လောလောဆယ်ကာလမှာ ကောင်လေးတစ်ဦးက သူဂိမ်းလုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ မေးလာပါတယ်။ အမှန်ကတော့ ကျွှန်တော်ကိုတိုင်ကလဲ ဂိမ်းမပြောနဲ့ Flash ဂိမ်းတောင်ကောင်းကောင်း မလုပ်တက်ပါဘူး။
အဲဒီကလေး ရေးချင်တာက Dynasty Warrior လိုဂိမ်းမျိုး ,
God of the War လိုဂိမ်းမျိုးပါ။ ဘက်ဂျက်ကတော့ သိန်း၁၀ဝ လောက်ရှိပါတယ်တဲ့။ အဲဒါနဲ့ ကျွှန်တော်ကိုယ်တိုင်လဲ မရေးတတ်ပါဘူး ။ ရေးတတ်တဲ့ ကိုမြင့်ကျော်သူကိုပဲ လမ်းညွန်ရတာပေါ့။ မြန်မာပြည်မှာ ရှားရှားပါးပါးဂိမ်းရေးနိုင်တဲ့သူဆို သူပဲရှိမယ်ထင်တယ်။ ကိုမြင့်ကျော်သူရေးထားတဲ့ ဂိမ်းလေးတွေ ဆော့ဘူးတယ်။ 2D ဂိမ်းလေးတွေနဲ့။ 3D ဂိမ်းလေးတွေ ပါ။ မဆိုးဘူးဗျ နိုင်ငံတကာတော့ အဆင့်မီသာ:။ ပြောရတာပေါ့ လုပ်ပေးလိုက်ပါဘာညာ ။ ပြန်ပြောတာက မဖြစ်နိုင်ပါဘူးတဲ့။ ဘာဖြစ်လို.လဲဆိုတော့ ဂျက်ရယ် ၊ အချိန်ရယ်၊တက်ကျွမ်းတဲ့သူ များများစာစားမရှိတာရယ် နေမှာပေါ့။ ဂိမ်းတစ်ခု(mod လုပ်တာမဟုတ်ပါ) ဥပမာ God of Warလိုမျိုး ၊ genearl လိုမျိုး ဂိမ်းတွေ ရေးမယ်ဆို ဘာများလိုအပ်နိုင်မလဲ စဉ်းစာ:မိတာပေါ့ဗျာ။
1. Human Resources
အထိက အကြောင်းဗျ ၊ တက်ကျွမ်းတဲ့သူလုံလုံလောက်လောက်ရှိရမယ်ဗျ။ လူတစ်ယောက်ထဲက အကုန်လုပ်လိုမရဘူး coder ကသက်သက် ၊ designer က သက်သက်၊ အဲ designer မှာတောင် lead designer တို.၊ animation designer တို.၊ အများကြီးလိုဦးမယ်။ sound effect လုပ်တဲ့သူ ၊ testing လုပ်မယ့်သူ၊ အနည်းဆုံး လူ၅ယောက်တော့ ရှိမှဖြစ်မယ်ထင်တယ်။
2. Budget
ဂိမ်းတွေရေးမယ် ဆိုရင် Compile လုပ်ဖို. rendering လုပ်ဖို. စက်တွေ ကောင်းကောင်းလိုမှာပဲဗျ။ ငါးသိန်းတန် စက်ကလေးနဲ့တော့ မရမှာသေချာတယ်။
အဲဂိမ်းရေးနိုင်တဲ့ စက်မျိုးဆိုရင် အနည်းဆုံး ဒေါ်လာ ၃၀ဝ၀ လောက်တော့လိုမှာပဲ။ လူငါးဦးအတွက် စက်ငါးလုံး။ အဲပိုက်ဆံ အကုန်ခံပြီးလုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ဝယ်တဲ့သူရှိမယ် လိုင်စင်နဲ့ဝယ်တဲ့သူရှိမှ အရင်းကြေနိုင်မယ်။ ဒီမှာက ၁၀ဝ၀ပေးပြီး အခွေဆိုင်မှာ ကူ:ခွေလွယ်လွယ်ဝယ်နိုင်တော့၊။ အရင်းမပြောနဲ့ နဲနဲပြန်ရရင်တောင် ကံကောင်း။
ဆက်ရေးပါဦးမယ်....
No comments:
Post a Comment
Please use your real name or nick/pen-name.