Tuesday, February 25, 2014

Project တစ်ခုအတွက် ကုန်ကျငွေကို တွက်ချက်ခြင်း

မေးလာတဲ့သူတွေများလာလို့  ဗဟုသုတရအောင်ပါ။ မေးခွန်းကတော့ ပရောဂျက်တစ်ခုကို ဘယ်လိုပိုက်ဆံယူလဲဆိုတာပါ။ အကြမ်းဖြင်းအားဖြင့် ကျွန်တော် လုပ်ပေးလေ့ရှိတဲ့ ပုံစံပါ။ ပရောဂျက်က နစ်မျိုးရှိတတ်ပါတယ်။ တစ်ခုကတော့ annual income ပြန်ရတာမျိုးပါ။ နောက်တစ်ခုကတော့ one time development ဖြစ်ပါတယ်။

One Time Development ဆိုရင်တော့ ရှိရင် အချိန်ကို အမှီပြုပြီးကုန်ကျတာကို သုံးနဲ့ မြောက်လိုက်ပါ။ ဥပမာ ကိုယ်ဝင်ငွေက တစ်လ ဆယ်သိန်းရှိတယ်ဆိုရင် လုပ်ရတာ တစ်လကြာမယ့် ပရောဂျက်ဆိုရင် ၃၀ တောင်းပါ။

ပထမအပိုင်းက - တကယ်ကုန်ကျမယ့် ပမာဏဖြစ်ပါတယ်။
ဒုတိယအပိုင်းက - risk management ဖြစ်ပါတယ်။ တကယ်လို့  လူလိုတာတို့  ၊ ထွက်သွားတာတို့  အတွက် cover ဖြစ်အောင်ပါ။
တတိယအပိုင်းက- ကိုယ့်အတွက်အမြတ်ဖြစ်ပါတယ်။ 

ပထမအပိုင်းကတော့ ကိုယ်သုံးရမယ့်အပုံဖြစ်ပါတယ်။ ပိုနေရင်တောင် သုံးပစ်လိုက်ပါ။

ဒုတိယအပိုင်းမဖြစ်ခဲ့ရင် ပိုလျှံရင် အနာဂတ်အတွက် သုံးပါ။ (ဥပမာစက်တွေ ထပ်ဝယ်တာမျိုး) ။ မလိုအပ်ရင်စုပါ။

တတိယအပိုင်းကတော့ စုဆောင်းရမှာဖြစ်ပါတယ်။ 

Service ပိုအားသန်တဲ့ Maintenance ပိုင်းပိုလိုတဲ့ ပရောဂျက်တွေဆိုရင်တော့(ဥပမာ ၀က်ဘ်ဆိုက်) ဆိုရင်တော့ သက်သက်သာသာနဲ့  အရူံးခံလုပ်ပေးလို့ ရပါတယ်။ ၀က်ဘ်ဆိုက်လိုမျိုးက နစ်တိုင်း ပိုက်ဆံပြန်ဝင်တာမျိုးဖြစ်ပါတယ်။

ဥပမာအားဖြင့်  ၀က်ဘ်ဆိုက် ၁၀ခုရေးရင် တစ်နစ်ကို ၁၀သိန်း အလကားရမှာဖြစ်တဲ့အတွက်ပါ။ Maintenance လိုရင် Junior တစ်ယောက်ကို ငှားပြီးသင်ပေးပြီးခိုင်းလို ရပါတယ်။ အစကတည်းက လွယ်ကူအောင်လုပ်ထားသင့်ပါတယ်။ (ဥပမာ ဆယ်တန်းအောင်တောင် instruction စာဖတ်ပြီးလုပ်တတ်အောင်)များများရအောင် လုပ်ပါလို့  အကြံပေးချင်ပါတယ်။

ပုံသေကားကျတော့ တွက်လို့ မရပါဘူး။ လူပေါ်လည်းမူတည်ပါသေးတယ်။ ဥပမာအားဖြင့် Client က ဂျီးများပြီး သိပ်ကို Sensitive ဖြစ်ရင် ပိုတောင်းပါ။ ဘာဖြစ်လို့ လည်းဆိုတော့ များသောအားဖြင့် အချိန်ပိုပေးရတတ်လို့ ပါ။

နောက်ပြီး ကုမ္ပဏီဆိုပြီး အခြေတကျဖြစ်ရင်လည်း ငါးဆလောက်အထိတောင်းသင့်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ပရောဂျက်မရတဲ့ ကာလမှာ ၀န်ထမ်းတွေကို လခပေးနိင်အောင်ပါ။

အရေးကြီးတာတော့ နာမည်ပါပဲ ။ လုပ်တာ သပ်ရပ်တယ်။ စေသနာပါတယ်။ အတတ်နိင်ဆုံး အဆင်ပြေအောင်လုပ်ပေးတယ်။ ကြာနေခဲ့ရင်လည်း ဘာကြောင့်ကြာတယ် ဆိုတာကို ရှင်းပြနိင်ရပါမယ်။

ပရောဂျက်ရဖို့  ပိုက်ဆံလျှော့ယူဖို့ထပ် ဘယ်လို Service ပြည့်အောင် ပိုကောင်းအောင်ပေးမလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။

အရေးကြီးတာ နောက်တစ်ခုကတော့ ပရောဂျက်တိုင်း အောင်မြင်ဖို့ မလွယ်တာပါ။ မရတော့ဘူးဆိုရင် အဆင်ပြေအောင် ဘယ်လိုရှင်းမလဲဆိုတာကို တစ်ခါတည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ Requirement တွေကိုလည်း တစ်ခါတည်း ညှိနိုင်းထားသင့်ပါတယ်။ ပိုလုပ်ခိုင်းရင် ပိုတောင်းပါ။ မလုပ်နိင်ရင် အစကတည်းက ညင်းပါ။ နောက်မှဆို တိုင်ပတ်ပါလိမ့်မယ်။

Tuesday, October 8, 2013

ဇော်ဂျီဖောင့် ၂၀၀၉

အောက်ပါလင့်ကတော့ နောက်ဆုံးထွက် ၂၀၀၉ ဇော်ဂျီဖြစ်ပါတယ်။ စာတွေပိုမှန်လာပြီး Mac OSx  ရဲ့ Firefox မှာပါ အလုပ်လုပ်ပါတယ်။

ကျွန်တော်မပိုင်ပါဘူး ။ သက်ဆိုက်ရာ Developer တွေ  Publisher တွေကို Credit ပေးပါတယ်။

သိရသလောက်ကတော့ ပြင်ဆင်ပေးသူက ကိုစိုးမင်းဖြစ်ပြီး
Publisher ကတော့ Mandalay Alpha Myanmar ပါ။

အောက်မှာ ရယူနိင်ပါတယ်။


Zawgyi 2009 Download

Monday, September 30, 2013

ဂိမ်းတွေက လူဆိုးတွေဖြစ်စေသလား?



များသောအားဖြင့် ကျွန်တော်ဒီအကြောင်းတွေကို သိပ်ပြီးရေးလေ့မရှိပါဘူး ။ သိသာထင်ရှားပြီး ကိုယ်တိုင်လည်း အကျိုးကျေးဇူးရှိနေတဲ့ ကိစ္စဖြစ်နေတဲ့အတွက် သူများနဲ့  အပင်ပန်းခံပြီးပြောနေတာ ညင်းနေစရာမလိုတာ သိပြီးသားဖြစ်ပါတယ်။ သို့ ပေမယ် ခုတလော အင်တာနက် ၊ ဂျာနယ်တွေမှာ မန္တလေး နဲ့ တခြားမြို့ ကြီးတွေမှာ ပေါ်ပေါက်လာတဲ့ ဒုစရိုက်တွေအကြောင်းကို ဂိမ်းတွေဆော့လို့ ဖြစ်ပေါ်ပါတယ်  ဂိမ်းတွေက လူသတ်ချင်စိတ်တွေ ၊ သတ်ဖျက်ချင်စိတ်တွေဖြစ်ပါတယ်လို့ ရေးနေကြလို့  ဖြေရှင်းဖို့ လိုတယ် ပြောပြဖိုလို ထက်လို့ ပါ။ အဲဒီစာရေးသူအချို့ မှာ တက္ကသိုလ်ကျောင်းဆရာမတွေ ၊ နိင်ငံခြားရောက်သူတွေပါပါလာတဲ့ အတွက် ဒီအချိန်မှ မပြောရင် ပိုဆိုးလာမယ်ထင်လို့ ပါ။

ကျွန်တော့်အကြောင်းကို များသောအားဖြင့် ပြောပြလိုစိတ်မရှိပါဘူး။ လိုလည်းမလိုအပ်ပါဘူး ထင်လို့ ပါ သို့ ပေမယ် ဒီစာကို မရေးခင်ကျွန်တော့်အကြောင်း နည်းနည်းတော့ပြောပြချင်ပါတယ်။ ကျွန်တော်တို့ ဂိမ်မာတွေက ဘလိုင်းကြီး  ကိုယ်တိုင်က ဘာမှမဖြစ်လာတဲ့ ဂိမ်းဆွဲနေတဲ့လူ ၊ အချိန်ဖြုန်းနေတဲ့သူထင်နေကြမှာဆိုးလို့ ပါ။ စာရေးသူက ကွန်ပျူတာ ပညာသင်ကြားနေတဲ့ သင်တန်းဆရာနဲ့  ပရောဖက်ရှင်နယ် ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က မဟာဘွဲရပြီးသားပါ။ ကွန်ပျူတာအသင်းတစ်ခုက လူကြီးပိုင်းမှာပါဝင်ပါတယ်။

ကျွန်တော့် အသက် ၂၉နစ်ရှိပါပြီ။  တစ်လကို ၀င်ငွေ ဆယ်သိန်းခန့် ပျမ်းမျှရှိပါတယ်။ ကျွန်တော့် မိဘလုပ်ငန်းကို လုပ်တာမဟုတ်ပါဘူး ။ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်နေတာပါ။ ကျွန်တော့်အကြောင်း အချိန်မရွေး စုံစမ်းပါ။ ကျွန်တော် တစ်နေ့ ကို ဂိမ်းလေးနာရီအထက်ဆော့တဲ့ ဂိမ်မာတစ်ယောက်ပါ။ အရင်တုန်းက ၈နာရီလောက်ဆော့ခဲ့ပါတယ်။ တတ်ကြွတဲ့ Social Life လည်းရှိပါတယ်။ ကျွန်တော့်မှာ ရည်စားလည်းရှိပါတယ်။ အရက်လည်းမသောက်ပါဘူး ဆေးလဲမဆွဲပါဘူး။ ဟုတ်ပါတယ် ကျွန်တော့်တို့  အသက်အရွယ်ပိုင်း ဂိမ်မာအသိုင်းအ၀ိုင်းမှာတော့ ကျွန်တော့် အခြေအနေ က ပုံမှန်ဆိုရုံပဲ ရှိပါတယ်။ တော်တော်များများက ကျွန်တော်ထက်တောင် တော်ကြပါသေးတယ်။ ကြွားလိုတဲ့ လုံးဝမရှိပါကြောင်း ဂိမ်မာတွေထဲ့က တစ်ယောက်အကြောင်း ဥပမာပေးတာပါ။ ကျွန်တော်ပြောတဲ့စကားကိုလည်း ပေါက်ပန်းစေး အလေနက်တော့ တစ်ယောက်ပြောတယ်မထင်ပဲ လေးနက်စေချင်လို့ ပါ။

