Tuesday, June 4, 2013

အမှားတွေထဲက အမှန်လူသား

မ္ဘာကျော်လူသိများတဲ့ Star Trek : The Next Generation သိပ္ပံဇာတ်လမ်းတွဲကို သိသူတချိုရှိကြမယ်ထင်ပါတယ်။ အဲဒီအထဲမှာ ကပ္ပတိန်ဟာမတော်တဆပေါက်ကွဲမူမှာ သေဆုံးသွားတဲ့အခါ တန်ခိုးရှင်တစ်ဦးက သူကိုအတိတ်ကိုပြန်ပြောင်းပြင်ဆင်ခွင့်ပေးခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့အမှားတွေကိုပြင်ဆင်ခွင့်ရဖို့ပါ။ ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။ အမှားကိုပြန်လုပ်မလား ရှောင်သွားမလားဆိုတာပါ။ သူကပထမတစ်ခေါက်မှာ အတိတ်က အမှားကိုပြန်မလုပ်ပဲရှောင်ကျဉ်ခဲ့ပါတယ်။ တန်ခိုးရှင်က သူ့ကိုပစ္စုပန်ကိုပြန်ပို့ ပေးခဲ့ပါတယ်။ အဲဒီမှာ သူပြန်လည်တွေလိုက်ရတာတော့ သူအသတ်မသေတော့ပါဘူး။ သို့ ပေမယ်….. ။ ဒီဇာတ်လမ်းလေးကို တင်ပြရတာအကြောင်းရှိပါတယ် စာဖတ်သူရင်ထဲမှာ တစ်နေရာကျန်ရင် ကျွန်တော်ကျေနပ်ပါပြီ။



ကျွန်တော်တို့ လူ့ သဘာဝကအသက်ကြီးလာတယ် ။ အတွေ့ အကြုံအနည်းနဲ့အများတိုးလာတယ် ။ တဖြည်းဖြည်းနဲ့ ကလေးကနေ့  လူငယ်လူငယ်ကနေ လူကြီးပြောင်းလဲလာကြတာသဘာဝပါ။ စာရေးသူမေးချင်တာကတော့ ဖြတ်သန်းလာတဲ့ဘ၀မှာ ကိုယ်ဂုဏ်မယူရဲပဲ မှားခဲ့တာရှိပါသလားဆိုတာပါ။ အဖြေကတော့ လူတိုင်းမှာ မှားခဲ့တာရှိပါတယ်ဆိုတာ ဖြစ်လိမ့်မယ်ထင်ပါတယ်။ လူတိုင်းမှားပါတယ်။ အရေးကြီးတာက မှားတာမဟုတ်ပါဘူး ။ အမှားထဲက ဘယ်လောက်ကိုယ့်အတွက် ကောင်းတာထုတ်ယူနိင်သလဲဆိုတာပါ။


လူ တစ်ယောက်ရဲ့ဦးနှောက်ဟာဆန်းကြယ်တဲ့အရာပါ။ အများမသိသေးတဲ့ အချက်တစ်ခုကိုပြောပြချင်ပါတယ်။ ဦးနောက်ကော လူ့ သဘာဝကို အမှားထဲကသာပြန်သင်တယ်ဆိုတာပါ။ အံ့သြသွားကြမလားမသိဘူး ။ ဟုတ်ပါတယ် အမှန်ကိုရဖို့ အမှားတွေကော မမှန်သေးတာတွေပါလုပ်ကြပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် စက်ဘီးစသင်တာကိုပြောရပါမယ်။ ကျွန်တော်တို့ မတတ်သေးခင်မှာ ဒီယီဒယိုင်ဖြစ်မယ် ။ ချော်လဲမယ် ။ ဒူးပြဲမယ် အခန့် မသင့်ရင် ခြေကျိုး ၊ လက်ကျိုး ၊သွားကျိုးပါဖြစ်နိင်ပါတယ်။ တကယ်တန်းတော့ ဒါကနည်းလမ်းပေါင်းဆုံနဲ့ ကြိုးစားနေတာပါ။ မှားတာတွေက အများစုပေါ့ သို့ ပေမယ်ကြာလာတဲ့အခါမှာ တည်ငြိမ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုဖြစ်ရင် မောက်နိင်တယ်ဆိုတာတွေကို မသိစိတ်က ရှောင်သွားနိင်လို့ ပါ။ရေကူးသင်တုန်းက နစ်တဲ့အခါ တကယ်တတ်သွားပြီအရေးကြုံလာတဲ့အခါအသုံးဝင်ပါလိမ့်မယ်။



