  6. Computational Mathematics ပါ။

Semester တစ်ခုကို တစ်ဘာသာ အနည်းဆုံးကနေ လေးဘာသာ အထိယူလို့ရပါတယ်။ ပထမဆုံး ဘာသာရပ်တွေက 611 ကနေ 614 ပါ။ အလယ်က (တစ်) က ကိုယ်ရောက်နေတဲ့ semester ကို ကိုယ်စားပြုပါတယ်။ ဥပမာ semester 3 ဆိုရင် 631 ကနေ 634 ပါ ။ပထမ semester မှာ ဒါတွေသင်ရမှာပါ။


  • COMP 611 - Computer System I
  • COMP 612 - Software Engineering I
  • COMP 613 - Computational Mathematics I
  • COMP 614 - Database Management System I

မွဲပြာပုဆိုးဘဝမှ လွှတ်မြောက်ရာ

လူငယ်နဲ့ ပညာရေးခရီးစဉ်ရဲ့ အဆက်ရေးမယ်လို. အားခဲထားတာ ပျင်းနေတာနဲ့ မရေးဖြစ်ဘူး ၊ အလုပ်ရှုပ်တာလဲ ပါပါတယ်။ ဝက်ဘ်ဆိုက်လေး အချို့ရေးတာလဲ အချောသက်နေတာနဲ့ ပဲ။ open source က ပြဿနာမရှိပေမယ့် ဒေါ့နက်က တစ်ခြားနိုင်ငံတော့မသိဘူး မြန်မာပြည်မှာတော့ တော်တော် ဒုက္ခရောက်ပါတယ်။ Wordpress နဲ့ KTV/club တစ်ခုရဲ့ ဆိုက်ရေးပေးတာ ၃ရက်ကို တော်တော် အချိန်ပိုပါတယ်။ ဒေါ့နက်ကို nopcommerce သုံးပြီး install လုပ်တာလေးကို နစ်ပါတ်ကြာသွားတယ်။ ပြဿနာက visual studio နဲ့ server နဲ့ ချိတ်မရတဲ့ ပြဿနာ။ SSMS သွင်းတာနဲ့ တင် ရှုပ်နေတာပဲ။ database publish လုပ်ဖို.ရာ
အင်းပိတ်ဆို.မှုတွေက ပြင်းထန်ပ။ database ကို local မှာ ဆောက် backup function သုံးပြီး ပြန်ထုတ် ၊ zip လုပ် ပြီးရင် ftp ကိုတင် ။ Cpanel ကိုဝင် တင်လိုက်တဲ့ backup ကို restore function နဲ့ ပြန်လုပ်။ နောက်ပြီးတော့ သက်သာတဲ့ hosting ဆိုတော့ machine.config မှာ view state error တက်ပါရော ဘာမှတောင် မလုပ်ရသေး sign in page ကို ပြန်ပြန်ရောက်သွားတယ်။အဲဒီတော့ machine key ကို အသေရိုက်ထုတ်လိုက်ရတယ်။



ရေးမယ်ရေးမယ်ဆိုပြီ ကုန်ကြမ်းရှာနေတုန်း မှာ မပင့်ဂိုးရဲ့ "Think Out of the box "ကို ဖတ်မိတယ်။ သူကတော့ ပုံသေမတွေ:နဲ့ပေါ့ view ပေါင်းဆုံက ကြည်.ခိုင်:တာပါ။ ကျွှန်တော်ရေးချင်တာက သူများနဲ့ လိုက်ပြီ ပြိုင်မတုပဲ ကို ပိုင်တီထွင်ဖို.ပါ။ အင်္ဂလိပ်လိုတော့ ပြောရမယ်ဆိုရင် Let's create blue ocean ပေါ့ မြန်မာလိုတော့ မွဲပြာပုဆိုး ဘဝကခွဲထွက်ဖို.ပေါ့။