ဆောင်းပါးတွေမှာ ဖော်ပြထားတာတော့ ဂိမ်းဆိုင်မှာ ဆေးတွေ အရက်တွေရောင်းတယ် ၊ သုံးနေကြတယ်လို့ ဆိုပါတယ်။ ဂိမ်းဆိုင်တွေမှာ စ အရက်သောက်မူးရူး သောင်းကျန်းတယ်ဆိုပါတယ်။ ကျွန်တော့်ဘယ်မှာ ဘာဖြစ်တယ်ဆိုတာတော့ မသိပါဘူး။ သေချာတာတော့ စိတ်ကို ပြောင်းလဲစေတဲ့အရာတိုင်း ဂိမ်မာတွေနဲ့  လုံးစ မအပ်ဆက်တာတော့ သေချာပါတယ်။ ဂိမ်းတစ်ခုဆော့ဖို စိတ်ကိုပြောင်းလဲစေတဲ့ အရာတွေသုံးဖို့ နေနေသာသာ တော်ရုံတန်ရုံ အာရုံစိုက်မူနဲ့ တောင်မရပါဘူး။ ဥပမာအားဖြင် ခေါင်းနည်းနည်းမူးရင်တောင် ဆော့လို့ မရပါဘူး ။ ဂိမ်မာတွေကို မေးကြည့်လို့ ရပါတယ်။ မမေးချင်ရင်တောင် ခေါင်းနည်းနည်းမူးနေတဲ့အချိန် လက်ကိုင်ဖုန်းလေးနဲ့  ဂိမ်းလေးတစ်ခုဆော့ကြည့်စေချင်ပါတယ်။ မူးရူးပြီး ဂိမ်းဆိုင်မှာ အပြင်မှာ သောင်းကျန်းတယ်ဆိုတာတော့ တော်တော်ကြီးကို လေ့လာစုံစမ်းမူမရှိပဲ ပြောတဲ့ ကိစ္စပါ။ ဘယ်သူမှ ဂိမ်းဆော့ရင် ကိုယ့်အသင်းမှာ အမူးကို လက်မခံကြပါဘူး။
နောက်ပြီး ဆေးဆွဲတယ်ဆိုတာ ပိုက်ဆံတော်တော်ရှိမှ ဖြစ်တာပါ။ အပြင်မှာဝယ်ရင်တောင် ဒီအရာတွေက တော်တော်ကို အများကြီးပေးရတာပါ။ ဂိမ်မာတွေက ဂိမ်းအသစ်တွေဆော့တာနဲ့  ဂိမ်းဆိုင်မှာသုံးရတာနဲ့  အရက်သောက်ဖို့ နေနေသာသာ ပိုက်ဆံတောင် လောက်ရင်ကံကောင်းပါ။ မိဘက ပိုက်ဆံချမ်းသာလို့  ဆေးဆွဲ နေတယ် ပျက်စီးနေတယ်ဆိုရင် သက်သက်ကိစ္စဖြစ်ပါတယ်။ ဂိမ်းမဆော့ပဲ ဆေးဆွဲနေတဲ့သူတွေက ပမာဏအများကြီးကို ပါဝင်မှာသေချာပါတယ်။ ဆောင်းပါးတွေမှာ ရေးထားတာက ဂိမ်းဆော့ခြင်းကြောင့် မူးယစ်ဆေးသုံးဆွဲတာကိုအားပေးပြီး ပျက်စီးတယ်ဆိုရင် လွယ်လွယ်လေးစဉ်းစားကြည့်ပါ။ မူးပြီးကြောင်နေတဲ့သူက ဘယ်လိုဂိမ်းဆော့မှာတုန်း !

ကျွန်တော်တို့  တက္ကသိုလ်ကျောင်းသားဘ၀ ၂၀၀၀-၂၀၀၅ လောက်မှာ မုန့် ဖိုး ၁၀၀၀ ကျပ်လောက်ရကြပါတယ်။ ၂၀၀ ကို ကန်တင်းမှာ ကော်ဖီသောက်ပါတယ်။ ၂၀၀ ကို ဘတ်စ်ကားခ ချန်ထားပါတယ်။ ကျန်တဲ့ ၆၀၀ ကို ဂိမ်းဆော့ပစ်ပါတယ်။ ပိုက်ဆံကို တစ်ရာလောက်ကျန်ရင် ကံကောင်းပါ။ ကျွန်တော်သူငယ်ချင်းတွေလည်း ကျွန်တော့်လောက်ပဲရကြပါတယ်။ ကျွန်တော် တက္ကသိုလ်လေးခုမှာ ဒီပလိုမာ ၊ ဘွဲ့ ၊ဘွဲ့ လွန် ၊ မဟာတန်းတတ်ခဲ့ပါတယ်။ အရမ်းချမ်းသာတဲ့ ကလေးတွေမှအပ ပုံမှန်က လူတိုင်း အဲချိန်မှာအဲလောက်ပဲ ရကြပါတယ်။ ဂိမ်းအကြောင်းကို ရေးတဲ့သူတွေက မှောင်ခိုဈေးကွက်က စိတ်ကြွဈေးတစ်ပြားက သောင်းချီရှိမှန်းမသိရက်လေလားတော့ မသိပါဘူး။ ကျွန်တော်တို့ မှာ ဂိမ်မာတွေမှာ မူးယစ်ဈေးမပြောနဲ့ ဘီယာတောင် မသောက်နိင်ပါဘူး။ ညဘက်ကလပ်တတ်ပြီး မကောင်းတဲ့မိန်းမတွေ နဲ့ ပျော်ပါးဖို့ နေနေသာသာ Dota ချိန်းပွဲကိုတောင် လက်မလွတ်နိင်ပါဘူး။ ရာဇ၀တ်မူလုပ်ဖို့ နေနေသာသာ ကိုယ့်ကစားရင် ၁၀ယောက်မပြည့်မှာဆိုးလို့  ရန်တောင်တော်ရမစဉ်းစားနိုင်ကြပါဘူး ။

ဟာသအနေနဲ့ ပြောရရင် ဂိမ်းတွေကို ပြသနာရှိပါတယ်လို့ အော်နေတဲ့သူတွေက ဂိမ်မာတွေကို အသက်အရွယ် ဆယ်ကျော်သက်နဲ့  ကျောင်းသားတွေလို့ သတ်မှတ်ထားကြတာပါ။ ကျွန်တော့်မိခင် အသက် ၆၀ကျော်ရှိပါပြီ။ Angry Birds သိပ်ကိုကြိုက်ပါတယ်။ အငြိမ်းစားယူထားတဲ့ ဆရာဝန်မကြီးပါ။ ပင်စင်ယူပြီး စိတ်ညစ်တယ်လို့ တောင် ယောင်လို့ မပြောတော့ပါဘူ။ သူဟာနဲ့ သူ တစ်ခန်းပြီးတခန်းတတ်ဖို့  ပိုပြီး စိတ်ဝင်စားပြီး အိုင်ဒီယာထုတ်နေရပါတယ်။

