Friday, October 14, 2011

ICT နည်းပညာ၊ လေအေးပေးစက်တက်ထားတဲ့မြို့၊ e-rider group နဲ့ ကျွှန်တော်

မြန်မာနိုင်ငံ လုံးဆိုင်ရာ ICT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ICT နည်းပညာများ လူတိုင်း အကျိုးရှိရှိ သုံးနိုင် ဖို.ကို ရည်ရွယ်ပြီး ကျွှန်တော်တို. E-rider Group ဟာ ရှမ်းပြည်နယ်ရဲ မြို့တော် မြန်မာနိုင်ငံရဲ့ လေးခုမြောက်အကြီးဆုံးမြို့ ဖြစ်တဲ့တောင်ကြီးမြို့ကို ခရီးထွက်ခဲ့ပါတယ်။ ကျွှန်တော်တို.ကို အဓိက ပံပိုးပေးတာကတော့ MCPA၊ MCIA နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းပါ။

(မနန်:ညီလုပ်ပေးထားတဲ့ Custom Funny Logo လေးပါ။ Breaking the barriers ကကျွှန်တော်အကြံပေးထားတာပါ။ ICT နည်းပညာနဲ့ ကြုံနေရတဲ့ အခက်အခဲများကို ဖြေရှင်းပေးဖို. ရည်ရွယ်ပါတယ်။)

လမ်းမှာလဲ ပြောပြောဆိုဆို စလိုက် နောက်လိုက်ပေါ့။ ကျွှန်တော်များရဲ့ E-rider Group မှာ ကိုဇော်ဇော်မျိုးလွင် (ကိုဇော်ဇော်)၊ မထိုက်ထိုက်အောင်(မထိုက်ထိုက်)၊ မနန်:ညီ(နန်:ညီ)၊ ကိုရန်လင်းအောင် (Desefox)၊ ကို(Exiter)၊ မင်းယွန်:သစ်၊ မတင်မြတ်ထက်(pinkgold/ပင့်ဂိုး)၊ကိုကိုရဲ နဲ့ ကျွှန်တော် ကိုဝေလင်းထွန်: (Wayne) ပါပါတယ်။

တောင်ကြီးက ဘုရားပေါ်မှာ စုပေါင်းပြီးရိုက်ထားတဲ့ပုံပါ။



ရန်ကုန်ကထွက်လာတဲ့ ကျွှန်တော်တို.ရဲ့ Express အမြန်ကားကြီးဟာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ ကလော်တောင်တက်တောင်စင်းလမ်း အထပ်ထပ်ဖြတ်ကျော်ပြီးတဲ့ နောက်မှာ တောင်ကြီးမြို့ကို
စိုက်ရောက်လာပါတယ်။




လေးအေးစက်တက်ထားတဲ့ မြို့၊ တောင်ပေါ်မြို့၊ အေးချမ်းတဲ့ ဒေသ၊ အရှေ့တောင်အာရှမှာ အသန့်ရှင်းဆုံးမြို့ နံမည်ပေါင်းစုံရှိတဲ့ တောင်ကြီးမြို့ဟာ အေးချမ်းသလို အရမ်းပဲသာယာပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့လေးပါ။ လှပတဲ့ ရှုခင်းများ၊ ပါးအို.နီနီနဲ့ ရှမ်းမလေးများ၊အမိုက်တစက်မရှိတဲ့ လမ်းများ၊ သာယာတဲ့ရာသီများနဲ့ ရက္ရက္စက္စက္ လှလှချင်တိုင်းလှ နေပါတယ်။ တိုက်နေတဲ့ အေးမြတဲ့ လေထုထဲမှာ ရန်ကုန်နဲ့ မတူတဲ့ ရက်ရက်စက်စက် လကဆတ်ခြင်းများပါပါတယ်။


