Monday, December 28, 2015

ကျွန်တော်နှင့် HR
+++++++++++++++++++++++++++

လူနည်းနည်းများလာတာ့ အဓိက ပြဿနာက HR ဖြစ်လာပါတယ်။ လိုတာတော့ finance လည်းလိုတာပါ။ 
- ၀န်ထမ်းတွေကို ထိုက်ထိုက်တန်တန်ရစေဖို့ 
- မျှော်လင့်ချက်ရှိစေဖို့ 
- ဘောနက်စ်ကိုလည်း သတ်မှတ်ဖို့ 
- ၀င်ငွေကိုလည်း များအောင်ချန်ဖို့ 
- ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးဖို့ 
အရေးကြီးလာပါတယ်။ ပိုက်ဆံပိုပေးရင် motivation တတ်တယ်ဆိုတာကလည်း အမြဲတော့မဟုတ်ပါဘူး။ လူတိုင်းကလည်း unlimted cash နဲ့  run နေတာမှ မဟုတ်တာ။
အရင်တုန်းကတော့ ကိုယ့်တပည့်အရင်း လေးငါးယောက်နဲ့ ဆိုတော့ သိပ်တော့ ပြဿနာမရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လွတ်လပ်တာကြိုက်ပါတယ်။ ကြိုက်တဲ့အချိန်လာ အလုပ်ပြီးရင် ပြီးကော ပြောလို့ အဆင်ပြေပါတယ်။
အများနဲ့ ဖြစ်လာတော့ တချို့  ကိစ္စတွေမှာ communication လွဲတာတွေ ဖြစ်လာပါတယ်။ အချိန်နဲ့  အုပ်စုနဲ့  လုပ်ရတဲ့ ကိစ္စတွေမှာ လူစုံဖို့ လိုလာပါတယ်။ လူမစုံတော့ ပြန်ပြန်ရှင်းနေရတာနဲ့  သိပ်ကို ခက်ပါတယ်။
ကျွန်တော်ကတော့ ဒဏ်ပေးတဲ့စနစ်ကို လုံးဝကို မကြိုက်ပါဘူး ။ သို့ ပေမယ့် ပုံမှန်လုပ်တဲ့သူအတွက်လည်း မျှတဖို့ လည်း လိုအပ်မယ်ထင်ပါတယ်။ 
နောက်တခုက တက်လမ်းတော့ ပေးထားမှ ရမယ်ထင်ပါတယ်။ ဘယ်လောက်လုပ်ပြီးရင် ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ပြီး သိဖို့ လိုအပ်ပါလိမ့်မယ်။ ခွင့် သတ်မှတ်ပေးရမယ် ၊ ဆုကြေးပေးရမယ်။
ကိုယ်အတွက်လည်း ကျန်အောင်လုပ်ရမယ် ။ အဲတာမှ ရေရှည်ရပ်တည်နိင်မှာကိုး။ 
အကြံပေးလိုတာကတော့ အိုင်တီသမားတွေ အနေနဲ့ တချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြရင်။ HR, Accountion/Finace ကို လည်း တီးမိခေါက်မိဖို့ လို ပါလိမ့်မယ်။ 
လိုအပ်ချက်တွေကတော့ တနေ့ တခြား ပိုပိုများလာလေပါပဲ။ HR ကတော့ မကျွမ်းကျင်တဲ့အတွက် ပညာရှင်ပဲ အနည်းဆုံး အချိန်ပိုင်း ခေါ်လိုက်တာ ကောင်းမယ်ထင်ပါတယ်။ 
လူရယ်လို့ ဖြစ်လာမှတော့ မကြောက်တော့ပါဘူး။
special thanks to Ko Jack Chen
လိပ်ကျွန်း လူသတ်မူနှင့် ပါတ်သက်၍


ထိုင်းကိုသာ တတ်သိမ်းမယ်ပြောတာ ထိုင်းက မြန်မာပြည်ဈေးကွက်ကို သိမ်းပြီးပြီ
- သွားတိုက်ဆေး
- အားပြည့်အချိုရည်