ဂိမ်းကစားတဲ့သူတိုင်း အလုပ်ဖြစ်ကြသလားဆိုတော့ အလုပ်ကို ထိခိုက်နိင်သလားဆိုတော့ မဆိုင်ဘူးလို့ ပြောရပါမယ်။ ဂိမ်းက သက်သက် အလုပ်က သက်သက်ဖြစ်ပါတယ်။ကိုယ့်ရဲ့ Self-Control ကလည်းအရေးကြီးပါသေးတယ်။
ဂိမ်းတွေကြောင်းကလေးတွေ ဆေးဆွဲတယ် ၊ ပျက်စီးတယ်ဆိုတဲ့ ဆောင်းပါတွေဖတ်မိလို့ ရေးဖို့ သင့်ပြီထင်လို့ ရေးခဲ့ပါတယ်။ ဆောင်းပါတွေက အခြေအမြစ်မရှိသလို့  အပြင်မှာဖြစ်နေတာနဲ့  အတင်းကိုမဆိုင်ဆိုင်အောင် သေချာမကြည့်ပဲ လျှောက်ပြောနေတာလည်း တွေရပါတယ်။ ဂိမ်းကစားတာ လုံးဝကောင်းတယ်လို့ တော့ မပြောပါဘူး ။ သို့ ပေမယ့် သေချာမလေ့လာပဲ လျှောက်ပြောနေတာတော့ လက်မခံနိင်လို့ ပါ။
အာလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီကူးပြောင်းကာလပါ။ ဒီမူးရစ်ရမ်းကားတဲ့ ကိစ္စတွေက အခုမှရှိလာတာ မဟုတ်ပါဘူး ။ အရင်ကတည်းကရှိပါတယ်။ မီဒီယာ ပွင့်လင်းလာတာကြောင့်ပိုပြီးရေးခွင့်ရှိပြီး ပိုသိလာကြတာလည်းပါပါတယ်။ လွတ်လပ်လာတဲ့အတွက် သွေးတိုးစမ်းလာကြာတာလည်းပါပါတယ်။ အကြောင်းအရင်းအခြေခံကို ဂဂနနမသိဘဲနဲ့  မပြောသင့်ဘူးထင်ပါတယ်။
ကမ္ဘာနဲ့ တ၀န်းဂိမ်းတွေကို ပညာရေးမှာ သင်ကြားရေးမှာ ထင်သွင်းသုံးနေတဲ့ အချိန်မှာ ရွေညဏ်တော်စူးရောက်တွေက ဒီစကားပြောတာ တော်တော်အံ့သြမိပါတယ်။ ဝေးဝေးတောင်မပြောနဲ့  ပတ်ဝန်းကျင်မှာရှိတဲ့ ထိုင်းမှာတော့ ကလေးတစ်ယောက်ကို Tablet တစ်လုံးပေးပြီး ခေတ်မှီအောင်လုပ်နေတဲ့ အချိန်မှာ စာဆိုတာအလွတ်ကျက်ပြီး ဖြေဖို့ သာသာသိတဲ့ နည်းပညာတက္ကသိုလ်ဆရာမတစ်ယောက်ရဲ့ အတွေးအခေါ်ကို တော်တော်လေးစားမိပါတယ်။ အားလုံးကိုတော့ မဆိုလိုပါ ကောင်းတဲ့သူတွေလည်းရှိပါတယ်။
ဥမာအာဖြင့် ပညာရေး ၊ အသက်အရွယ်တူတဲ့ ဂိမ်းဆော့တဲ့သူတစ်ယောက်နဲ့  ဂိမ်းမကစားတဲ့သူတစ်ယောက်နဲ့  ပြသနာတစ်ပုဒ်ကို ဖြေရှင်းခိုင်း သို့ မဟုတ် အသစ်တစ်ခုကို လေ့လာခိုင်းကြည့်ပါ။ ဘယ်သူပိုတတ်မလဲဆိုတာ လေ့လာကြည့်ပေါ့။
စာရေးသူအနေနဲ့  ပရိုဂရမ်းမင်းဆရာတစ်ယောက်အနေနဲ့ ကော ၊ ပရိုဂရမ်မာတစ်ယောက်အနေနဲ့ ပါ ဂိမ်းတွေနဲ့ ပါတ်သက်လို့ အတွေအကြုံတွေရှိပြီးသားပါ။ စာရေးသူ ၂၁နစ်သားက စလို့  ယခုချိန်ထိ ၈နစ်ကျော် ကိုးနစ်ကာလမှာ ပရိုဂရမ်မာတပည့်ပေါင်းရာနဲ့ ချီရှိပြီးသားဖြစ်ပါတယ်။ နိင်ငံတကာနဲ့ ပြည်တွင်းပရောဂျက်ပေါင်း မြောက်များစွာကိုလည်းပါဝင်ခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက ကိုယ်ရေသွေးတာမဟုတ်ပါဘူး ။ ဂိမ်းဆော့တဲ့သူတွေ မြောက်များစွာနဲ့ ပါတ်သက် သင်ကြား ၊ အလုပ်လုပ်ဖူးတယ်ပြောချင်တာပါ။
ဂိမ်းကစားတဲ့သူတွေက ပုံမှန်ထက် ပိုပြီး Problem Solving Skill ကောင်းကြပါတယ်။ ပိုပြီး တတ်လွယ်မြင်လွယ်ကြပါတယ်။ ကလေးက ကျောင်းမမှန်ဘူးဆိုရင်တော့ အခြေခံအကြောင်းအရင်းကို သေချာလေ့လာစေချင်ပါတယ် ။ သင်ခန်းစာတွေကို စိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုတာက ဆရာ/ဆရာမတွေအပေါ်အများကြီး မူတည်ပါတယ်။
နည်းပညာတက္ကသိုလ်ဆရာမ တစ်ယောက်ဆိုပြီး ရေးထားတဲ့ဆောင်းပါးမှာ လူငယ်တွေက ဂိမ်းပဲဆော့နေပြီး developer ဖြစ်အောင်တော့ မလုပ်ကြဘူးလို့ ရေးထားတာပါ။ ကျွန်တော် မေးချင်တာက Developer ဆိုတော့ ဘာလဲ game developer ကိုပြောတာများလား စဉ်းစားမိပါတယ်။ Game developer ဖြစ်ဖို့ ဆိုတာ သာမာန်ထက်ခက်ပါတယ်။ သချာင်္ကောင်းရမယ် ၊ အနုပညာနဲ့ ပါတ်သက်ပြီး ပါရမီရှိရမယ် အများကြီးကို လိုအပ်ပါတယ်။ ဘာကဘာဖြစ်တယ်ဆိုတာကို ခြံငုံသုံးသပ်မြင်တတ်ဖို့ လည်းလိုပါသေးတယ်။ သာမာန်ကုဒ်ရေးတဲ့ Developer ကို ပြောတာလားစဉ်းစားမိပါတယ်။ Programming ရဲ့ statement တွေကို နည်းလည်ဖို့ လိုပါသေးတယ်။ နားလည်ရုံနဲ့ မပြီးသေးပါဘူး ဘယ်နေရာမှာ ဘာသုံးမယ်ဆိုတာသိဖို့  လိုပါသေးတယ်။ ဒါလေးကို ဒီလိုလုပ်တယ်ဆိုတာပြောရုံနဲ့ တင် အလွတ်ကျက်ခိုင်းရုံနဲ့ တင်ပြီးသွားတဲ့ ကိစ္စတွေလည်းမဟုတ်ပါဘူး။
နောက်ပြီး တခြားဟာတွေထား ၊ အိုင်တီအလုပ်မှာ Coding ရေးတတ်ရုံနဲ့  လူဖြစ်တယ်ဆိုတာမရှိပါဘူး။ Networking, A+ စတောတွေရှိပါသေးတယ်။ Telenor , Oredoo တို့ ဝင်လာတဲ့အချိန်မှာ Network Engineer ဘယ်လောက်လိုတယ်ဆိုတာ မသိလေတော့လားတော့ မသိပါဘူး။ အိုင်တီအလုပ်ဘေးဖယ်ထားဦး ဘယ်အလုပ်မှာမဆို ကွန်ပျုတာတတ်ကျွမ်းမူက ကုန်ပစ္စည်းရောင်းရင်တောင် အသုံးလိုနေတာမသိတော့လား မသိချင်ယောင်ဆောင်နေတာလား မပြောတတ်ပါဘူး။
စနစ်တကျဖျက်ဆီးခံထားရတဲ့ ကျွန်တော်တို့ ရဲ့ပညာရေးမှာ ဒီလိုမျိုးအမြင်တွေရှိနေတာ သိပ်ကို အရမ်းကိုအန္တရယ်ကြီးပါတယ်။ ပညာရေးဆိုတာ ရေတိုစီမံကိန်းမဟုတ်သလို စာသင်ခြင်းဆိုတာလည်း ကျောင်းပြီးတဲ့အခါမှာ ရပ်သွားတာမဟုတ်ပါဘူး။ စဉ်ဆက်မပျက်သွားရတဲ့ကိစ္စဖြစ်ပါတယ်။ Creation ကပိုပိုပြီးအရေးပါလာပါပြီ။  ကြက်တူရွေးစာအံသလို့  ဒါပေးဒါကျက်ဘာမှ မတတ်တဲ့ပုံစံမျိုးနဲ့  အနာဂတ်အသစ်ကို ဖျက်စီးကြတော့မလို့ လား။
ဂိမ်းတွေက စိတ်ကိုမပြောင်းလဲစေဘူးလာဆိုတော့ ပြောင်းလဲစေမယ့် အလားအလာတော့ရှိတယ် ပြောရပါမယ်။ မိဘတွေအနေနဲ့ ကလေးတွေဆော့နေတဲ့ ဂိမ်းတွေကို Rating စစ်ကြည့်လို့ ရပါတယ်။ ဥပမာအားဖြင့်စတာတွေပါ။ ဘယ်အသက်အရွယ်သာ ဆော့ရမယ်။ ဘာတွေပါတယ်ဆိုတာကို တိတိကျကျသက်မှတ်ပြီးသားဖြစ်ပါတယ်။ နောက်ပြီး လက်ခံတဲ့သူရဲ့ စိတ်အခြေအနေရှိပါသေးတယ်။ ကြောင်နေတဲ့သူက ဘာမဆိုလုပ်မှာပါပဲ။ ရုပ်ရှင်ကြည့်ကြည့် ၊ ဂိမ်းဆော့ဆော့။ နောက်ပြီး ဆေးဆွဲတဲ့သူ ဂိမ်းကစားတာနဲ့  ဂိမ်းကစားလို့ ဆေးဆွဲတာနဲ့  တခြားစီပါ။
ဂိမ်းတွေရဲ့ သက်ရောက်မူကို ပြောတော့ ဂိမ်းထက်ပိုပြီး သက်ရောက်မူရှိတာကို ပြောရပါမယ် ။ ဒါကတော့ ရုပ်ရှင်တွေပါ။ ပြည်တွင်းက ဗီဒီယိုတစ်ခုမှာ ၁၅နစ်သမီးကို မုဒိန်းကျင့်တဲ့ တစိတ်တပိုင်း တဏှာကွက်တွေပါတဲ့ဇာတ်လမ်းကို ကျတော့ ဘာမှအရေးယူတာမျိုးမတွေ့ ရသေးပါဘူး။ နိင်ငံတကာမှာတောင် Child Pornography က သိပ်ကို အပြစ်ကြီးပါတယ်။ နိင်ငံတကာမှာ rating System ပါပါတယ်။ ပြည်တွင်းဇာတ်ကားတွေမှာ အဖော်အချွတ်မပါပဲ အဖေနင့် သမီးမကြည့်သင့်တာတွေ အများကြီးပါ။ ပြည်တွင်းက ရုပ်ရှင်တွေ စာအုပ်တွေက တနိင်ငံလုံးကြည့်ကြပါတယ်။
ဂိမ်းကစားတဲ့ ကလေးတွေ လူငယ်ယောက်င်္ကျားလေးတွေက လူလတ်တန်းစား ပညာတတ်မိသားစုတွေက လာတာများပါတယ်။ ဘယ်ဆိုက်ကားသမားမှ ဂိမ်းမဆော့ကြပါဘူး။

နိဂုံးချုပ်အားဖြင့်တော့ အကြောင်းအရင်းတစ်ခုကို ဂဂနနမသိပဲ အရမ်းကြီး မစွပ်ဆွဲသင့်ဘူးထင်ပါတယ်။ ဆေးဆွဲတယ် ၊ ရမ်းကားတယ်ဆိုတာက လူတိုင်းဖြစ်နိင်ပါတယ်။ ဥပဒေ ၊ ပတ်ဝန်းကျင် ၊ မိဘ အထိန်းအကွပ်နဲ့ ဆိုင်ပါသေးတယ်။ ဂိမ်းကစားလို့ ဒါတွေဖြစ်တယ်လို့ ပြောတာလုံးဝကို အခြေအမြစ်လည်းမရှိသလို ဆက်နွယ်မူလည်းမရှိပါဘူး။ သေချာလေ့လာစေချင်ပါတယ်။

သင်တန်းတွင်ပေးအပ်မည့် ဆုများနင့်ပတ်သက်ပြီး သင်တန်းသား/သင်တန်းသူများသိစေရန်




ဘာကြောင့်ပေးဖြစ်တာလည်း?