ကျွန်တော်တို့ ဘ၀ကိုဖြတ်သန်းလာတဲ့အခါမှာ သိသိသာသာကို မသိလိုက်ဘာသာကော အမှားတွေလုပ်မိကြပါတယ်။ အမှားတစ်ခုရဲ့ သက်ရောက်မူဟာ မိမိတစ်ယောက်တည်းသော်လည်းကောင်း ၊ မိမိပတ်ဝန်းကျင်မှသူများကိုလည်းကောင်း ၊နစ်ဘက်လုံးသော်လည်းကောင်း သက်ရောက်မူတွေရှိနိင်ပါတယ်။ အရေးကြီးတဲ့အချက်က အထက်အထက်အခါခါကြိုးစာနေဖို့  မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိင်ဖို့ ပါပဲ။ မီးကို ပူတယ်လိုပြောရင် လူတွေကယုံကြတာမဟုတ်ပါဘူး ။ ကိုယ်တိုင် ကိုင်ကြည့်ပြီးမှ ပူတယ်ဆိုတာကို လက်ခံကြတာပါ။ တဆင့်တက်ပြောရရင် အရေပြားလောင်ဘူးမှ မီးဆိုတာ ကိုင်လိုမကောင်းမှန်းသိကြမယ်သူတွေ ချည်းပါပဲ ။ သို့ ပေမယ့် လူတိုင်းမီးနဲ့ ကင်းသလားဆိုတော့ မကင်းကြပါဘူး ။ ဆေးလိပ်သောက်တာကနေ ဟင်းချက်ထဲ့အထိကောင်းတာကော မကောင်းတဲ့နေရာမှာကော သုံးနေကြရပါတယ်။ မီးမသုံးနဲ့ ဆိုရင် အဓိပ္ပါယ်လည်းမရှိပါဘူး။ ဖြစ်သင့်တာက ဘယ်လိုအကျိုှးရှိအောင်သုံးမလဲဆိုတာပါ။ ကိုင်စရာရှိရင် လက်အိတ်အထူသုံးမယ် စိတ်ချရအောင် မီးသတ်ဆေးဘူးဆောင်ထားမယ် ဆိုတာမျိုးပါ။



နိင်ငံကျော်သူတွေနဲ့ ပြောလို့ ကိုယ်နဲ့ မဆိုင်ဘုးတော့ မဟုတ်ပါဘူ။ အိမ်ထောင်ဦးစီးမှာသည် အကိုကြီး အမကြီး ၊ တနိင်တပိုင်စီးပွားရေးလုပ်သူများ ၊ ကုမ္ပဏီဝန်ထမ်းများ အထိပါသက်ရောက်မူ ရှိပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ၊ ဆုံးဖြတ်ချက်ချတာဟာ အမြဲမှန်တယ်မဟုတ်ပါဘူး ။ လုပ်ငန်းကျရူံးမူတွေ ၊ အိမ်ထောင်ရေးအဆင်မပြေမူတွေ ၊ အလုပ်ထုတ်ခံရတာတွေတောင်ဖြစ်နိင်ပါတယ်။ လူတိုင်းက အမြဲတမ်းလုပ်တိုင်း အောင်မြင်မယ် မှန်နေမယ်ဆိုတာကိုက အဓိပ္ပါယ်မရှိတာပါ။ လခကောင်းပေးတယ်ဆိုတာကလည်း လူကိုပေးတာထက်အတွေအကြုံကို ပေးတာမျိုးပါ။ ဘယ်ဟာလုပ်ရင်ကျရူံးမယ် ဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတာမျိုးကို မသိတဲ့သူမျိုးဟာနေရာကောင်းမရတာ မစမ်းပါဘူး။