ဒီအကြောင်းနဲ့ ပတ်သက်ပြီ: ဒေါက်တာအောင်ထွန်းသက် (ကိုထွန်းရဲ့ဦးလေး)က Blue Ocean Marketing Strategy ဆိုပြီ ဟောပြောပွဲတွေ လုပ်ပြီးပါပြီ။ သူကတော့ သူ.ရဲ့ version ပေါ့။ ကျွှန်တော်ကတော့ ကျွှန်တော့် version ပေါ့ ။ ကျွှန်တော်ပြောလိုတာက Blue Ocean တစ်ခုတည်းမဟုတ်ပါဘူး ၊ "Think out of the box" တစ်ခုတည်းမဟုတ်ပါဘူး တစ်ခြားဟာတွေလဲ ပါပါတယ်။



ကျွှန်တော်တို. မြန်မာတွေက( မြန်မာလို.ဆိုတဲ့ နေရာမှာ တိုင်းရင်:သားတွေတွင်မကပါဘူး မြန်မာပြည်မှာ နေကြတဲ့ တရုတ် ၊ ကုလား အကုန်ပါပါတယ်) မေတ္တာတရားကြီးမားကြပါတယ်။ ဂရုဏာတရားလဲရှိကြပါတယ်။ ရိုင်းပင်းတယ် ကူညီတက်တယ်။ ကိုယ့်မှာ တစ်ကျပ်ရှိရင် ပြားငါးဆယ် ခွဲပေးဖို.ဝင်မလေးကြပါဘူး။ ဒါပေမယ့် မုဒိတာတရားတော့ အင်မတန် အားနဲကြပါတယ် ။ မုန်းချင်လဲ မုန်းကြမယ် အဲဒါက အမှန်တရားပဲ။ သူ.အပေါ်ငါကျေးဇူးရှိတယ် တစ်သက်လုံး မကုန်အောင်ပြောကြပါတယ်။ ကျေးဇူးခံကျေးဇူးစားကို တလေကြီးပြောကြပါတယ်။ အမှန်ကတော့ ကျေးဇူးဆပ်တယ်ဆိုတာ Pay it forward ကပို ကောင်းပါတယ်။ ကိုယ့်ကို သူများက ကူညီခဲ့ဘူးရင် တခြားသူတွေကိုလဲ ထပ်ဆင့်ကူညီလိုက်ပါ။



ငယ်ငယ်ကတည်းက အရိုးစွဲလာတဲ့ ပုံစံခွက်ရိုက်သွင်းတဲ့ ပညာရေးစနစ်ကို ပဲအပြစ်တင်ရမလား ၊ ဝေဖန်ရင်မကြိုက်ကြတဲ့ ထုံးစံကို ပဲ အပြစ်တင်ရမလား ၊ တိုးတက်ချင်စိတ်မရှိတဲ့ လူငယ်တွေကိုပဲ အပြစ်တင်ရမလား ။ အသစ်ကို လက်ခံဖို.တော်တော်ဝန်လေးကြတာကို တွေ့ရပါတယ် ။ ဥပမာလေးတစ်ခု ပေးပါရစေ ဟိုတုန်း က ကားတွေမှာ နောက်ယက်က မတရားတော်တော ခေတ်စားပါတယ်။ ကားဆိုနောက်ယက်မှ ကောင်းတယ်လို. တသက်မှတ်တည်း မှတ်ကြပါတယ်။ ပုံမှန်အားဖြင့် ကားရဲ့ အင်ဂျင်က အရှေ့မှာရှိကြပါတယ် ။ နောက်ယက်ဆိုရင် အလယ်ကဝင်ရိုးနဲ့ ဆက်သွယ်ရပါတယ်။ physics ရဲ့ သဘောတရားအရ အလယ်က ဝင်ရိုးခံရတဲ့ အတွက် အင်ဂျင်ရဲ့ စွမ်းဆောင်ရေ အချို့ ပျောက်ဆုံးသွားပါတယ်။