- ဆပ်ပြာ
- ကလေးစားတဲ့မုန့် 
- ထိုင်းမှာအောက်ခြေအလုပ်လုပ်နေရတဲ့ လူသန်းကျော်
- ဆေးကုတာပါ ထည့်တွက်လို့ လည်းရမယ်ထင်ပါတယ်။
မြန်မာကလေး နှစ်ယောက်ကိစ္စရဲ့ အကြောင်းအရင်းက တိုင်းပြည်က စီးပွားရေး၊ အလုပ်အကိုင်အခွင့်အရေး စတာတွေအားနည်းလို့ အလုပ်အပြင်ထွက်လို့ ဖြစ်တာလည်းသိစေချင်ပါတယ်။
နောက်ပြီး မျိုးချစ်စိတ်က မြန်မာပြည်သားမှာတင် ရှိတာလည်းမဟုတ်တာကို သိစေချင်ပါတယ်။ 
တိုင်းပြည်က ဒီမိုကရေစီရသေးတယ်လို့ ကို မဆိုနိင်သေးပါ။ စစ်ဖြစ်ရင် မိဘမဲ့ကလေးတွေ ၊ ရောဂ်ါတွေ ၊ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိပါသေးတယ်။
ထိုင်းနိင်ငံသားအများစု ကိုယ်တိုင်ကလည်း တော်တော်လေးကို ရှက်နေတဲ့ ပုံစံပါပဲ။ ဆဲတာလည်းမတွေ့ မိသလို သူတို့ ကိုယ်တိုင်ကလည်း မတရားခံရတဲ့ ကလေးနှစ်ယောက်ဖက်က ကာကွယ်ပြောနေတာကိုလည်း တွေ့ ရမှာပါ။
မြန်မာတွေက ထိုင်းတွေကို ငယ်နိင်လို့ ထင်ကြသလို ၊ ထိုင်းတွေကလည်း မြန်မာတွေက အောက်ခြေအလုပ်သမား နိမ့်ကျတဲ့ လူမျိုးတွေအဖြစ်ထင်ကြပါတယ်။
Diplomatic နည်းလမ်းနဲ့ ဖြေရှင်းရမယ့်ကိစ္စပါ။ တိုင်းပြည်က ပညာရေး ၊ စီးပွားရေးနောက်ကျနေတာကို ရှင်းနိင်ရင် နောင်လိပ်ကျွန်းပြဿနာကို ကာကွယ်နိင်ပါလိမ့်မယ်။ ဒီမိုကရေစီရတယ်လို့ ပြောမရသေးပါဘူး ချောက်ထဲကို အွန်လိုင်းက အာဘောင်အာရင်းသန်သန်တွန်းချနေကြတာ မြင်မကောင်းဘူး 
တတ်သလောက် မှတ်သလောက် Financial Education
-------------------------------------------------------------------
ချမ်းသာချင်ရင် Financial Education တတ်ဖို့ လိုပါလိမ့်မယ်။ အဲတာက ကျောင်းမှာ သင်မပေးပါဘူး ။ ကျောင်းတွေက အလုပ်သမားကောင်းတွေကို ပဲလေ့ကျင့်ပေးတာများပါတယ်။ အခုတော့ တချို့  course တွေမှာ ထည့်သွင်းလာတာကို တွေ့ နေရပါပြီ။
သူဌေးတွေက Product/Service ကိုရောင်းပါတယ်။အလုပ်သမားတွေက ကျွမ်းကျင်မူရယ် ၊ အချိန်ရယ်ကို ရောင်းပါတယ်။
မောင်မောင်က Senior Manager တလ ၁၀သိန်းရတယ် ။ သူရဲ့ Source of Income က လုပ်ငန်းဆီကပါ။ လုပ်ငန်းရှင် ဦးမြက သူ့ ရဲ့ Product ကို ရောင်းပါတယ်။ ဥပမာ ဆီးထုပ် တထုပ်ကို ၁၀၀ နဲ့ ရောင်းရင် ၁၀ကျပ် မြတ်ဆိုပါဆို့ ။
မောင်မောင်ရဲ့ ၀င်ငွေရတဲ့ နေရာက တခုပဲရှိပါတယ်။ ဦးမြကတော့ သူ့ ရဲ့ စားသုံးသူအရည်အတွက်အလိုက်ရပါတယ်။
