Wednesday, September 14, 2016

သင်ဟာ Comfort Zone ထဲမှာရောက်နေတာလား


ခေါင်းစဉ်ကို ဘာကြောင့်ပေးရသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း လူပျင်းတယောက်ဖြစ်နေလို့ ပါ။
မြန်မာလူမျိုးတွေပျင်းတယ် ပျင်းတယ်လို့ ပြောတာလည်းကြားဘူးလိမ့်မယ်။ သို့ ပေမယ့် နိင်ငံခြာ်းရောက်ရင် တော်တော်များများက ကြိုးစားလာကြပါတယ်။
ဘာကြောင့်လည်းဆိုတော့ 
-ရေမြေရပ်ခြားမှာ အလုပ်မရတာနဲ့ ပြန်ရမယ်
-ထမင်းအလကားကျွေးမယ် အိမ်မရှိဘူး
-ပိုက်ဆံမရှိရင် နေစရာမရှိရင် ဒုက္ခရောက်မယ် ပြန်စရာအမေ့အိမ်မရှိဘူး ။ အဲ့မျိုးလူတွေက မိဘအိမ်မှာအေးဆေးနေရတဲ့သူတွေထက် ပိုကြိုးုစားကြတယ်။
လူပ်နိးလိုက်သလိုပေါ့လေ။ ရုတ်တရက်လန့် ဖြန့် ပြီး အလုပ်ထလုပ်တဲ့အချိန်
ကျွန်တော့်အတွက်တော့ အဲလိုမျိုးနစ်ခါဖြစ်ဘူးတယ်။
၁.စလုံးမှာ အလယ်သွားရင်း နေစရာမရှိလို့  အပြင်ဘက်ထွက်ရတဲ့အချိန် အရမ်းကိုလန့် သွားတာ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘုန်းကြီးကျောင်းမှာ နေမရသလို ကားမှတ်တိုင်မှာလည်း အိပ်မရဘူးလေ။ ဂျေးအောင်းသွားမှာပေါ့ ။
နောက်ပြီး စလုံးတွေဖင်ခေါင်းကျယ်တာကို မကြိုက်ဘူး။ ငါလည်းလုပ်နိင်ရမှာပေါ့ဆိုပြီး ပြန်လာပြီး အလုပ်ကို ဖင်စွဲပြီးလုပ်ဖြစ်သွားတယ်။
2. ကတော့ ကလေးမွေးခါနီးအချိန်။ နိင်ငံခြားက ပြန်လာပြီး အလုပ်လုပ်လိုက်တာ တလ ၁၅သိန်းလောက်ရတော့ တဖြည်းဖြည်း ပျင်းလာပြီး ပေါ့ပေါ့ဆဆဖြစ်လာတယ်။ စိတ်ထဲမှာ ကွန်ပြုတာအသစ်ဝယ်မယ် ၊ ကားဝယ်မယ်လောက်ပဲကျန်တယ်။
မိန်းမရတော့ အိမ်မှာလည်းနေလို့ မရတော့ဘူး။ ကလေးကလည်း ထွက်တော့မယ် စုဆောင်းထားတာလဲမရှိတဲ့အချိန်မှာ လန့် ဖြန့် ပြီး အလုပ်လုပ်မိတယ်။
အခုလည်း Comfort Zone မှာ ပျော်နေမိပြန်ပြီ ။ တနစ်ကို ကားနစ်စီးဝယ်နိင်တယ်။ တိုက်ခန်းလည်း နစ်ခန်းလောက်ပိုင်ပြီဆိုတော့ တဖြည်းဖြည်းနဲ့  သောက်ပျင်းတစ်လာပြန်ပါပြီ။ ဘယ်တော့များမှ ဒုက္ခရောက်ပြီးအလုပ်လုပ်ဖြစ်မလည်း မသိဘူး ။ :3 ဟိုလတွေတုန်းကတော့ အလုပ်ပါးတော့ တော်တော်ကို ဥာဏ်နီဥာဏ်နက်ထုတ်ပြီး အလုပ်သစ်တွေ ဘာတွေလုပ်ဖြစ်သေးတယ်။ အခုတော့ ပျင်းသွားပြန်ပြီ။
ထမင်းမငတ်ရင်ကို အလုပ်ကို မလုပ်ချင်တာပါ။
သေချာတာတော့ လူတွေဟာ အခုလုပ်တာထက်ပိုပြီး အစွမ်းအဆရှိတယ်ဆိုတာရယ်။ ထုတ်သုံးဖို့  ပျင်းကြတယ်ဆိုတာတော့ အမှန်ပါပဲ။ ဘယ်အချိန်မှာ လန့် နိုးမလဲဆိုတာတော့မသိဘူး။ တော်တော်များများကတော့ အိပ်နေကြတာပါပဲ။
သူတောင်းစားတွေက ကလေးတွေပိုက်ပြီး တောင်းစာတာလည်းမပြောနဲ့ 
ကိုယ်တောင် ကလေးအဖေဖြစ်လာတော့ ကလေးလေးတွေ မြင်ရင်ကို မနေတတ်တော့ဘူး။ 
"အော်ငါ့သားလေးများဖြစ်ရင်" ဆိုပြီ စိတ်ထဲကို မကောင်းတာ။ လူပျိုတုန်းက သနားတာ ရိုးရိုး ။ ကလေးအဖေဘ၀ကျတော့ ရင်ထဲကကို ပြိုလာသလို စိတ်မကောင်းတာ။ မထည့်လိုက်ရင်ကို ဒီကလေးလေး ရှောသွားမလား ခံစားရတယ်။
တကယ်ကို လုပ်စားရက်ကြပါပေတယ်။ :3
လစာကောင်းခြင်းနှင့် မချမ်းသာခြင်းက တိုက်ရိုက်ဆက်စပ်နေတယ်လို့ ပြောရင် ရုတ်တရက်ကြောင်သွားကြမယ်ထင်ပါတယ်။
ချွင်းချက်တွေရှိပေမယ့်လည်း ယေဘူယျအားဖြင့် မှန်ကန်တယ်လို့ ပြောရပါလိမ့်မယ်။
ချွင်းချက်မှာဘာတွေပါမလဲဆိုတော့
- ရှယ်ယာကို ပိုင်ဆိုင်တဲ့ ၀န်ထမ်းတွေ
- ရေနံထုတ်လုပ်ငန်းလိုမျိုး
- ဆရာဝန်လိုမျိုး
- ရှေ့ နေလိုမျိုး
- ရုပ်ရှင်သရုပ်ဆောင်လိုမျိုး
- သဘောင်္သားလိုမျိုးတော့ ပါဝင်နိင်ပါတယ်။
သို့ ပေမယ့် ပုံမှန်အားဖြင့် စဉ်းစားကြည့်ရင်တော့ အဲဒီလူတွေဟာလည်း အကြီးပွားအတိုးတက်ဆုံးတော့မဖြစ်နိင်သေးပါဘူး။ ရှယ်ယာပိုင်ရှင်တွေကတော့ ချွင်းချက်ပေါ့လေ .