ရှမ်းပြည်နယ်ဟာ ကျွှန်တော့်အတွက် သိပ်ပြီးတော့ စိမ်းတဲ့ ၊ ဘိုးဘွားများရဲ့ မြေလို. လဲပြောလို.ရပါတယ်။ ကျွှန်တော့ရဲ့ ေသွ:ထဲမှာ ညင်းလို.မရတဲ့ ရှမ်းမျိုးက တစိတ်တပိုင်းစီဆင်းနေတာညင်းလို. မရပါဘူး။ ပြောရမယ်ဆိုရင် ရှမ်းပြည်က ၊တောင်ကြီးမြို့က ကျွှန်တော်ရဲ့ ဒုတိယအိမ်ပါ။ ကိုယ့်အိမ်ကို ပြန်ရောက်သွားသလိုမျိုး ဖီလင်လေး က လဘက်ရည် ရှယ် ဇွန်းတက်နဲ့ မလဲ နိုင်ပါဘူး။ခါးသက်ပြီး ဆွဲလန်:စေတဲ့ Espresso ကော်ဖီထက် အများကြီးသာပါတယ်။




” ရိုးသားလွန်းတဲ့ရှမ်းကလေးစားတဲ့အစားအစာ ကောက်ညင်း” ကိုစံမော် ရဲ့ သီချင်းထဲက အတိုင်းဖြစ်နေမလာ: တခါတခါတောင်ပြန်ပြန်စဉ်းစားပြီး ပြုံးမိပါတယ်။ ကျွှန်တော်တို.တည်းတာတော့ မြို့ရဲ့ အထင်ကရ Churnch မှာပါ။ “အောင်မေ့ဖွယ် “ church မှာပါ။ ဘယ်နခုနစ်က တည်းခဲ့မှန်း အသေးစိတ်မသိပေးမယ့် ကိုလိုနီခေတ်က တည်ခဲ့တာဖြစ်ဖို.များပါတယ်။



တောင်ကြီးမြို့ရဲ့ မြို့ခံများဟာ အရမ်းကို ခင်မင်ဖို.ကောင်းပြီး အလွန်ပဲ ရိုင်းပင်းကူညီတတ်ကြပါတယ်။ ဟောပြောရာမှာလိုအပ်တဲ့ internet access,

workstations, multimedia, mircrophone လိုလေသေးမရှိအောင် အစစအရာရာ စီစဉ်ပေးကြပါတယ်။

တောင်ကြီး မြို့ခံများနဲ့ ကျွှန်တော်တို.Group အမှတ်တရ


ဟောပြောခွင့်ရတာတော့ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး

အသင်းရဲ့ ခန်:မမှာပါ။ MCPA နဲ့ MCIA ရုံးခန်:ရဲ့ အပေါ်ထပ်မှာပါ။


ဘယ်ဘက်ဒုတိယက သူငယ်ချင်:ကတော့ ကိုဟိန်းပါ။တောင်ကြီးမြို့ခံပါ ။
MCPA တောင်ကြီးက တာဝန်ခံပါ။ ကျွှန်တော်တော်တို. ကို
အစစအရာရာဒိုင်ခံပြီး ကူညီခဲ့တဲ့သူပါ။


ပထမဆုံးနေ့ကိုတော့ နေ့တဝက်၁နာရီက စခဲ့ပြီး ကိုကိုရဲနဲ့၊ မပင့်ဂိုးက

ဟောပြောခဲ့ပါတယ်။



ကိုကိုရဲက Ubuntu အကြောင်း၊ Open Source အကြောင်း၊ Open Source ရဲ့ အားသာချက်များ၊ အားနည်းချက်များ၊ Open Source ရဲ့အနာဂတ် အကြောင်း

ပထမနေ့ အတွက် ဟောပြောပြီး၊ Ubuntu CD များ ဖြန့်ပေးခဲ့ပါတယ်။

မပင့်ဂိုးက Scholarship Opportunities များအကြောင်း၊ ပြည်ပမှာ

ကျောင်းတက်ရင် ဘာများလိုအပ်မလဲ၊ ပြင်ဆင်သင့်တာများ၊ အခွင့်အလမ်း

များအကြောင်း ပြောဟောခဲ့ပါတယ်။


ဟောပြောပြီး ညနေ ၄:၃၀ မှာတောင်ကြီးက ဘုရားအစုံဖူးဖို. ကားငှားပြီးထွက်ခဲ့ပါတယ်။ ပထမဆုံးကတော့တောင်ကြီးမှာမီးပုံ ပြန်ပွဲများကို ကျင်းပခဲ့ဘူးတဲ့ ဘုရားပါ