လူ ၁၀၀ x အမြတ် ၁၀ ကျပ် = ၁ထောင်ရပါမယ်။
လူ တစ်ထောင် = တသောင်းကျပ်
လူ တစ်သောင်း = တသိန်းကျပ်
လူတသိန်း = ဆယ်သိန်းကျပ် ရပါလိမ့်မယ်။
မြန်မာပြည်မှာ ဆီးထုပ်စားတဲ့လူ သန်းချီရှိပါလိမ့်မယ်။ အဲ့ထဲ့က လူတသိန်း ၀ယ်စားရင် ဦးမြ တနေ့ ကို ဆယ်သိန်းရပါလိမ့်မယ်။ ဦးမြရဲ့ ၀င်ငွေက အတိအကျမရှိပါဘူး။ ဘယ်လို့ လည်းဆိုတော့ ဘယ်နှစ်ယောက်စားမယ် ပြောလို့ မရလို့ ပါ။ မောင်မောင်ရဲ့ ၀င်ငွေက အတိအကျလကုန်ရင်ရပါလိမ့်မယ်။မောင်မောင်ရဲ့ လစာတိုးမူက ရာထူး ၊ ဘောနက်စ်ပေါ်မူတည်ပြီ။ ဦးမြက စားသုံးသူပေါ်မူတည်ပါတယ်။
မောင်မောင်က လစာပိုပေးတဲ့နေရာကို သွားလို့ ရပါတယ်။ ဦးမြအဖိုမှာတော့မလွယ်ပါ။ ဦးမြမှာ အားသာချက်တွေရှိပါတယ် သူကတော့ ကန့် သတ်မထားတဲ့ စားသုံးသူအရေအတွက်ပါ။ 
ဦးမြမှာ ကုန်ကျစရာတွေလည်းရှိပါတယ်။
-လစာပေးရတာ
-ဖြန့် ချီမူ
-ထုပ်ပိုးမူ
-အခွန်
-လက်လီသမားအတွက် အမြတ်ချန်ခြင်းအစရှိတာတွေပါ။
ဦးမြရဲံ ပြဿနာတွေကတော့
-ကုန်ကြမ်းရနိင်မူ
-ကျွမ်းကျင်အလုပ်သမားရှားပါမူ
-မားကတ်တင်း
-HR စတာတွေဖြစ်ပါတယ်။
ကျွန်တော်တို့  ငယ်ငယ်တုန်းက ပြောတဲ့ taxi မောင်းတဲ့သူက ဘွဲ့ ရထက်ပိုရတဲ့ ပြဿနာကို စဉ်းစားမိမယ်ထင်ပါတယ်။ ဘွဲ့ ရက ၀င်ငွေ ပေးမယ့်သူ တယောက်ရှိပြီး တိုင်းပြည် အခြေအနေ နဲ့  ပါတ်သက်ပါတယ်။ Taxi ဆရာကတော့ မောင်းနိင်သလောက်ရပါလိမ့်မယ်။ Taxi ဆရာမှာ ကန့် သတ်ချက်တော့ရှိပါတယ်။ အချိန်နဲ့  လုပ်နိင်တဲ့ ablility ပါ။ မောင်မောင်မှာလည်းရှိပါတယ်။
ဦးမြမှာတော့ management သာဖြစ်တဲ့အတွက် လူလိုရင် ငှားလို့ ရပြီး ၊ ပစွည်းလည်းကောင်း ၊မားကတ်တင်းကောင်း ၊ ဈေးကွက် demand လည်းရှိရင် တတ်သွားပါလိမ့်မယ်။ လက်လုပ်လက်စားဘ၀နဲ့ တော့ ချမ်းသာဖို့ မလွယ်ပါ။ financial education ကို နားလည်ဖို့ လိုပါလိမ့်မယ်။ လူတိုင်းက ၁၀၀ ကျပ်ပေးဖို့  လွယ်ကူပြီး ၁၀သိန်းကျပ်ကတော့ လုပ်ငန်းရှင်တွေကပဲ ပေးနိင်ပါလိမ့်မယ်။ လူတိုင်းကိုရောင်းလို့ ရပေမယ်။ အလုပ်ကတော့ တခုထပ်ပိုပြီးလုပ်ကိုင်လို့ မရပါ။ 
အဲတာကြောင့် နိင်ငံခြားမှာ အလုပ်အကြာကြီးလုပ်သူတွေက ချမ်းသာတာထက် ကိုယ်ပိုင်လုပ်ငန်းရှင်က ချမ်းသာဖို့ အခွင့်အလမ်းရှိပါတယ်။
လုပ်ငန်းတခုအောင်မြင်ဖို့ ကတော့ ၁၀% သာ ရှိပြီး ၊ အလုပ်ရဖို့ ကတော့ ၉၀% ရှိပါလိမ့်မယ်။