Friday, October 14, 2011

ရန်ကုန်တက္ကသိုလ် အွန်လိုင်း ဒီပလိုမာတန်:နဲ့ မဟာတန်:အတွက်လမ်းညွန်

အားလုံးပဲ မင်္ဂလာပါ။

ကျွှန်တော်က ဝေလင်းထွန်းပါ (Nick က Wayne ဖြစ်ပါတယ်၊ ဝိန်းပါ)။ ကျွှန်တော် ရန်ကုန်တက္ကသိုလ်က အွန်လိုင်း မဟာတန်းနဲ့ ဘွဲ့ရထား ပါတယ်။ အခုဆိုရင် ဘွဲ့ရတဲ့သူ ၆ ယောက် လောက်တော့ရှိပါပြီ။ ကျွှန်တော် ကြုံခဲ့တာလေးနဲ့ အကြံညဏ်ပေး ချင်ပါတယ်။


ပထမဆုံး မဟာတန်းက စပြောရအောင် မဟာတန်:မှာ module ၁၆ ခုရှိပါတယ်။one semester ကို module ၄ခုနဲ့ စုစုပေါင်း semester ၄ ခု တက်ရမှာပါ။ လေ့လာရမယ့် ဘာသာတွေကတော့


  1. Programming,
  2. Computer Science,
  3. Software Engineering ,
  4. Network,
  5. Database နဲ့
  6. Computational Mathematics ပါ။

Semester တစ်ခုကို တစ်ဘာသာ အနည်းဆုံးကနေ လေးဘာသာ အထိယူလို့ရပါတယ်။ ပထမဆုံး ဘာသာရပ်တွေက 611 ကနေ 614 ပါ။ အလယ်က (တစ်) က ကိုယ်ရောက်နေတဲ့ semester ကို ကိုယ်စားပြုပါတယ်။ ဥပမာ semester 3 ဆိုရင် 631 ကနေ 634 ပါ ။ပထမ semester မှာ ဒါတွေသင်ရမှာပါ။


  • COMP 611 - Computer System I
  • COMP 612 - Software Engineering I
  • COMP 613 - Computational Mathematics I
  • COMP 614 - Database Management System I
COMP 611 - Computer System I


Comp 611 မှာ Turbo C++ နဲ့ Computer Science ကို သင်ရမှာပါ။ Turbo C++ ကို မပြောတော့ပါဘူး။ B.Sc. မှာသင်ပြီးသားလို့ ယူဆပါမယ်။ Computer System မှာ Operation တွေကို လုပ်ရမှာပါ။ Arithematic Shift, Logical Shit, Binary-to- decimal/hex စသည်ဖြင့်ပေါ့။ Programmer ကောင်းကောင်းဆို Turbo C++ က အေးဆေး ဖြစ်မှာပါ။ Computer System ကလဲ တွက်တာများရင် ရပါတယ်။ စာမေးပွဲကျဖို့ အလွယ်ဆုံး ဘာသာပါ။

COMP 612- Software Engineering I


COMP 612(နောက် 622,632,642အထိ) အတွက် Ivan Summerville ရဲ့ Software Engineering 7, 8 ကို လေ့လာရပါမယ်။ စာအုပ်က အပြင်မှာ ဝယ်ရင် ၈၀ဝ၀ ကျပ်နဲ့ ၁၀ဝ၀ဝကျပ် ကြားရှိပါတယ်။ ကျွန်တော် အကြိုက်ဆုံး ဘာသာရပ်ပါ။ လက်တွေ့မှာ အရမ်း အသုံးဝင်ပါ လိမ့်မယ်။ အရမ်း ကောင်းပါတယ်။ Professor ရဲ့ ဘာသာလဲ ဖြစ်ပါတယ်။ ၁/၄ ကို စာအုပ်ထဲ က မေးပါတယ်။ ၃/၄က အပြင်ကပါ။ Google ကို အားကိုးပါ။ တစ်ချို့ အဖြေတွေက Google မှာ မေးခွန်း ရိုက်ရှာရင် တမ်းရပါတယ်။ တစ်ကယ်တက်ချင်ရင် မကူးပါနဲ့။ ကိုယ်တိုင် လုပ်ပါ။

COMP 613 - Computational Mathematics I


တက်တဲ့သူပေါင်း ၂၆၀ ကျော်မှာ ၆ယောက်ပဲ အောင်သေးတာ ဒီဘာသာကြောင့်ပါ။ Excel သို့မဟုတ် Matlab နဲ့ တွက်ရပါမယ်။ Excel ကို အားမပေးပါဘူး။ Mathlab နဲ့ တွက်တက်အောင် ကြိုးစား စေလိုပါတယ်။ MSc မှာပါတဲ့ maths က ရိုးရိုး math မဟုတ်ပါဘူး။ Maths နဲ့ Computer နဲ့ မွေထားတဲ့ ဟာမျိုးပါ။ ဥပမာ Newton-raphson law ကို excel သို့မဟုတ် mathlab နဲ့ ဖြေရှင်း ခိုင်းတာမျိုးပေါ့။ ဒါက ပထမအခန်းက တော်တော်လွယ်တဲ့ exercise ဖြစ်ပါတယ်။ programming ကို နားလည်တဲ့သူလဲ maths နဲ့ ရောရင် ရှုပ်ကုန်ကောဗျ။ BE လို လူမျိုးတော့ မသိဘူးဗျ။ နောက်ပြဿနာက အပြင်မှာ ဆရာရှာရင် maths ဆရာက programming မသိဘူးဗျ။ programming ဆရာက maths မသိဘူး။ အကောင်းဆုံးက ကျူရှင် ယူလိုက်ပါတယ်။ ရန်ကင်းမှာ ဒေါက်တာ (Maths Phd from Germany) ရှိပါတယ်။ ဒါမှမဟုတ်လဲ ဆရာကို ရန်ကုန် တက္ကသိုလ်မှာ ကိုယ်တိုင် သွားမေးပါ။