ဘာကြောင့်လည်းဆိုတော့ စနစ်ကြောင့်လိုသာဖြေပါရစေ။ ပညာရှင် ၊ ဥပမာဆရာဝန်တယောက်က တလကို သိန်းတထောင်ရတယ်ဆိုပါတော့ ။ နီနီကို စပွန်ဆာပေးတဲ့ လူကြီးက တလကို သိန်းတရာကျော်ရတယ်ဆိုပါတော့ :3 သူတို့ က သင်္ဘောလိုင်းပိုင်ရှင်နဲ့  ဆေးရုံပိုင်ရှင်တွေထက် ကြီးပွားစရာမရှိပါ။
ဘာကြောင့်လည်းဆိုတော့ သူတို့ သည် ကိုယ်ပိုင်အချိန်နဲ့  တတ်ကျွမ်းမူကို ရောင်းစားရတဲ့အတွက်ပါ။ ၂၄နာရီထက်ပိုမရသလို ဘယ်လောက်ကျွမ်းကျွမ်း တယောက်စာသာဖြစ်တဲ့အတွက် ကန့် သတ်မူတွေရှိနေလို့ ပါပဲ။
လုပ်ငန်းရှင်တယောက်ကျတော့ သူများရဲ့ အချိန်တွေအပြင် ကျွမ်းကျင်မူကိုပါ အသုံးပြုခွင့်ရပါတယ်။
ဆရာဝန်တယောက် သိန်း ၁၀၀ ရတဲ့အချိန်မှာ ဆေးရုံပိုင်ရှင်က ၅သိန်းရတယ်ဆိုပါတော့
ဆရာဝန်က ဆေးခန်းဘယ်လောက်ထိုင်ထိုင် အကန့် အသတ်ရှိပါတယ်။ ဆေးရုံပိုင်ရှင်ကတော့ ဆရာဝန်ကို များများခန့် လို့ ရပါတယ်။ သူရဲ့အကန့် အသက်က ဈေးကွက် ၊ network ၊ ကံ ၊ ဥာဏ် ၊ ၀ရီယပေါ်မှာ မူတည်ပြီးရသလောက်ချဲ့နိင်ပါတယ် ။
ဝန်ထမ်းဘ၀ကို စွန့် လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်တာက တော်တော်ကို အောင်မြင်ဖို့ မသေချာတဲ့အလုပ်ဖြစ်ပါတယ်။
တလ တသိန်းရတဲ့ ၀န်ထမ်းက အလုပ်ထွက်ဖို့ လွယ်တယ်ဆိုရင်
တလ သုံးသိန်းရတဲ့သူက ပိုခက်လာပါပြီ
တလ ငါးသိန်းရတဲ့သူက တော်တော်ကို စဉ်းစားလာရပါမယ်။
တလ ဆယ်သိန်းရရင် ထွက်ဖို့ တော်တော်ကို စဉ်းစားရပါမယ်။
တလ သိန်းနစ်ဆယ်ရတဲ့သူတွေက မဖြစ်နိင်သလောက်ပါပဲ။
တသောင်းစားတွေကြတော့ တော်ရုံနဲ့  ထွက်ကြတော့မှာမဟုတ်ပါဘူး ။ :3
ကိုယ်ပိုင်လုပ်ငန်းက ရှူံးဖို့ အရမ်းကို အခွင့်အရေးများလွန်းတဲ့အတွက် အဆင်မပြေရင် မတိုက်တွန်းမလိုပါဘူး။ အထူးသဖြင့် အိမ်ကို ထောက်ပံဖို့ လိုအပ်တဲ့သူတွေ ကလေးအဖေ ၊ အမေတွေ ဖြစ်လာရင်လုပ်ဖို့  တော်တော်ကို ခက်ပါတယ်။ အသက်ကြီးလာလေ စွန့် စားဖို့ ခက်လာလေပါပဲ။
ဖြစ်နိင်ရင်တော့ ရှယ်ယာလိုမျိုးဖြစ်ဖြစ် ပါတနာလိုပဲဖြစ်ဖြစ် ရအောင်တောင်းကြပါလို့  ။ ဆေးထိုးလိုက်ပါတယ်လေ။