ကျွန်တော် သင်တန်းတွေမှာ ကြိုးစားတဲ့သူတွေကို Great Work ဆိုတဲ့ ကဒ်လေးတွေပေးပါတယ်။ နောက်ပိုင်း ကံစမ်းမဲသဘောမျိုး  နိုက်ခိုင်းပြီး အမှတ်တရ လက်ဆောင်တွေပေးဖို့ ရှိပါတယ်။

သို့ ပေမယ့် အထက်ပါကတ်လေးတွေထက် ရေရှည်မှာ ပိုအကျိုးကျေးဇုးရှိမယ့် အရာတွေကို ပေးသင့်တယ် ယူဆလို့ ပါ။


ဘယ်သင်တန်းတွေ အတွက် အကြုံးဝင်မလဲ?

စက်တင်ဘာ ၂၀၁၃ က စပြီးဖွင့်တဲ့ အောက်ပါသင်တန်းတွေမှာ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

  • ♣ Web Developer Foundation Course (HTML,CSS, Javascript)
  • ♣ Professional Web Developer Course (PHP , MySQL)
  • ♣ Advance Web Developer Course (MVC Framework + OJT)
  • ♣ Drupal Developer Course

ဘယ်ဆုတွေရှိလည်း
  • ♣ Excellence Performance Award
  • ♣ Man of Courage Award
  • ♣ Best Team Player Award
  • ♣ Scholarship Award

ဘယ်သူတွေကို ပေးတာလည်း ?
  • ♣ စဉ်ဆက်မပျက်ကြိုးစားပြီးထူးချွန်တဲ့သူ
  • ♣ ကြိုးစားချင်စိတ်ရှိတဲ့သူ 
  • ♣ လိုအပ်တဲ့သူ
  • ♣ team work ကောင်းပြီး၊ အများအတွက်ပါ ကူညီတတ်တဲ့သူ
  • ♣ ပြောင်းလဲချင်တဲ့သူ စာမရရင်တောင် ကြိုးစားပြီးပြောင်းလဲတဲ့သု

ဘယ်သူတွေရနိင်သလဲ?
  • ♣ အထက်ပါအတိုင်းဖြစ်ပါတယ်။

Excellence Peformance Award ကို ဘယ်သူတွေကို ပေးတာလည်း?
  • ♣ စာတော်တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။ 
  • ♣ coding အရေးအသားသပ်ရပ်မူ ။ Project ပြီးမြောက်မူ။ 
  • ♣ EQ စတာတွေကိုလည်းကြည့်ပါတယ်။ 

Man of Courage Award ကဘယ်သူတွေကို ပေးတာလည်း?
  • ♣ ကြိုးစားပြီး ပြောင်းလဲချင်စိတ်ရှိသူတွေကို ပေးတာဖြစ်ပါတယ်။
  • ♣ စာတော်စရာမလိုပါဘူး။ 
  • ♣ EQ အကောင်းဆုံးလူကို ပေးတာလို့ အကြမ်းဖြင်းယူဆလို့ ရပါတယ်။

Best Team Player Award က ဘယ်သူတွေကို ပေးတာလည်း?
  • ♣ ကိုယ်ရဲ့  Team အတွင်းမှာ ပုးပေါင်းဆောင်ရွက်မူ အကောင်းဆုံးသူတွေကို ပေးတာဖြစ်ပါတယ်။ 
  • ♣ အနာဂတ်  ခေါင်းဆောင်တွေဖြစ်နိင်မယ့် အလားအလာရှိသူတွေကို ပေးတာဖြစ်ပါတယ်။

Scholarship Award က ဘယ်သူတွေကို ပေးတာလည်း?
  • ♣ လိုအပ်တဲ့သူတွေကို ကူညီပေးတာဖြစ်ပါတယ်။ 
  • ♣ နောက်သင်တန်းကို အခမဲ့ သို့ မဟုတ်တစ်ဝက် သက်သာမှာဖြစ်ပါတယ်။ 
  • ♣ လွဲပြောင်းပေးလို့ ရပါတယ်။ 
  • ♣ စာပုံမှန်ကြိုးစားလုပ်ဖို့ တော့ လိုအပ်ပါတယ်။

ဆုတွေက တစ်ယောက်ကို တစ်ခုပဲရမှာလား?
  • ♣ မဟုတ်ပါဘူး။ တစ်ခုထက်မက ရရှိနိင်ပါတယ်။

တစ်တန်းကို လေးခုပဲပေးတာလား ၊ ဆုတစ်မျိုးကို တစ်ယောက်ပဲပေးတာလား?
  • မဟုတ်ပါဘူး တစ်တန်းကို လေးခုမကလည်းပေးတာဖြစ်နိင်ပါတယ်။ တစ်ခုမှ မပေးတာလည်းဖြစ်နိုင်ပါတယ်။
  • တစ်မျိုးကို သင့်တော်တဲ့သူ နစ်ယောက်ထက်မကရှိရင် နစ်ယောက်ထက်မက ရမှာဖြစ်ပါတယ်။

စာမေးပွဲဖြေရမှာလား?
  • ♣ မလိုအပ်ပါဘူး။ စဉ်ဆက်မပြတ် အကဲခက်မူကတဆင့် အသင့်တော်ဆုံးသူကို ပေးမှာဖြစ်ပါတယ်။ 

သင့်တော်တဲ့သူ မရတာကောဖြစ်နိင်သလား?
  • ♣ ဖြစ်နိင်ပါတယ်။ 
  • ♣ သို့ ပေမယ် ရေရှည်မှာ တိုးတတ်မယ့်သူမျိုးကို ဦးစားပေးတာမျိုးဖြစ်ပါတယ်။  ရေတိုကို မကြည့်ပါဘူး။

အတော်ဆုံးလူပဲရတာလား?
  • ♣ အသင့်တော်ဆုံးနဲ့  အတော်ဆုံး ။
  • ♣ မိမိရဲ့ အလုပ်ကို စေတနာထားတဲ့သူမျိုးရတာဖြစ်ပါတယ်။

ကျွန်တော်/ကျွန်မ homework အားလုံးပြီးတယ်။ ပုံမှန်စာလုပ်တယ် ဘာလိုမရတာလည်း  ?
အောက်ပါအချက်တွေကို ကြည့်ကြည့်ပါ။
  • ♣ Coding ရေးသားမူသပ်ရပ်ချင်း
  • ♣ တစ်ဦးတည်ုးမဟုတ်ပဲ အသင်းအဖွဲလိုက် လိုအပ်ပါကဆောင်ရွက်ခြင်း
  • ♣ စာသင်ကြားနေစဉ် ကောင်းမွန်စွာလိုက်နာမူရှိခြင်း
  • ♣ Team work ကောင်းမွန်ခြင်း
  • ♣ ပေးအပ်သော အိမ်စာများ ၊ ပရောဂျက်များကို စဉ်ဆက်မပြတ်လုပ်ကိုင်မူရှိခြင်း
  • ♣ ပေးထားသော Project  လိုအပ်ချက်များကို လိုက်နာခြင်း

ဘာကြောင့်ပေးတာလည်း ?
  • ♣ အဓီကကတော့ အနာဂတ်အတွက် ခွန်အားဖြစ်စေချင်လို့ ပါ။ ကြိုးစာချင်စိတ်ပေါက်စေချင်တာလည်းပါပါတယ်။ 
  • ♣ ကျွန်တော့်ရဲ့ရှိပြီးသား reputation, connection တွေနဲ့  ထောက်ခံပေးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ 
  • ♣ အလုပ်အကိုင်ကောင်းတွေနဲ့  လက်ရှိအလုပ်မှာ လခပိုကောင်းအောင်ကူညီပေးတာဖြစ်ပါတယ်။ 
  • ♣ သင်တန်းတွေအတွက် မားကတ်တင်းလည်းသဘောပါပါတယ်။ Win-Win ဖြစ်တဲ့အတွက်ပေးတာလည်းဖြစ်ပါတယ်။
  • ♣ ကြိုးစားတဲ့သူကို ပစ်မထားဘူးဆိုတဲ့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို အသိပေးချင်တဲ့ သဘောလည်းပါပါတယ်။

ကျွန်တော်/ကျွန်မဆုမရတာ ညံ့လိုလား?
မဟုတ်ပါဘူး။ သင်တန်းကပေးတဲ့ လိုအပ်ချက်နဲ့  မကိုက်လို့ သာဖြစ်ပါတယ်။ Developer သင်တန်းမှာ မရပေမယ့် စီပွားရေးသင်တန်းမှာ ရနိင်ပါတယ်။ ဒါမှမဟုတ်မတူတဲ့ သင်တန်းမှာ ရနိင်ပါတယ်။ Criteria ဆိုတာ အဲဒါကိုပြောတာပါ။

ဒီလောက်ဆို သဘောပေါက်လောက်ပြီထင်ပါတယ်။ လိုအပ်ချက်တွေရှိပါက ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ အစည်းနဲ့ ပါတ်သက်မူမရှိပါ။ ကျွန်တော် ပေးတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့တာဝန် ကျွန်တော့်ရဲ့အမှား သာဖြစ်ပါတယ်။

Tuesday, June 11, 2013

မှတ်ညဏ်တု သို့ မဟုတ် AI (Artificial Intelligent)


မှတ်ညဏ်တု သို့ မဟုတ် AI (Artificial Intelligent)


ဆီလီိကွန်ချစ်ပြားတွေရဲ့တိုးတက်လာမူကို တွက်ချက်ဖို့ အတွက် မိုး(စ်)လောဆိုတာရှိပါတယ်။ Morres Law ရဲ့ အတိုင်းကတော့ ကွန်ပျူတာပစ္စည်းတွေဟာ ၁၈လာကြာတိုင်း စွမ်းဆောင်ရည် နစ်ဆတိုးလာတယ်ဆိုပါတယ်။