အဲဒါကိုသိတဲ့ volkswagen ကားလေးတွေက အင်ဂျင်ကို အနောက်မှာ ထိုင်ပါတယ်။ ဒါမှ နောက်ဘီးကို ဝင်ရိုးနဲ့တွဲစရာမလိုတဲ့ အတွက် အင်ဂျင် သက်သာပြီး၊ ဆီစားနည်းပြီး မိုင်များများသွာ:နိုင်ပါတယ် ။



နောက်ပိုင်းနည်းပညာထွန်းကားလာတဲ့ အခါမှာ ဒူ:စစ်နဲ အရှေ့ယက်ကားတွေပေါ်လာပါတယ်။ အင်ဂျင်နဲ့ ဘီးနဲ့ တွဲစပ်ပြီးလုပ်ထားတဲ့ အတွက် ပိုပြီးကုတ်အားကောင်းပြီ: ရှေ့ယက်ပုံစံက ကုန်းတက်ရတာပိုအဆင်ပြေပါတယ်။ အဲတောင်တက်တော့မဟုတ်ဘူးပေါ့ ။ ကုန်တင်ကားကြီးတွေမှာ နောက်ယက်ဖြစ်ပါတယ် ။ အိမ်သုံးအတွက်တော့ ရှေ့ယက်က အကောင်းဆုံးပါပဲ ။ ဒါပေမယ့် ဒီမှာက ဒူ:စစ်ဆိုတာဘာမှန်းမသိ ပြင်လဲ မပြင်တက်ကြတဲ့အတွက် ရှေ့ယက်ကြီးဆိုပြီး ဟို:အရင်က နောက်ယက်ကားအစုတ်တွေကို ပိုက်ဆံအကုန်ခံပြီးဝယ်ကြပါတယ်။

သူများကို မပြောလိုပါဘူး ပညာတက်တဲ့ ကျွှန်တော့်အမျိုးတွေတောင် color TV က အပျက်မြန်တယ်ဆိုပြီ: Black & White TV ကို နစ်ပေါင်းများစွာ သီးခံပြီးကြည်.ကြပါတယ်။



တီထွင်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အသစ်ကို လက်ခံနိုင်မူအားနဲပါတယ်။ ကိုယ်တိုင်လဲ မဖန်တီးတဲ့ အပြင် ဖန်တီးတဲ့သူတွေရှိရင်လဲ ဝိုင်းပြီးရှုပ်ချကြပါတယ်။ အသစ်ကို လက်မခံတယ်ဆိုတာ အကြောင်းနစ်ခုရှိပါတယ် ။ တစ်ခုက ရှေးရိုးစွဲဝါဒ မို.လို. ၊ နောက်တစ်ခုက ဘာဆိုဘာမှကို မသိကြလို. ။ ဒုတိယတစ်ခု ပိုဖြစ်ဖို.များပါတယ် ။ တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်လို တိုင်းပြည်မျိုးမှာတောင် ရှေးရို:စွဲ(Conservation) က ရှိပါတယ်။ မြန်မာပြည်လောက်တော့ မဆိုးဘူးပေါ့။ စာတက်မြောက်မူကွာတာကိုး ။



ကျွှန်တော်တို.ငယ်ငယ် တတည်းကစားလာတဲ့ မုန့်တွေနဲ့ ဥပမာပေးပြီ:ပြောချင်ပါတယ် ။ အုန်းမွေးလုံး လူတိုင်းစားဘူးကြမှာပါ။ အရင်ကတည်းက ဒီပုံစံပဲ အခုလဲ ဒီပုံစံပဲ။ ဘိန်းမုန့်ကတော့ တိုးတက်လာတယ်ပြောရမယ် ။ ထောပတ်နဲ့ သီဟိုစေ့ပါလာတယ်။ ကျွှန်တော် ငယ်ငယ်တုန်းက ဂျုံနဲ့လုပ်တဲ့ မုန့်တွေကို ပုံလုပ်ပြီးလုပ်ရောင်းတာ တော်တော်ရောင်းကောင်းပါတယ် ။ စားလို.လဲမရ ။ ကြာကြာလဲမခံပါဘူး ။ ဝူးခုန်:ပုံဖြစ်ရင်ဝယ်တာပါပဲ ။ ရေခဲမုန့်ကို မိုနဲ့လုပ်ပြီး ဥပမာ အသဲပုံဆိုရင် တော်တော်ရောင်းကောင်းမှာပဲ။ ဘိန်းမုန့်ကို အဝိုင်းပုံသာလုပ်နေတာ ။ လေးထောင်. သို.မဟုတ် sandwich လိုမျို:လုပ်ပြီး အလယ်မှာ အစာထဲ့ပြီးရောင်းရင်ကော မဖြစ်နိုင်ဘူးလား ။ မြန်မာပြည်မှာ ပြောင်းလဲ ရတာတော်တော် ကြောက်ပုံရတယ်။ အရင်အနစ် ၂၀ကလဲ ဒီအတိုင်းပဲ အခုလဲ ဒီအတိုင်းပဲ ။ တိုးတက်တာဆိုလို. ကောင်မလေးတွေဝတ်တဲ့ စကပ်ပဲဖြစ်မယ်ထင်တယ်။



