Friday, October 14, 2011

For ASP.Net Developers and Learners (Making a free asp.net site )

မြန်မာနိုင်ငံအတွက် အကြီးဆုံးပြသနာကတော့ online ကနေ ငွေချေစနစ်မရှိတာပါပဲ. အဲဒီဒေါ့ freehosting တွေ သုံးရတာပေါ့။ php လိုမျိုး open source အတွက် freehosting ကပေါပေမယ့် dot net လိုဟာမျိုးကြတော့ရှားသား။ host လုပ်တာစမ်းချင်တယ်။ ကိုယ်ပိုင် website လေးရေး ချင်ရင်တော့။ လမ်းညွန်ပါရစေ....

အစကတော့ ကျွှန်တော်လဲ www.winhost.com ကိုသုံးပါတယ် ။ သက်လဲ သက်သာတယ်။ provide လုပ်တဲ့ .net version လဲ up-to-date ဖြစ်ပါတယ်။ နောက်ပိုင်း အသစ်လေးဘာလေး စမ်းချင်တော့ ။ credit ကဒ်က ကိုယ်ပိုင်မဟုတ်တော့ တော်တော် ဒုက္ခရောက်ပါတယ်။

MITP က ညွန်:တဲ့ http://www.aspspider.com/ ကလဲ သိပ်ပြီး အဆင်မပြေဘူးဗျ။(ဘယ်သူပြောလဲ မမှတ်မိတော့ပါ)
လောလောဆယ်တော့ http://somee.com မှာစမ်းသုံးနေပါတယ်။ ဆက်ပြီးရေ:သွားပါ့မယ်။ သုံးသလောက်တော့ မဆိုးဘူးပြောရမယ်။ သူ.ရဲ့ panel ကလဲ တော်တော်လေးသုံးရတာ အဆင်ပြေတယ်ဗျ။ ဆက်ရေးပါဦးမယ်..... ဒီပိုစ်ကိုပဲ မကြာမကြာ check ပေးပါ။



ကျေးဇူးပါ။

ပထမဆုံး http://www.somee.com/ ကိုသွားပါ။
account create လုပ်ပါ။ လွယ်ပါတယ် မပြတော့ပါဘူး။
ပြီးရင် လော့အင်လုပ်ပါ https://somee.com/DOKA/DOLogin.aspx

ကိုယ်ဂရုဆိုက်ရမှာ ၂ခုရှိပါတယ်။

ပထမတစ်ခု က website ရဲ့ details နဲ့ MSSQL Database ဖြစ်ပါတယ်.

တစ်ခုသိထားဖို. က website ဒါမှ မဟုတ် Database ကို လုပ်တိုင်းချက်ချင်း မရပါဘူးဆိုတာပါ။ server ရဲ့ response ကို စောင့်ရပါတယ်။ကျွှန်တော်လုပ်တုန်းက မနက်သုံးနာရီမှာ ၁၅မိနစ်ကြာပါတယ်။ သူများကို နေ့လည်ခင်းမှာလုပ်ပေးတာ
၂နာရီကြာပါတယ်။


website ရဲ့ property အောက်ကိုသွာ:ပါ
ဂရုဆိုက်စရာ ၄ခုရှိပါတယ်။
၁။ ဆိုက်ရဲ့ address
၂။ ဆိုက်ကို ဝင်မယ့် ftp address
၃။ ဆိုက်ကို ဝင်မယ့် ftp account
၄။ ASP.net version

FTP(File Transfer Protocol) ကိုယ့် ဝက်ဘ်ဆိုက်နဲ့ file အပြန်အလန် ပြုလုပ်ပေးတဲ့ account ရဲ့ account name ,password နဲ့ url ကို သေချာမှတ်ထားပါ။

ဝက်ဘ်ဆိုက်နဲ့ file တွေ အပြန်အလန် upload , download လုပ်ဖို.

http://filezilla-project.org/ (filezilla) သို.မဟုတ်
http://www.net2ftp.com/ ကြိုက်တာသုံးလို.ရပါတယ်။

ဒီမှာတော့ Filezilla နဲ့ပဲလုပ်ပြပါမယ် (သုံးရတာ လွယ်မယ်ထင်လို.) FTPသာ ISP(Internet Service Provider) က မပိတ်အောင် ဘုရားသာ ရှိခိုးပေးတော့ :D

FTP နဲ့ ပတ်သက်ပြီး

၁။ URL/Address

၂။ User Name

၃။ Password ထဲ့ပေးပါ။

net2ftpကလဲ သိပ်တော့ မကွာပါဘူး။ တူတူပါပဲ ကြိုက်ရင် သုံးပါ။ ကောင်းပါတယ်။ အထူးသဖြင့် FTP အပိတ်ခံရရင် အသုံးဝင်ပါတယ်။ အဲဒါပါပိတ်ရင်တော့ မပြောတတ် :D Proxy သုံးပေါ့ဗျာ


ဆက်ရေးပါဦးမယ်.....

No comments:

Post a Comment

Please use your real name or nick/pen-name.