အရမ်းပဲကြည်ညိုဖို.ကောင်းပါတယ်။


ရင်ပြင်တော်ပေါ်မှာပါ။

ဘုရားကန်တော့

ရှင်ပြုပွဲ

ရပ်တော်မူဘုရားပါ မြန်မာနိုင်ငံကို သာသနာတော်ကို သယ်ဆောင်လာတဲ့

ရှင်အရဟံရဲ့ မျက်နာတော် ပုံစံ ထုထားတယ် လို.ပြောပါတယ်။

ေရွှဘုန်းပွင့်ဘုရားကို လဲေရာက်ခဲ့ပါသေးတယ်။

မုဋ်ဦးမှာအမှတ်တရ

ဘုရားရင်ပြင်တော်က ကြည်ရင်တောင်ကြီးမြို့ကို မြင်ရပါတယ်။ ဖြတ်တိုက်လာတဲ့ လေနုအေးရယ် မြို့ရဲ့ မြင်ကွင်းရယ် နေဝင်တဲ့ မြင်ကွင်းရယ် ေတွ:သာကြည်.ပါတော့



ညနေရဲ့ရှုခင်း


နောက်ပြီးဒီအချိန်ဆို စိန်ပန်:များပွင့်နေပါပီ

ပန်:ေတွက ကောက်ယူမယ့်သူကို မျော်နေလားမသိပါဘူး

အဖော်ကွဲနေတဲ့ ကိုယ်ပေါ့အချစ်ရယ်



မြစိမ်းတောင်ကိုလဲ ေရာက်ခဲ့ပါသေးတယ်။

ဘုရားလဲဖူးခဲ့ပါသေးတယ်။

ဘုရားတစ်ခုနဲ့ တစ်ခုအကူ: လှေကားမှာရိုက်ထားတာပါ။ ကျွှန်တော် အကြိုက်ဆုံးပုံထဲမှာပါပါတယ်။

တောင်ပေါ်ကမြင်ကွင်း ရန်ကုန်မှာတောင် တဲအိမ်ရှိဦးမယ်။ တောင်ကြီးမှာ

တိုက်အိမ်ချည်းပါပဲ။ အရမ်းလဲ ဆောက်ထားတာ လှကြပါတယ်။



လျှောက်လယ်ကြပြီးတော့ ဘုရားကျောင်းပြန်ပြီး အနားယူကြပါတယ်။ မအိပ်ခင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး နောက်နေ့ ဟောပြောပွဲ ကို မနက် ၉နာရီမှာပြန် စခဲ့ပါတယ်။


ကိုကိုရဲ က မနေ့ က ပေးလိုက်တဲ့ Ubuntu CD ပြန်ပြောပြပြီး ဖြစ်ပါခဲ့တဲ့ အခက်အခဲများကို ဖြေရှင်းပေးပါတယ်။ ကိုကိုရဲ ဟောပြောပြီးတဲ့ နောက်ပရိသတ် အား ဘားကန့်အကြောင်း ဘားကန့် ရဲ.သမိုင်း ဘားကန့်ကို ရန်ကုန်မှာလုပ်ခဲ့ ပုံများကို Video များ photo slide show များပြသခဲ့ပါတယ်။ တောင်ကြီး ဘားကန့်လုပ်ကြဖို.လဲ အဆင်းမှာ ဂုံးတွန်းခဲ့ပါသေးတယ်။


နောက်ပြီး ဘားကန့် Mode ဝင်အောင် တက်လာတဲ့ ပရိသတ်အား ၃မိနစ်စီ စင်ပေါ်အတင်းတက်ခိုင်:ပြီး မိတ်ဆက်ခိုင်:ပါတယ်။ ပြောပြီးရင် သကြားလုံးပေးပါတယ်။ Sponsor က ကျွှန်တော်ပါ။ :P