လူသားတွေက နူကလီယားဗုံးပေါက်ကွဲမူကို တွက်ချက်ဖို့  ၊ အချက်အလက်မျာကိုသိုမှီးဖို့  ၊ မိုးလေ၀သဆိုင်ရာ ခန့်မှန်းမူတွေမှာ အသုံးပြုဖို့ စူပါကွန်ပျူတာများကိုလည်း တည်ဆောက်လာကြပါတယ်။ အရင်တုန်းက စူပါကွန်ပျူတာတွေက အင်းဆက်တစ်ကောင်လောက်ပဲ အသိညဏ်ရှိရာကနေ အခုတော့ကြွက်တစ်ကောင်အဆင့်အထိပါ ညဏ်ကောင်းလာကြပါပြီ။ တချိန်ကျရင် လူသားတစ်ယောက်လောက်ကို ညဏ်ကောင်းလာကြတော့မှာ မလွဲပါဘူး ။ ထက်ပြီးပြောရမယ်ဆိုရင် လူသားတွေထက် သာသွားနိင်တဲ့ အခွင့်အရေးရှိကို ရှိပါတယ်။ ကျွန်တော်တို့  ဘယ်လို လိုက်လျှောညီထွေဖြစ်အောင်ပြုပြင်ကြမလဲ ဒီဆောင်းပါးမှာ တင်ပြထားပါတယ်။


တိုးတက်လာတဲ့ကမ္ဘာမှာလူဦးရေတိုးတက်နူန်းဟာ အလွန်အမင်းကို ကျဆင်းနေပါပြီ။ ခေတ်မှီတဲ့ ဆေးဝါးတွေရဲ့စွမ်းအားကြောင့် လူ့ ရဲ့သက်တမ်းက ကြာမြင့်လာပါတယ်။ မွေးဖွားလာတဲ့ လူနဲ့  သက်ကြီးရွယ်အိုအချိုးအစားမတူညီတဲ့အခါ အစားထို့ ဖို့ နည်းလမ်းဟာ စက်ရုပ်တွေပဲဖြစ်လာပါလိမ့်မယ်။ စက်ရုပ်တွေဆိုလို့ တစ်ကောင်လုံးကို မြင်ကောင်းမြင်လိုက်ကြမယ်ထင်ပါတယ် ။ အမှန်ကတော့ ခေတ်သစ်နည်းပညာသုံးတဲ့ ထမင်းပေါင်း ၊ ဖုန်စုပ်စက် ၊ မိုက်ခရိုဝေ့မီးဖို အစရှိတာတွေကလည်း စက်ရုပ်တွေဖြစ်ပါတယ်။ ထမင်းကို ဘယ်လို ချက်မယ်။ ဘယ်လိုကောင်းအောင် မိုက်ခရိုဝေဘယ်လောက်သုံးမယ်ဆိုတာတွေက ဆားကစ်တွေကို သုံးရတာပါ။



ကျွန်တော်တို့ တွေအနေနဲ့ အသုံးပြူရတာတွေများလာလေ ပိုပြီးပိုပြီးအသေးစိတ်လိုလာလေပါပဲ။ ဥပမာအားဖြင် သူနာပြူတွေရှားပါးမူကို အစားထို့ ဖို့ စက်ရုပ်ဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တာတွေ အများကြီးသိဖို့ လိုလာပါတယ်။ ညဏ်ကောင်းဖို့ လိုတယ်ပေါ့ဗျာ။ အဲဒီတော့ AI လို့ ခေါ်တဲ့ မှတ်ညဏ်တုကို ထည့်သွင်းဖို့ လိုလာပါတယ်။

ဒီနေရာမှာ လူသားတွေရဲ့ ဦးနောက်ရဲ့လေ့လာမူ အကြောင်းထည့်ပြောဖို့ လိုလာပါတယ်။ လူသာတွေက လေ့လာမူမှာ အမှားကနေပြန်ပြီးသင်တဲ့ပုံစံပါ။ အလုပ်တစ်ခုကို လုပ်ကြည့်မယ်။ မရတာတွေကို မှတ်ထားပြီး နည်းလမ်းသစ်တွေတီထွင်ပြီး မှတ်သားမယ် စတာတွေဖြစ်ပါတယ်။
လူသားနဲ့ တူအောင်သင်ကြားမူတွေလုပ်ဖို့  AI ကို ထုတ်လုပ်ခဲ့ပါတယ်။

လူသားတွေမှာ အားသာချက်တွေရှိပါတယ်။ အဲဒါကတော့ biological ဖြစ်နေတာပါ။ ဦးနောက်က ဆဲလ်အသစ်တွေကို ထုတ်လုပ်ပြီး မှတ်ညဏ်အသစ်တွေကို သိုမှီးနိုင်ပါတယ်။ ကွန်ပျူတာကတော့ ထုတ်ပြီးတာနဲ့ upgrade လုပ်ဖို အတိုင်းအတာမှာ ခက်ခဲမူတွေ အကန့် အသတ်ရှိပါတယ်။ အဲဒီတော့ cloud solution (တိမ်တိုက်နည်းပညာ) ကိုတီထွင်လာကြပါတယ်။ cloud ဆိုတာကတော့ ကျွန်ပျူတာတွေကို ချိတ်စက်လိုက်တာပါ။ လူတွေသစ်လုံးတစ်ခုကို ၀ိုင်းပြီးထမ်းသလိုမျိုး ပြသနာတစ်ခုကို ၀ိုင်းပြီးတွက်ချက်ကြတာဖြစ်ပါတယ်။တစ်ဘက်ကကြည့်ရင်လည်း ကွန်ပျူတာတွေက မောတယ်ပန်းတယ်မရှိကြပြန်ပါဘူး ။ ကွန်ပျူတာတစ်ခုခြင်းက အင်းဆက်တစ်ကောင်လောက်တောင် အသိညဏ်မဂှိရင်တောင် များပြားလာတဲ့အခါလူသားထက်တစ်နေ့ သာသွားနိင်ပါသေးတယ်။





တဖက်က ပြန်ကြည့်ရရင်လည်း မိုးရဲ့ဥပဒေက မှားတော့မယ့်သဘောရှိနေပါတယ်။ ဘာကြောင်းလည်းမေးရရင် ထုတ်လွတ်တဲ့ အပူကြောင့်ဖြစ်ပါတယ်။ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရေက နေရာတစ်ခုတည်းမှာ ဘယ်လောက် transistor , resistor စတာတွေထည့်သွင်းနိင်တာနဲ့  တွက်ချက်ကြပါတယ်။ တနည်းအားဖြင့်ပြောရရင် chip တစ်ခုပေါ်မှာ များများပြွတ်သိပ်ထည့်နိင်လေ စွမ်းဆောင်ရည်တက်လေပါပဲ။ ချစ်ပ်တွေဟာ လျှပ်စီပတ်လမ်းကြောင်းတွေနဲ့ တည်ဆောက်ထားတာပါ ။ ပိုပြီး လျှပ်စီပတ်လမ်းကြောင်းများလာလေအပူပိုများလာလေဖြစ်ပါတယ်။
 

 ဆီလီကွန်တွေအပူကို ခံနိင်ရည်မှာ အကန့် အသတ်ရှိပါတယ်။ ဆိုလိုချင်တာကတော့ ကြာလာရင် ဆီလီကွန်ချစ်ပ်တွေရဲ့ အသုံးဝင်မူက ဆုံးခမ်းကိုရောက်ကောင်းရောက်လာတော့မယ် ဖြစ်ပါတယ်။ သိုပေမယ့်လည်းသိပံ္ပပညာရှင်တွေက ပိုပြီးကောင်းမွန်တဲ့ အပူထုတ်လုပ်မူနည်းတဲ့ နည်းလမ်းတွေကို ရှာနေကြတာပါ။ ဖြစ်နိင်တာတော့ နစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ပိုပြီး အပူထုတ်လွတ်မူနည်းတဲ့ တစ်ပိုင်းလျှပ်ကူးတွေထုတ်မလား ၊ အပူဒဏ်ပိုခံနိင်တဲ့ ချစ်ပ်တွေထုတ်မလားဆိုတာပါ။ AI တွေအတွက် လိုအပ်ချက်တွေအတွက်နည်းလာနိင်ပါတယ်။



AI နဲ့ ပတ်သက်ပြီး သိပ်ကို နာမည်ကြီးတဲ့ရုပ်ရှင်နစ်ခုရှိပါတယ် တစ်ခုကတော့ AI( Artificial Intelligent) ဆိုတဲ့  ကားဖြစ်ပြီး နောက်တစ်ခုကတော့ Terminator ကားပါ။ ပထမတစ်ခုက စက်ရုပ်ကောင်လေးက အသိညဏ်အရမ်းကောင်းလာပြီး လူသားအမေကို ခင်တွယ်သွားတဲ့ကားပါ။ နောက်တစ်ကားကတော့ လူသားနဲ့  AI စက်ရုပ်တွေကြားက စစ်ပွဲအကြောင်းပါ။ နစ်ကားလုံးကတော့ စိတ်ဝင်စားစရာ အတွေးအခေါ်တွေပေးပါတယ်။


AI ရဲ့ အထိကိုပြောရရင်တော့ သူ့ မှာ ထင်သွင်းမဲ့ပရိုဂရမ်ဖြစ်ပါတယ်။ ပရိုဂရမ်က အသစ်အသစ်တွေကိုပါ လေ့လာ ၊ လက်ခံမူကို ဆောင်ရွက်နိင်ရပါမယ်။ လောလောဆယ်တော့ အဆင်ပြေပြေမဆောင်ရွက်နိင်ကြသေပါဘူး ။ နောင်တစ်ချိန်များမှာတော့ ပြီးပြည့်စုံတဲ့အရာဖြစ်လာပါလိမ့်မယ်။ ချိတ်စက်ထားတဲ့ ကွန်ပျူတာတွေကို ကမ္ဘာကြီးအကြောင်းကို လေ့လာခိုင်းလိုက်တယ်ဆိုပါစို့ ။ သမိုင်း ၊ ပထ၀ီစတာတွေကို အင်တာနက်က ဖတ်ပြီး တွက်ချက်ကြပါလိမ့်မယ်။ အဲဒီအခါမှာ သမိုင်းကိုလေ့လာနေတဲ့ ကွန်ပျူတာတွေက ဘယ်လို့ သုံးသပ်ကြမလဲ ။


 “လူဆိုတဲ့ သတ္တ၀ါကပြသနာတော်တော်ရှာတယ် ဆုံးဖြတ်ကြမလားပါပဲ ။ စက်ရုပ်တွေကို သုံးလာကြရင် လူတွေကို ပံပိုးဖို့ နေရာမှာပဲ ဖြစ်ပါလိမ့်မယ်။ ခိုင်းစေခံဘ၀မှာပဲ သုံးကြမှာပါ။ သူနာပြု၊ ခြံစောင့်စတာတွေအပြင် လိင်ကိစ္စတွေမှာပါ မသုံးနိင်ဘူးလို့ ပြောလို့ မရပါဘူး ။

 