မြန်မာလူမျိုးတွေက သူများလိုက်လုပ်ရင် လိုက်တာဝါသနာပါပုံရကတယ်။ ကိုယ်ပိုင် တီထွင်ဖို.လဲ မကြိုးစားကြဘူး။ ပြောရင်လဲ စိတ်ဆိုးကြဦးမယ်။ မြို့နယ်တော်တော်များများမှာ ဒီနားမှာ Tea Shop သူများလုပ်တာ အောင်မြင်ရင် လိုက်လုပ်တယ် ။ ထမင်းဆိုင်ရောင်းကောင်းရင် လိုက်ဖွင့်ပြီးရောင်းကြတယ်။ ဒီမှာ ဘီယာဆိုင်ဖွင့် မကြာခင်နောက်တစ်ခု ။ အခုလဲ ဖုန်းရောင်းတဲ့ဆိုင်တွေပေါ်လာပြန်ပြီ ။ ဘယ်လောက်ခံမလဲ တော့ မသိဘူး။

အကြံတူ နောက်လူသာစမြဲ ဆိုတာရှိပါတယ် ။ နောက်တစ်ခုလဲရှိသေးတယ် သူများနောက်ပိတ်** ဆိုလားပဲ ။ ပတ်ဝန်:ကျင်အခြေနေ ၊ ဈေ:ကွက်အနေအထား ၊ စာသုံးသူ လဲမတွက်ကြဘူး။ သူများအောင်မြင်ရင် လိုက်လုပ်တာပဲ။ ရှေ့ကလူကလဲ အရောင်းအ ၊ နောက်လူလဲ အလုပ်မဖြစ် ။ ပြိုင်ဆိုင်ကြရင်: အင်း.... အဲဒီအနေအထားကို Blue Ocean စာအုပ်မှာ Red Ocean ဖြစ်နေတယ်လို.ဆိုထားပါတယ်။ ပြောရရင်တော့ သွေးတွေနဲ့ နီမြန်းနေတဲ့ ဈေ:ကွက်ပေါ့ ။