COMP 614 - Database Management System I

COMP 614 အတွက် CJ.Date ရဲ့ Introduction to Database System စာအုပ်က ကောင်းပါတယ်။ စာအုပ်က အပြင်မှာဝယ်ရင် ၈၅၀ဝကျပ် လောက် ရှိပါတယ်။

လူတော်တော် များများက စမ်းကြည်.တဲ့ အနေနဲ့ ဘာသာတွေကို တစ်ခု နစ်ခုလောက်ယူတတ် ကြပါတယ်။ တကယ်ဘွဲ့ကို မြန်မြန်လို ချင်တယ်ဆိုရင် အဲဒါ မှားပါတယ်။ လေးခုစလုံး ယူသင့်ပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော် ပြောပြပါမယ်။ Assignment တွေက ဘာသာ တစ်ရပ်စီမှာ ၇ခုကနေ ၁၀ခုရှိပါတယ်။ ဘွဲ့မှာ Thesis မရှိပါ။ Assignment တွေက mini thesis တွေပါပဲ။ တစ်ဘာသာ မှာ Assignment တွေ ဖြေနေတုန်း တစ်သွားတတ် ပါတယ်။ အချိန်ကုန်မခံပါနဲ့ နောက်တစ်ဘာသာ ပြောင်းပြီး လုပ်ပါ။ အဲလိုပဲ အဲဒီဘာသာမှာ တစ်နေရင် နောက်တစ်ဘာသာကူးပါ။ အဲဒါမို့လို့ အများဆုံး တစ်ပြိုင်တည်း ယူတဲ့သူက အမြန်ဆုံးပြီးမှာပါ။

ကျောင်းတက်တော့မယ် ဘာတွေပြင်ရမလဲ

ULB ကိုသွားပါ Canteen နားမှာပါ ။ Professor နဲ့တွေ့ပါ ။ သူ.ထံက ထောက်ခံချက်ယူပြီး ငွေသွင်းပါ ။ လေးဘာသာစလုံးယူသင့်ပါတယ် ။ ၂၁၀,ဝ၀ဝလောက် ကြသင့်မှာပါ ။ နေ့လည် ၂နာရီ မတိုင်ခင်သွားပါ ။ ၂နာရီဆို ငွေသွင်းကောင်တာပိတ်ပါတယ် ။ ပြီးရင် ဌာနကို ငွေသွင်းကောင်တာကပေးလိုက်တဲ့ ချလံကို ပြန်ပေးပါ ။ ကျန်တာ ဌာနက ပြောတဲ့ အတိုင်းဆက်လုပ်လိုက်ပါ ။ Student Card လုပ်ဖို.လဲ လိုပါလှိမ့်မယ် ။

၄ရက် လောက်ကြာရင် account နဲ့ password ပေးပါလှိမ့်မယ် ။ http://www.wbts.com.mm မှာ စပြီ:login လုပ်ပြီး စလို.ရပါပြီ ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘာသာ လေးခုပွင့်နေတာ တွေ့ပါလိပ်မယ် ။ Online မှာ မဖတ်ပါနဲ့ ။ Download ဆွဲပါ ။ သင်ရိုး အားလုံးကို ဒေါင်းလုပ်လုပ်ပြီးရင် ပရင်တာနဲ့ ထုတ်ပြီးဖတ်ပါ။ ကပ်စီးမနဲပါနဲ့ ။ စာနဲ့ ဖတ်ရတာ ကွန်ပြူတာနဲ့ ဖတ်တာထက်ပိုကောင်းပြီး ပိုနားလည်လွယ်ပါတယ် ။ မေးခွန်းကို ဖြေရင် အရေးကြီးအချက်တွေကို လိုင်းတားပြီ စာအုပ်. အင်တာနက် ပေါင်းရှာရင် အရမ်းမြန်ပါတယ်.



အရေမကြီးဘူးထင်ပေမယ်. တကယ်အသုံးဝင်ပါတယ် .

ဆက်ရေးပါဦးမယ် ...

4 comments:

  1. Hi bro,

    Please carry on for module 2, 3 and 4. Looking forward your post.


    Thanks,

    ReplyDelete
  2. Not very difficult bro :) write an email to me if you need something mr.wailintun1984@gmail.com

    ReplyDelete

Please use your real name or nick/pen-name.