 ၁၉ရာစု အရှေပိုင်းကျွန်စနစ်ခေတ်စားခဲ့တုန်းက ကျွန်တွေက သခင်တွေအလွဲသုံးစားပြူလို့ တော်လှန်ခဲ့သလိုမျိုး စက်ရုပ်တွေက မတော်လှန်ဘူးလို့  မပြောနိင်ပါဘူး ။



အွန်လိုင်း အင်တာနက်ဆိုတာ စုံလင်တဲ့နေရာဖြစ်ပါတယ်။ မကောင်းတာတွေကော ၊ ကောင်းတာတွေကော ဗိုက်စ်ပရိုဂရန်တွေကော အစုံအလင်ရှိပါတယ်။ တကယ်လို့  ဗိုင်းရပ်စ်တစ်ခုကို ကြည့်မိတယ်ဆိုရင် ဘာတွေများဖြစ်လာနိင်ပါသလဲ။တကယ်လို့  စက်ရုပ်တစ်ရုပ်ကမရည်ရွယ်ပဲ လူတစ်ယောက်ကို ထိခိုက်မိရင်ဘယ်လိုဖြစ်နိင်မလဲ စိတ်ဝင်စားစရာမေးခွန်းတွေကတော့ အများကြီးဖြစ်လာနိင်ပါတယ်။ ကမ္ဘာကျော်သိပံ္ပစာရေးဆရာကြီး အိုင်စက်အက်စီမော့ (Isaac Asimov) က Three laws of Robotics (စက်ရုပ်များလိုက်နာရန်အချက်သုံးချက်)ကို. ရေးသားခဲ့ပါတယ်။


1. A robot may not injure a human being or, through inaction, allow a human being to come to harm. စက်ရုပ်တစ်ခုသည်လူသားတစ်ယောက်ကို ထိခိုက်စေအောင်မပြူလုပ်ရ ။ လူသားတစ်ယောက်အားအန္တာရယ်ကျခြင်းကို မကာကွယ်ပဲမနေရ။

2. A robot must obey the orders given to it by human beings, except where such orders would conflict with the First Law. စက်ရုပ်တစ်ခုသည် လူသားတစ်ယောက်မှပေးသော အမိန့် ကိုလိုက်နာရမည်။ သို့ သော်ပေးသော အမိန့် သည်ပထမအချက်ကို မထိခိုက်စေရ။

3. A robot must protect its own existence as long as such protection does not conflict with the First or Second Laws. စက်ရုပ်တစ်ခုသည် ပထမဥပဒေနင့် ဒုတိယဥပဒေမထိခိုက်သမိမိကိုယ်ကိုကာကွယ်ခွင့်ရှိသည်။




တကယ်တမ်းဥပဒေကို လိုက်နာကြပါမလားဆိုတာပါပဲ။ လောလောဆယ်တောင် အမေရိကန်နဲ့ အင်္ဂလန်တို့ က ကမ္ဘာကုလသမဂမှာ စစ်မြေပြင်မှာ ထိန်းချုပ်ခြင်းမရှိတဲ့ လူသတ်စစ်သားစက်ရုပ်တွေကို မှတ်ပုံတင်ဖို့  ဆောင်ရွက်နေကြပါပြီ။ AI စက်ရုပ်တွေ ပုန်ကန်မှာကို တကယ်တမ်းကြောက်ရမှာက စက်ရုပ်တွေကမဟုတ်ပဲ လူသားတွေကိုယ်တိုင်ဖြစ်လာနိင်ပါတယ်။ လူသားတွေရဲ့ စနက်ပယောဂကြောင့်က ဖြစ်နိင်ခြေကပိုပြီးများတယ်ပြောရမှာပါ။ တစ်စုံတစ်ဦးကြောင့်သို့ မဟုတ် အဖွဲ့ အစည်းတစ်ခုကြောင့်က ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။


အမေရိကန်ပြည်ထာင်စု နယူးယောက် တက္ကသိုလ်(City University of New York)က ပါမောက္ခ မီချီအိုကာကူ (Michio Kaku) ကတော့ AU တွေရဲ့တော်လှန်မူကို တွန်းလှန်ဖို့  စက်ရုပ်တိုင်းမှာ ဆားကစ်တစ်ခုထဲ့သွင်းပြီး အန္တရယ်ဖြစ်နိင်မယ့် အတွေးခေါ်တွေဝင်လာရင်ဖောက်ခွဲလိုက်ဖို့ ပါ။ ပြသနာက ဘယ်အရာက စတင်မလဲဆိုတာပါ။ လေယာဉ်မောင်းတဲ့စက်ရုပ်က ဖြစ်လာလို့  ဆားကစ်ကိုခွဲလိုက်ရင် ဘာဖြစ်နိင်မလဲ ဆိုတာတွေရှိပါသေးတယ်။ အခုဖြစ်နေတာကတော့ cloud လိုမျိုး စုပေါင်းတွက်ချက်တာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင် GOOGLE ဟာ ကမ္ဘာအနံ ကွန်ပျူတာဆာဗာတွေရှိပြီး ၀ိုင်းပြီးတွက်ချက်ပါတယ်။ အဲလိုမျိုးကျရင်ဘယ်လိုဆောင်ရွက်မလားဆိုတာပါ။


နောက်တစ်ခုကတော့ လူတွေက AI Robot တွေကောထင်သလောက်သုံးမှာ မဟုတ်ဘူးဆိုတာပါ။ အကြောင်းကတော့ တတိယကမ္ဘာက လူဦးရေက တိုးတက်ပြီးသာ တိုင်းပြည်တွေနဲ့ ဆန်ကျင်ဘက် အလျှင်အမြန်းတိုးပွားနေပါတယ်။ ဥပမာအားဖြင် ဥရောပမှာ နောက်ပိုင်းတိုးပွားလာတဲ့ လူဦးရေက ဒေသခံတွေထက် နီးစပ်ရာတိုင်းပြည်တွေကဖြစ်ပါတယ်။ လူတွေက ဒေသကူးပြောင်းတောတွေက တစ်ဖက်မှာလူဦးရေ နည်းပါးလာတာကို ပြန်ဖြည့်ပေးသလို ဖြစ်နေမလားဆိုတာပါ။ သို့ ပေမယ့် အရေးကြီးတဲ့နောက်စဉ်းစားစရာအချက်က အတတ်ပညာတတ်ကျွမ်းမူဖြစ်ပါတယ်။ တနည်းအားဖြင် high skill worker တွေလိုပါတယ်။ ဥပမာအားဖြင့် ဦးနောက်ခွဲစိတ်ဆရာဝန်ဆိုပါဆို့  ပြောင်းရွေ့ လာတဲ့ လူတွေထဲမှာ ပါဖို့ ခဲယဉ်းနိင်ပါတယ်။ စက်ရုပ်တွေရဲ့အားသာချက်ကတော့ လူတွေလို နစ်အများကြီးသင်စရာမလိုပါဘူး။ ဒေတာရွေပြောင်းပေးဖို့ ပဲ လိုအပ်တာပါ။ ဦးနောက်ဆရာဝန်ပရိုဂရမ်း run လိုက်ရုံပါပဲ။



နိဂုံးချူပ်အားဖြင့်ပြောရရင်တော့ AI နဲ့  ပတ်သက်ပြီး စိတ်ဝင်စားစရာတော်တော်ကောင်းပါတယ်။ နောက်ပြီး လက်တွေနယ်ပယ်မှာလည်း တော်တော်သုံးနေကြပါပြီ သို့ ပေမယ် လူတွေနဲ့ တိုက်ရိုက်ထိတွေမူနည်းပါးပါသေးတယ်။ ကုန်ထုတ်လုပ်ငန်းတွေဖြစ်တဲ့ ကားထုတ်လုပ်ရေး ၊ ဆေးဝါးထုတ်လုပ်ရေးစတာတွေကတော့ တော်တော်သုံးနေကြပါပြီ ။ သို့ ပေမယ့်လည်း အိမ်သုံးအစိတ်အပိုင်းတွေအဖြစ်ကတော့ တဖြည်းဖြည်းနေရာယူလာတာကိုတွေရပါတယ်။ AI က ကျွန်တော်တို့  မထင်မှတ်အောင်တိုတောင်းတဲ့အချိန်မှာရောက်လာတော့မှာပါ။ သင်တို့ ကော အဆင်သင့်ဖြစ်ပြီးလားဆိုတာက တော့ စဉ်းစားစရာကောင်းတဲ့ မေးခွန်းပါပဲ။


















Tuesday, June 4, 2013

[Working WITH SERVER ENVIRONMENT]


Go to dreamhost.com


In order to perform administrative functions . You need to login to panel. If you had already purchase ealier they will send you login panel name/password. Registration is quite sample.




Under ‘Manage Domains’. You can buy new domain name or add already purchased ones.



FTP username is to use with FTP Client (Web/App FTP).



You can choose services you can clicked “Fully Host This Domain” To start.


For web application/website using database you can create “A New Database”.



Database is the name of the database to use with Website/Web App


Database hostname is “SQL Server”. If you had times confusing with steps, you can use default they provide.



To upload files(sources) to hosting environment ,you need to use Web FTP (net2ftp.com) or OS based application.


The easiest is FileZilla, it is free open-source and available for most Operation System.


After successful upload you can view your site by visiting URL.