Red Ocean ဖြစ်လာတော့ ဘာတွေဖြစ်လာသလဲ ပြိုင်ဆိုင်မူတွေများလာတယ် ။ သူကလဲ ဒါထုတ်တယ် ကိုယ်ကလဲ ဒါထုတ်တယ် ။ အပြိုင်အဆိုင် ဈေ:တွေလျှော့ကြတယ် ။ ကြော်ငြာကြတယ်။ စာသုံးသူအတွက်တော့ ကောင်းပါတယ် ။ ပစ္စည်းတွေကို ဈေ:ချိုချိုနဲ့ရတယ် ။ ဈေ:ကွက်စီးပွားရေးရဲ့ အသွင်ပေါ့။ လုပ်ငန်:သေးသေးလေးနဲ့ လုပ်ငန်:ကြီးကြီး ပြိုင်တယ်ဆိုပါတော့။ သူကလဲ ဒါထုတ်တယ် ဒါရောင်းတယ် ။ နောက်တစ်ခုကလဲ ဒါထုတ်တယ် ဒါရောင်းတယ် ။ ရှင်ပြိုင်ကြတော့ လုပ်ငန်:ကြီးက အရှုံးခံပြီး ကုန်ပစ္စည်းတွေကို ရောင်းလိုက်တယ်ထားပါတော့ ။ လုပ်ငန်:သေးလေး ပြုတ်ကော ။ လုပ်ငန်:သေးလေး ပြုတ်ပြီး ပြိုင်ဘက်မရှိတော့ရင် လုပ်ငန်:ကြီးက အရှုံးခံပြီးရောင်းခဲ့တာကာမိအောင် ဈေ:တင်ရောင်းကော။ ဘယ်သူတွေထိခိုက်မလဲ? လုပ်ငန်:ကြီးတွေလဲ အဲလိုမျို:ပြိုင်ရတာ များလာရင် အရှုံးနဲ့ရင်ဆိုင်ရမှာပါပဲ။

လုပ်ငန်:ကြီးတွေအချင်းချင်းလဲ ပြိုင်ရတာပါပဲ ။ ပြိုင်ဆိုင်ရင်တိုးတက်တယ်ဆိုပေမယ့် ကိုယ်ရောင်းသင့်သလောက်တော့ မရောင်းရဘူးပေါ့ ။ အဲဒီတော့ဘယ်လိုလုပ်မလဲ ။ သူများနဲ့ မတူတဲ့ product တစ်ခုထုတ်နိုင်ရင် ပြိုင်စရာမလိုတော့ဘူးပေါ့ ။ ဥပမာ i-phone ဆိုရင် သူများနဲ့ မတူတယ် တမူထူးကဲတဲ့အတွက် ကျန်တာအပထား တော်တော်လေးကို ရောင်းလိုက်ရပြီး Apple ရဲ့ ရှယ်ယာဈေ:တွေက Microsoft ထပ်တက်သွားတာပါပဲ ။ Blue Ocean Strategy ဆိုတာ အဲဒီ concept ပါပဲ။



ရှေ:တုန်းက လူတွေက ပစ္စည်းတွေကို သယ်ယူဖို. ကြိုးနဲ့ဆွဲကြတယ် ။ ပြီးတော့ ဘီးတွေပေါ်လာတယ် ။ လူအင်အားသက်သာလာတယ် ။ ပိုပြီးမြန်ဆန်လာတယ်။ကမ္ဘာမှာ မြန်မာလူမျိုးပဲရှိရင် လှည်းတောင်ပေါ်ပမလားမသိဘူး ။တနေ့ကြတော့ မင်းတုန်းမင်းတရားကြီးကို နိုင်ငံခြားက သံတမန်တစ်ဦးက လာတွေ့ပါသတဲ့ (နာမည်မမှတ်တော့ပါ) ။ သူ.မှာပါလာတာ ကမ္ဘာမြေပုံပါ ။ သူက မင်:တုန်းမင်းကို အင်္ဂလိပ်တွေရဲ့ နေမဝင်အင်ပါယာကြီးကို ပြပါတယ်တဲ့ ပြီးတော့ လက်ရှိမြန်မာနိုင်ငံ (အောက်မြန်မာပြည်ကို အင်္ဂလိပ်တွေ သိမ်းထားပါတယ်)ကို ကမ္ဘာမြေပုံမှာ ဝိုင်းပြီးပြပါသတဲ့ ။ ။ ပြဿနာက “ဒီလောက်တောင်သေးရသလားဆိုတော” နံမိတ်ထွန်းတဲ့ တောင်ကျွန်:ကို တော်တော်ကြီးနေပုံထင်ရပါတယ်။ အဲဒါနဲ့ စိတ်ချမ်းသာအောင် ကြီ:ကြီးဝိုင်းပြရပါသတဲ့ ။ ဆိုလိုချင်တာက သူများကို အပြစ်တင်တာမဟုတ်ပါဘူး ။