တောင်ကြီးမြို့ခံများဟာ အရမ်းကို ခင်ဖို.ကောင်းပြီး ၊ICT ကို စိတ်ပါဝင်စားမူရှိကြတာကို ဝမ်းသာစရာ မြင်ရပါတယ်။အင်တာနက်ဆိုင်အများအပြားရှိပြီး IT နဲ့ ပတ်သက်လို. full potential ရှိတာကိုလဲ ဝမ်းသားဖွယ် သိလိုက်ရပါတယ်။

ပြီးနောက် မထိုက်ထိုက်အောင်က IT Security အကြောင်း ၊ အရေးပါပုံနဲ့ ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို ဟောပြောခဲ့ပါတယ်။ "Securty-in-a box"

CD ကိုလဲ ဖြန့်ဝေပေးခဲ့ပါတယ်။

မနန်:ညီကလဲ Color Concept , Color Theory နဲ့ Color Matching

များအကြောင်းစိတ်ဝင်စားဖွယ် ပြသခဲ့ပါတယ်။



ကိုမင်းယွန်:သစ်က SPIP CMS(Content Management

System )အကြောင်းဟောပြောခဲ့ပါတယ်။

ပြီးနောက်ပထမပိုင်:ကို နားခဲ့ပါတယ်။

ဒုတိယပိုင်းအတွက်ပြင်ဆင်

ကိုရန်လင်းအောင်(Desefox) ကလဲ အင်တာနက်အပေါ် တွင်

Resourcesများအား ရှာခြင်း ၊ Effective Searching၊ Google Reader

စသည်ဖြင့် စိတ်ဝင်စားဖွယ် ပြောကြားခဲ့တာသေးတယ်။

ပြီးနောက် မပင့်ဂိုးက သူမတက်ခဲ့သော One-young-world အကြောင်းနဲ့

ထိုကဲ့သို. Event များရဲ့ အရေးပါပုံ ၊ One-young-Myanmar လုပ်သင့်တဲ့ အကြောင်း

ပြောခဲ့ပါတယ်။


ကျွှန်တော့် ကတော့ Social Networking အကြောင်းSocial Networking ကို ဘက်ပေါင်းစုံမှာ အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ အကြောင်းအားလုံးကို စုစည်းပြီး စက်ဝိုင်းပုံအတူတူ နေကြပြီး Formal ပုံစံ မျိုးထက် Interactive ပုံစံ နဲ. discussion လုပ်ခဲ့ပါတယ်။ ပြီးနောက် Web development အကြောင်း၊Joomla,Drupal, Wordpress, MyanmarITPro အကြောင်:, ကျွှန်တော် လုပ်ကိုင်နေတဲ့

www.mmgamers.ning.com ,www.mmfreelancers.ning.com ,www.mmgamers.com များအကြောင်း ပြောခဲ့ပါတယ်။

ဟောပြော ပွဲကို ညနေ ၅နာရီမှာ ရုပ်သိမ်းခဲ့ပါတယ်။

ဟောပြောပွဲအပြီး မနန်:ညီရဲ့ မွေးနေ့ပွဲ

ခေါင်ရေသောက်နေကြတဲ့ပုံပါ။Cheers!

အမှန်ပြောရရင် တောင်ကြီး E-rider trip က အောင်မြင်တယ်လို. ပြောပါတယ်။တောင်ကြီးမြို့ခံများရဲ့ ကူညီမူ၊ စိတ်ပါဝင်စားမူဟာ ကျွှန်တော်တို. ရှေ့ခရီးစဉ်အတွက် အများကြီး အင်အားဖြစ်စေပါ ကြောင်း နိဂုံးချုပ်လိုက်ပါတယ်



ပုံတချို.ကို သူငယ်ချင်းများနဲ့ စိန်ပန်:ပြာ ထံမှရယူပါတယ်။ ပိုင်ရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။



No comments:

Post a Comment

Please use your real name or nick/pen-name.