အမှားတွေထဲက အမှန်လူသား

မ္ဘာကျော်လူသိများတဲ့ Star Trek : The Next Generation သိပ္ပံဇာတ်လမ်းတွဲကို သိသူတချိုရှိကြမယ်ထင်ပါတယ်။ အဲဒီအထဲမှာ ကပ္ပတိန်ဟာမတော်တဆပေါက်ကွဲမူမှာ သေဆုံးသွားတဲ့အခါ တန်ခိုးရှင်တစ်ဦးက သူကိုအတိတ်ကိုပြန်ပြောင်းပြင်ဆင်ခွင့်ပေးခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့အမှားတွေကိုပြင်ဆင်ခွင့်ရဖို့ပါ။ ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။ အမှားကိုပြန်လုပ်မလား ရှောင်သွားမလားဆိုတာပါ။ သူကပထမတစ်ခေါက်မှာ အတိတ်က အမှားကိုပြန်မလုပ်ပဲရှောင်ကျဉ်ခဲ့ပါတယ်။ တန်ခိုးရှင်က သူ့ကိုပစ္စုပန်ကိုပြန်ပို့ ပေးခဲ့ပါတယ်။ အဲဒီမှာ သူပြန်လည်တွေလိုက်ရတာတော့ သူအသတ်မသေတော့ပါဘူး။ သို့ ပေမယ်….. ။ ဒီဇာတ်လမ်းလေးကို တင်ပြရတာအကြောင်းရှိပါတယ် စာဖတ်သူရင်ထဲမှာ တစ်နေရာကျန်ရင် ကျွန်တော်ကျေနပ်ပါပြီ။



ကျွန်တော်တို့ လူ့ သဘာဝကအသက်ကြီးလာတယ် ။ အတွေ့ အကြုံအနည်းနဲ့အများတိုးလာတယ် ။ တဖြည်းဖြည်းနဲ့ ကလေးကနေ့  လူငယ်လူငယ်ကနေ လူကြီးပြောင်းလဲလာကြတာသဘာဝပါ။ စာရေးသူမေးချင်တာကတော့ ဖြတ်သန်းလာတဲ့ဘ၀မှာ ကိုယ်ဂုဏ်မယူရဲပဲ မှားခဲ့တာရှိပါသလားဆိုတာပါ။ အဖြေကတော့ လူတိုင်းမှာ မှားခဲ့တာရှိပါတယ်ဆိုတာ ဖြစ်လိမ့်မယ်ထင်ပါတယ်။ လူတိုင်းမှားပါတယ်။ အရေးကြီးတာက မှားတာမဟုတ်ပါဘူး ။ အမှားထဲက ဘယ်လောက်ကိုယ့်အတွက် ကောင်းတာထုတ်ယူနိင်သလဲဆိုတာပါ။


လူ တစ်ယောက်ရဲ့ဦးနှောက်ဟာဆန်းကြယ်တဲ့အရာပါ။ အများမသိသေးတဲ့ အချက်တစ်ခုကိုပြောပြချင်ပါတယ်။ ဦးနောက်ကော လူ့ သဘာဝကို အမှားထဲကသာပြန်သင်တယ်ဆိုတာပါ။ အံ့သြသွားကြမလားမသိဘူး ။ ဟုတ်ပါတယ် အမှန်ကိုရဖို့ အမှားတွေကော မမှန်သေးတာတွေပါလုပ်ကြပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် စက်ဘီးစသင်တာကိုပြောရပါမယ်။ ကျွန်တော်တို့ မတတ်သေးခင်မှာ ဒီယီဒယိုင်ဖြစ်မယ် ။ ချော်လဲမယ် ။ ဒူးပြဲမယ် အခန့် မသင့်ရင် ခြေကျိုး ၊ လက်ကျိုး ၊သွားကျိုးပါဖြစ်နိင်ပါတယ်။ တကယ်တန်းတော့ ဒါကနည်းလမ်းပေါင်းဆုံနဲ့ ကြိုးစားနေတာပါ။ မှားတာတွေက အများစုပေါ့ သို့ ပေမယ်ကြာလာတဲ့အခါမှာ တည်ငြိမ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုဖြစ်ရင် မောက်နိင်တယ်ဆိုတာတွေကို မသိစိတ်က ရှောင်သွားနိင်လို့ ပါ။ရေကူးသင်တုန်းက နစ်တဲ့အခါ တကယ်တတ်သွားပြီအရေးကြုံလာတဲ့အခါအသုံးဝင်ပါလိမ့်မယ်။



ကျွန်တော်တို့ ဘ၀ကိုဖြတ်သန်းလာတဲ့အခါမှာ သိသိသာသာကို မသိလိုက်ဘာသာကော အမှားတွေလုပ်မိကြပါတယ်။ အမှားတစ်ခုရဲ့ သက်ရောက်မူဟာ မိမိတစ်ယောက်တည်းသော်လည်းကောင်း ၊ မိမိပတ်ဝန်းကျင်မှသူများကိုလည်းကောင်း ၊နစ်ဘက်လုံးသော်လည်းကောင်း သက်ရောက်မူတွေရှိနိင်ပါတယ်။ အရေးကြီးတဲ့အချက်က အထက်အထက်အခါခါကြိုးစာနေဖို့  မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိင်ဖို့ ပါပဲ။ မီးကို ပူတယ်လိုပြောရင် လူတွေကယုံကြတာမဟုတ်ပါဘူး ။ ကိုယ်တိုင် ကိုင်ကြည့်ပြီးမှ ပူတယ်ဆိုတာကို လက်ခံကြတာပါ။ တဆင့်တက်ပြောရရင် အရေပြားလောင်ဘူးမှ မီးဆိုတာ ကိုင်လိုမကောင်းမှန်းသိကြမယ်သူတွေ ချည်းပါပဲ ။ သို့ ပေမယ့် လူတိုင်းမီးနဲ့ ကင်းသလားဆိုတော့ မကင်းကြပါဘူး ။ ဆေးလိပ်သောက်တာကနေ ဟင်းချက်ထဲ့အထိကောင်းတာကော မကောင်းတဲ့နေရာမှာကော သုံးနေကြရပါတယ်။ မီးမသုံးနဲ့ ဆိုရင် အဓိပ္ပါယ်လည်းမရှိပါဘူး။ ဖြစ်သင့်တာက ဘယ်လိုအကျိုှးရှိအောင်သုံးမလဲဆိုတာပါ။ ကိုင်စရာရှိရင် လက်အိတ်အထူသုံးမယ် စိတ်ချရအောင် မီးသတ်ဆေးဘူးဆောင်ထားမယ် ဆိုတာမျိုးပါ။



နိင်ငံကျော်သူတွေနဲ့ ပြောလို့ ကိုယ်နဲ့ မဆိုင်ဘုးတော့ မဟုတ်ပါဘူ။ အိမ်ထောင်ဦးစီးမှာသည် အကိုကြီး အမကြီး ၊ တနိင်တပိုင်စီးပွားရေးလုပ်သူများ ၊ ကုမ္ပဏီဝန်ထမ်းများ အထိပါသက်ရောက်မူ ရှိပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ၊ ဆုံးဖြတ်ချက်ချတာဟာ အမြဲမှန်တယ်မဟုတ်ပါဘူး ။ လုပ်ငန်းကျရူံးမူတွေ ၊ အိမ်ထောင်ရေးအဆင်မပြေမူတွေ ၊ အလုပ်ထုတ်ခံရတာတွေတောင်ဖြစ်နိင်ပါတယ်။ လူတိုင်းက အမြဲတမ်းလုပ်တိုင်း အောင်မြင်မယ် မှန်နေမယ်ဆိုတာကိုက အဓိပ္ပါယ်မရှိတာပါ။ လခကောင်းပေးတယ်ဆိုတာကလည်း လူကိုပေးတာထက်အတွေအကြုံကို ပေးတာမျိုးပါ။ ဘယ်ဟာလုပ်ရင်ကျရူံးမယ် ဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတာမျိုးကို မသိတဲ့သူမျိုးဟာနေရာကောင်းမရတာ မစမ်းပါဘူး။


ကျွန်တောနိဒါန်းတုန်းကပြောခဲ့တဲ ဇာတ်လမ်းလေးကို အဲဒီကပ္ပတိန်ဟာ အမှားကိုရှောင်ပြီးပစ္စုပန်ရောက်နေတဲ့အချိန်မှာ သူဟာဘာမှမဟုတ်တော့ဘူးဆိုတာ တွေလိုက်ရပါတယ်တဲ့ ။ ကပ္ပတိန်ဖြစ်ဖို့ နေနေ အရေးမပါတဲ့ သန့် ရှင်းရေးသာသာ သာဖြစ်နေတာကို တွေလိုက်ရပါတယ်။ ဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့အချက်က လုပ်ကိုင်တာ မှားတယ် မှန်တယ်ဆိုတာထက် ။ ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးရဲရဲချပြီး ဖြစ်သမျှကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းတာက ပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီကပ္ပတိန်ဟာ အတိတ်ကိုပြန်သွား သူငယ်ချင်းကို ပြန်ကယ်ပြီး ပစ္စုန်ပန်မှာပါ အသက်ရှင်ခွင့်ရသွားတယ်ဆိုတာပါ။


ခေါင်းဆောင်ကောင်းတွေက အမှားတွေကို ပုံမှန်လူတွေထက်ပိုလုပ်ခဲ့တတ်ပါတယ်။ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်တပ်တွေနဲ့ အတူအင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ ဝင်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မိုင်းက ခေါ်ပြီး ပြောခဲ့ပါသေးတယ်။ပြောခဲ့တဲ့အတိုင်းပဲ ဖက်ဆစ်ဂျပန်တွေဟာ မြန်မာနိင်ငံ ၊ မြန်မာလူမျိုးတွေ အပေါ်မှာ ရက်စက်ကြမ်းကျုပ်စွာနိပ်စက်ခဲ့ပါတယ်။ သို့ ပေမယ်လည်း မျိုးစစ်ဗမာတပ်မတော်ဟာ တိုက်ပွဲတွေကြားမှာ အတွေ့ အကြုံ ၊ လက်နက်အင်အား ၊ လူအင်အားကြီးမှားလာခဲ့ပြီး လွတ်လပ်ရေးရဖို့အတွက် အထောက်အကူပြုခဲ့ပါတယ်။ ပြည်သူတွေကြားမှာလည်း အသိညဏ်အတွေအကြုံ မျိုးချစ်စိတ်တွေ တိုးပွားလာခဲ့တယ် မဟုတ်ပါလား။ တခါတလေကျတော့လည်း ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် စောင့်ရတဲ့အချိန်ရှိပါသေးတယ်။


ခေါင်ဆောင်ကောင်းတွေကို စိန်တွေနဲ့တင်စားလေ့ရှိပါတယ်။ စိန်တွေဟာ အပူဒဏ်ကို ဖိအားကို အများဆုံးခံရပါတယ်။ သို့ အတွက်လည်း အမာဆုံး ၊ တန်ဖိုးအရှိဆုံးပစ္စည်းတွေဖြစ်လာကြတာပါ။ ဓာတုဗေဒသဘောတရားနဲ့ ပြောရင်တော့ အားလုံးဟာ ကာဗွန်အများစုပါပဲ။ သို့ ပေမယ့် စိန်သာလျှင်သူများထက်ပိုပြီး တန်ဖိုးရှိသွားတယ်ဆိုတဲ့သဘောပါ။ သိပ်ကိုနာမည်ကြီးတဲ့စာကားတစ်ခွန်းရှိပါတယ်။အယ်ဒီဆင်ဟာ မီးသီးကိုတီထွင်တုန်းက မအောင်မြင်ခင်တုန်း အကြိမ်တစ်သောင်းလောက် ရူံးနိမ်ခဲ့ပါတယ်။ အမှားတွေလုပ်ခဲ့တယ်ပေါ့လေ။