အရင်တုန်းကလဲ ခေတ်နောက်ကျခဲ့လို. ရှိတာတွေကုန်သွားပြီးပီ ။ ခေတ်မီအောင် မျက်လုံးတွေကို ဖွင့်ကြပါတော့ ။ ၂၁ရာစုမှာ ခတ်နောက်ကြနေတဲ့ အတွေးအခေါ်တွေ အပြုအမူတွေကို ရပ်တန်:က ရပ်သင့်ပါတယ်။ ဒဂုံမှာ တစ်နစ်ကျော်တက်ဘူးပါတယ် ။ ပုဆိုးရဲ့ လုံချည်မဝတ်မနေရ ။ လက်မှာ စတီးချိုင်.ကတစ်ဖက် ၊ ချာလီထီးက တစ်ဖက် ၊ လွယ်အိပ်က လွယ်ထား ၊ reference လုပ်ဖို.စာအုပ်အထူကြီးရယ် ၊ချိုင့်ရယ်ကိုတွဲကိုင် ၊ ချာလီထီးကို ကျောကုန်:မှာချိတ် ၊ ပုဆိုးမကျွက်အောင် လက်ကတစ်ခါတစ်ခါကိုင်ပြီး ငပိသိပ်နေတဲ့ ဘတ်စ်ပေါ်မှာ မိုးကရွာ ကားမှာမိုးကယို ။ ကျွှန်တော်လိုပဲ ကျောင်းသား ၊ ကျောင်းသူတွေ ဘာလုပ်မယ် ထင်လဲ။ ကျိန်ဆဲတာပေါ့ ။



ခေတ်မီအောင်ဆိုပြီး ခေတ်မီအောင်လုပ်တာကို အကြောင်းပြပြီး မဟုတ်တာလုပ်တာတော့ မကောင်းပါဘူး။ ဒီမှာ နောက်ပြဿနာတစ်ခုက ကျွှန်တော် YUFL မှာတက်တုန်းက ၂၀ဝ၁-၂၀ဝ၂ မှာမိန်းကလေးတွေ ကျောင်းမှာဝတ်တာတော်တော် ပေါ်ပါတယ် ။ကျွှန်တော်တို.ကတော့ ဘာမှာ မဖြစ်ပါဘူး။ သူဟာသူ ဝတ်နိုင်လို.ဝတ်တာပဲ ။ ကိုယ်သွားမကြည်. မမြင်ရပါဘူး ။ တရားလွန်လာလို. တက္ကသိုလ်နဲ့တူအောင် တားမြစ်တာ လက်ခံနိုင်ပါတယ် ။ လုံလုံခြုံခြုံ ဂျင်:/ရိုးရိုးဘောင်းဘီ အရှည် ကို ဝတ်မရတာ လုံးဝ လုံးဝကို လက်မခံနိုင်ဘူး။

ပြသာနာတွေက ဒီမှာက “chain of command” ကို တော်တော် သဘောကျပုံရတယ် ။ ဒါနဲ့အဆင်မပြေပြောင်းပေးပါ လာမပြောနဲ့ ညောင်း ။ လုပ်နေတဲ့ စီးပွားရေးပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ဘယ်လိုမဆို ဘယ်သူပဲဖြစ်ဖြစ် အမြင်ပြောတာ ၊ အကြံပေးတာ လက်မခံရင်တောင် နားထောင်ပေးသင့်ပါတယ် ။ စနစ်ကို ကောင်းတယ် မကောင်းဘူးဆိုတာထက် လူကပိုပြီးအရေးကြီးပါတယ် ။ အစုရှယ်ယာလုပ်ငန်:ထက် ကိုယ်ပိုင်လုပ်ငန်:ကပိုပြီး အောင်မြင်နိုင်ပါတယ် ။ အရေးကြီးတာက “လူ” ။ ကိုယ့်လုပ်ငန်:မှာ တော်တဲ့သူရှိရင် တက်တဲ့သူရှိရင် ကျွမ်းကျင်တဲ့သူရှိရင် အောင်မြင်တာပါပဲ ။ ဒါပေမယ့် တက်တဲ့သူတစ်ဦးဟာ သူကို မတက်တဲ့သူက ဆရာလုပ်ရင်လက်ခံမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ အရည်အချင်းရှိပါတယ် ။ လမ်းဘေးက လူလဲ တော်တဲ့နေရာမှာ တော်ပါတယ် ။ အထင်မသေ:သင့်ပါဘူး ။အရေးကြီးတာက သူတက်ကျွမ်းကျင်တဲ့ ၊ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်ဖို.ပါပဲ ။ အဓိကက စနစ်မဟုတ်ပါဘူး လူပါ ။ ကိုယ်ပြောတင် ခေါင်းညိတ်မယ့်သူထက် အကျိုးအကြောင်းနဲ့ ညင်းတဲ့သူက ပိုပြီးအဖိုးတန်ပါတယ် ။


မိဘတွေက သားသမီးကို တော်စေတတ်စေ ကောင်းစေချင်တာ လက်ခံပါတယ် ။ ကလေး ဘာဖြစ်ချင်တယ်ဆိုတာ မကြည်.ကြဘူး ။ လူဆိုတာ တစ်ဦးနဲ့ တစ်ဦးအမြင်မတူဘူး ။ ဝါသနာမတူဘူး ။ electronic စိတ်ဝင်စာ:တဲ့ ကလေးရှိပါတယ် ၊ လေယာဉ်မောင်းချင်တဲ့သူရှိတယ် ၊ စစ်သားဖြစ်ချင်တဲ့သူရှိတယ် ၊ ဆရာဝန်ဖြစ်ချင်တဲ့သူရှိတယ် ၊ ဆရာလုပ်ချင်တဲ့သူရှိတယ် အမျိုးမျိုးပါပဲ ။ ပုံစံရိုက်သွင်းတိုင်းမကောင်းပါဘူး ။ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်မှ အောင်မြင်မှာပါ ။ စိတ်မဝင်စားရင် အတင်းလုပ်ဆိုလဲ အပိုပါပဲ ။ အခုတလောက လောလောလတ်လတ် ကြည်.မိတဲ့ တော်တော်ကြိုက်တဲ့ ကားလေးရှိတယ် ။ “3 idiots “ ဆိုတဲ့ အိန္ဒိယကာ:လေးပါ ။ နဲနဲလူကြိုက်အောင် ပိုပိုသာသာလေးလုပ်ထားပေးမယ့် မဆိုးပါဘူး။ ပြောချင်တာက သူကပေးတဲ့ message ပါ ။ သူငယ်ချင်းသုံးယောက်ရှိပါတယ် ။ အားလုံးက အိန္ဒိယရဲ့ အကောင်းဆုံး တက္ကသိုလ်ကို ရောက်လာကြပါတယ် ။ တစ်ယောက်က photographer ဖြစ်ချင်တာပါ ။ အိမ်ကအတင်:လွတ်လို. သာရောက်လာတယ် စိတ်ဝင်စားတာမဟုတ်ပါဘူး ။ စိတ်မစားတာ ကို အတင်းလုပ်ရင် မအောင်မြင်ဘူး ၊ လူမူရေး ၊ မိတ်ဆွေကောင်းတွေကလဲ အရေးကြီးတယ်ဆိုတာ ယဉ်ယဉ်လေး ဥပမာပေးထားပါတယ် ။ ကြည်.လိုက်ပါ တစ်ခုခုတော့ ရင်ထဲမှာကျန်ခဲ့မှာပါ ။



ဆက်ရေးပါဦးမယ်...

References :


http://en.wikipedia.org/wiki/Blue_Ocean_Strategy

Think-out-of-the-box (Myanmar Translation By Ma. Pink Gold)
Blue Ocean Marketing Strategy Presentation by Dr.Aung Tun Thet

Some of the knowledge sharedby friends (Ko Ravi, Ko Aung Myo Lwin, Ko Myo Aung, Saturn etc)