သို့ ပေမယ့်လည်းနောက်ဆုံးမှာတော့ အောင်မြင်သွားတာပါပဲ။ လုပ်နေတုန်းမှာ မှားတယ်ဆိုတာထက် အဆုံးသတ်ရလာဒ်ကပိုပြီးအရေးကြီးတယ်ဆိုရမှာပါ။

ဇာတ်လမ်းထဲက ကပ္ပတိန်ဟာ ကျရူံးမှာစိုးပြီး တွေ့ ကြုံလာတာတွေကို ရှောင်လွဲတဲ့အခါ အကျိုးဆက်တွေကို လက်လွတ်ဆုံးရူံးသွားသလိုမျိုး အပြင်လောကမှာလည်း လူတွေကမှားရွင်းမှာစိုးနေတဲ့အခါမှာ အမှားတွေကို ပိုပြီးလုပ်တတ်ကြပါတယ်။ မိဘတွေကလည်း သားသမီးတွေကို မှားမှာဆိုးလို့ တားမြစ်တဲ့အခါ ဘယ်ဟာတွေကိုမှန်သလဲဆိုတာတွေပါ ရှာဖွေခွင့်ဆုံးရူံးသွားနိင်ပါတယ်။ ဥပမာအားဖြင့်အရှေမှာ ပြောခဲ့သလို စက်ဘီးမစီးတတ်ခင်မှာ လဲကျမျာစိုးလို့ တားမြစ်ခဲ့ရင် အဓိကကျတဲ့ စက်ဘီးစီးနိင်ခြင်းကို ဆုံးရူံးသွားနိင်ပါတယ်။ ကိုယ်ရဲ့ သားသမီးဟာ မမြင်ကွယ်ရာမှာ တတ်စီးမိတာမျိုးလုပ်ကောင်းလုပ်မှာပါပဲ။ ဖြစ်သင့်တာတော့ ကားလမ်းမပေါ်မစီးဖို့ တိုက်တွန်းတာမျိုးပိုဖြစ်သင့်တာပါ။



ကမ္ဘာနဲ့ ယှဉ်ပြီးဥပမာပေးရမယ်ဆိုရင် အမေရိကန်နိင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ပြိုင်ဘက်တွေအများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဂျပန်ရဲ့စီးပွားရေးဟာ အဆမတန်တိုးတတ်လာပြီး ကျော်သွားမတတ်ကို ဖြစ်လာခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုဟာလည်း ကွန်မြူနစ်ပေါလစီနဲ့  ကုန်ထုတ်လုပ်ငန်းတွေကို အဆမတန်တိုးထုတ်လာနိင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက် ၊ တက္ကသိုလ်တွေနဲ့ အကာသကို လူအစောဆုံးလွတ်နိင်ခဲ့တာပါ။ သို့ ပေမယ့်ရေရှည်မှာ အမေရိကန်တိုင်းပြည်ဟာ တမ္ဘာနံပတ်တစ်အဖြစ်ရပ်တည်နိင်ခဲ့ပါတယ် ။ ဘာဖြစ်လို့ လည်းဆိုတော့ သူရဲ့အခြေခံဥပဒေမှာ သူတပါးမထိခိုက်သမျှ လူတိုင်းလွတ်လပ်စွာ ၊ တွေးခေါ်ပိုင်ခွင့် ပြောဆိုပိုင်ခွင့် လုပ်ဆောင်ပိုင်ခွင့်ရှိနေလို့ ပါ။ ကုန်ထုတ်လုပ်ငန်း ၊ ဓာတုလုပ်ငန်းမှာ ဂျာမနီက နံပါတ်တစ် ၊ ကားထုတ်လုပ်ရေးမှာ ဂျပန်ကတစ် ၊ တပိုင်လျှုပ်ကူး(semi-conductor) ထုတ်လုပ်ရေးမှာ ကိုရီယားကတစ်ဖြစ်နေပေမယ့် ညာဏပစ္စည်း တနည်းအားဖြင့် ရင်းနီးမူနည်းနည်းအမြတ်များများဖြစ်တဲ့ အိုင်တီလိုမျိုးနည်ပယ်မှာ ဦးဆောင်နိင်လို့ ပါ။ လွတ်လပ်မူကြောင့် ငကြောင်တွေအရူးတွေ ပေါပေါက်လာပေမယ့်လည်း စွန့် ဦးတီထွင်သူတွေက အများနဲ့ မတူတဲ့တီထွင်မူတွေနဲ့  အသာစီးရသွားတာပါ။ သူတို့ ရဲ့ပညာရေးစနစ်ကိုက ဆရာတွေကို ပြန်ပြီးဝေဖန်ပိုင်ခွင့်၊ မှားတယ်မှန်တယ်ဆိုတာကို ကိုယ်တိုင်ရှာဖွေခွင့်တွေပေးထားပါတယ်။

ကျွန်တော်သမိုင်းသင်ရခြင်းရဲ့ရည်ရွယ်ချက်က နောင်တစ်ခါဒီလိုမျိုးမမှားအောင် မအအောင်ဖြစ်ပါလိမ့်မယ်။ မှားခဲ့တာ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းပါ။ နတ်သျှင်နောင်လိုမျိုးသူတွေရှိခဲ့သလို သာလွန်မင်းလိုမျိုးလည်းရှိခဲ့တာပါပဲ။ ကျွန်တော်တို့ ခေတ်မှာလည်းအားလုံးမှန်တယ်ပြောရခက်ပါသေးတယ်။ တိုင်းပြည်အတွက်လူတွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့ ခေတ်မှာမှားတာလည်းရှိမယ် မှန်တာလည်းရှိမယ်။ သေချာတာကတော့ ကျွန်တော်တို့ အားလုံးလုပ်နေတာတွေက အနာဂတ်ရဲ့သမိုင်းတွေဖြစ်လာပါလိမ့်မယ်။



တကယ်တမ်းတော့ လူဆိုတာကအမှားတွေ အများကြီးကြားကမှ အမှန်ဆိုတာဖြစ်လာတာပါ။ နည်းလမ်းမျိုးစုံထဲကမှ အမှန်တစ်ခုရလာတယ်ပြောရင်လည်းရပါတယ်။ ကျွန်တော်တို့ ရဲ့ပညာရေးစနစ်ဟာ လူတွေကို တွေးခေါ်ဆင်ခြင်သုံးသပ်တာထက် ပုံဆန်ကျအောင်ရိုက်သွင်းတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ကြီးသူကအမြဲမှန်တယ်ဆိုတာမျိုးဖြစ်နေတာပါ။ ယေဘူယျအားဖြင့် မှန်တယ်ပြောလို့ ရပေမယ့် လူတိုင်းမှာ မတူညီတဲ့အကြိုက် ၊ ၀ါသနာ ၊ ပတ်ဝန်းကျင်အားထုတ်မူမရှိနိင်ပါဘူး ။ ကျွန်တော်တို့ ထက်ငယ်တဲ့သူတွေက ကိုယ့်ထက်တော်နေရင် သိပ်ပြီးထူးဆန်းမှာတော့ မဟုတ်ပါဘူး ။ အခုလောလောဆယ်ဖြစ်ပျက်နေတာက ကောင်းတယ်ဆို အားလုံးကောင်းတယ် ဆိုးတယ်ဆိုတာမရှိတော့ သလိုမျိုးဖြစ်နေပါတယ်။ ဥပမာအားဖြင့် အနော်ရထာဟာ ပထမနိင်ငံတော်ကိုတည်ထောင်ခဲ့တယ် ။ ဗုဒ္ဒဘာသာကို ပြန့်ပွားအောင်လုပ်ခဲ့တယ်ဆိုရင်တောင်သူမှာ မကောင်းတာလုပ်ခဲ့တာတွေရှိတာပါပဲ။ ဥပမာအားဖြင့် ကလေးတွေကို ကျန်စစ်ရဲ့ဂယက်ကြောင့်အများကြီးသတ်ခဲ့တာပါ။ နတ်သျှင်နောင်က နိင်ငံခြားသားနဲ့ ပေါင်းပြီး တိုင်းရင်းသားတွေကို နိပ်စက်ခဲ့ရင်တောင် စာပေအရအများကြီးအကျိုးပြူခဲ့တာကို ညှင်းလို့မှမရပဲ။


သူများတိုင်းပြည်တွေမှာ entrepreneur လို့ ခေါ်တဲ့ စွန့်ဦးတီထွင်သူတွေကို အစိုးရကိုယ်တိုင်က အထူးကိုအားပေးအာမြောက်လုပ်နေကြပါတယ်။ စိတ်ဝင်စားရာကောင်းတဲ့အချက်နောက်တစ်ခုက လုပ်ငန်းဆယ်ခုမှာ ကိုးခုကကျရူံးတယ်ဆိုတာပါ။ ပြောချင်တာက အစိုးရက လုပ်ငန်းတစ်ခုကို တစ်သန်းပေးရင် ဆယ်သန်းမှာ ကိုးသန်းကမြောင်းထဲရောက်သွားတယ်ဆိုတာပါ။ သို့ ပေမယ့် အကျိုးဆက်ကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ Google လိုမျိုး facebook လိုမျိုးထွက်ပေါ်လာခဲ့တာပါ။ သူတို့ မသိလို့  အ လို အရင်းအနီးတွေဖြုန်းနေတာမဟုတ်ပါဘူး ။ ရရှိလာမယ့်အချက်က ဆုံးရူံးသွားတာထက်ပိုသာသွားလို့ ပါ။ ကျွန်တော်တို့ ဆီမှာလည်းဖြစ်သင့်တာကတော့သိပ်ကိုကြောက်မနေဖို့ ပါပဲ လှေလူပ်မှာ မြုပ်မှာဆိုတာထက် ၀မ်းရေမ၀င်အောင် ကျောက်ဆောင်မတိုက်အောင် ဆောင်ရွက်တာကပိုကောင်းမယ်ထင်ပါတယ်။



နိဂုံးချူပ်အားဖြင်ပြောချင်တာကတော့ အမှားဆိုတာကို သိပ်ပြီးကြောက်မနေဖို့ ပါပဲ။ အမှားဆိုတာထက် ဘာကိုပြင်ရမလဲဆိုတာက အရေးကြီးမယ်ထင်ပါတယ်။ လူတိုင်းလည်းအမြဲမှန်တယ် မဟုတ်ပါဘူး ။ ပိုပြီးအရေးကြီးတာက ဘယ်လိုရင်ဆိုင်မလဲဆိုတာပါပဲ။ အမှားထဲက ပြန်ပြီးယူနိင်ရင်တော့ အောင်မြင်လာနိင်ပါကြောင်းတင်ပြလိုက်ရပါတယ်။