ကျွန်တောနိဒါန်းတုန်းကပြောခဲ့တဲ ဇာတ်လမ်းလေးကို အဲဒီကပ္ပတိန်ဟာ အမှားကိုရှောင်ပြီးပစ္စုပန်ရောက်နေတဲ့အချိန်မှာ သူဟာဘာမှမဟုတ်တော့ဘူးဆိုတာ တွေလိုက်ရပါတယ်တဲ့ ။ ကပ္ပတိန်ဖြစ်ဖို့ နေနေ အရေးမပါတဲ့ သန့် ရှင်းရေးသာသာ သာဖြစ်နေတာကို တွေလိုက်ရပါတယ်။ ဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့အချက်က လုပ်ကိုင်တာ မှားတယ် မှန်တယ်ဆိုတာထက် ။ ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးရဲရဲချပြီး ဖြစ်သမျှကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းတာက ပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီကပ္ပတိန်ဟာ အတိတ်ကိုပြန်သွား သူငယ်ချင်းကို ပြန်ကယ်ပြီး ပစ္စုန်ပန်မှာပါ အသက်ရှင်ခွင့်ရသွားတယ်ဆိုတာပါ။


ခေါင်းဆောင်ကောင်းတွေက အမှားတွေကို ပုံမှန်လူတွေထက်ပိုလုပ်ခဲ့တတ်ပါတယ်။ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်တပ်တွေနဲ့ အတူအင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ ဝင်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မိုင်းက ခေါ်ပြီး ပြောခဲ့ပါသေးတယ်။ပြောခဲ့တဲ့အတိုင်းပဲ ဖက်ဆစ်ဂျပန်တွေဟာ မြန်မာနိင်ငံ ၊ မြန်မာလူမျိုးတွေ အပေါ်မှာ ရက်စက်ကြမ်းကျုပ်စွာနိပ်စက်ခဲ့ပါတယ်။ သို့ ပေမယ်လည်း မျိုးစစ်ဗမာတပ်မတော်ဟာ တိုက်ပွဲတွေကြားမှာ အတွေ့ အကြုံ ၊ လက်နက်အင်အား ၊ လူအင်အားကြီးမှားလာခဲ့ပြီး လွတ်လပ်ရေးရဖို့အတွက် အထောက်အကူပြုခဲ့ပါတယ်။ ပြည်သူတွေကြားမှာလည်း အသိညဏ်အတွေအကြုံ မျိုးချစ်စိတ်တွေ တိုးပွားလာခဲ့တယ် မဟုတ်ပါလား။ တခါတလေကျတော့လည်း ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် စောင့်ရတဲ့အချိန်ရှိပါသေးတယ်။


ခေါင်ဆောင်ကောင်းတွေကို စိန်တွေနဲ့တင်စားလေ့ရှိပါတယ်။ စိန်တွေဟာ အပူဒဏ်ကို ဖိအားကို အများဆုံးခံရပါတယ်။ သို့ အတွက်လည်း အမာဆုံး ၊ တန်ဖိုးအရှိဆုံးပစ္စည်းတွေဖြစ်လာကြတာပါ။ ဓာတုဗေဒသဘောတရားနဲ့ ပြောရင်တော့ အားလုံးဟာ ကာဗွန်အများစုပါပဲ။ သို့ ပေမယ့် စိန်သာလျှင်သူများထက်ပိုပြီး တန်ဖိုးရှိသွားတယ်ဆိုတဲ့သဘောပါ။ သိပ်ကိုနာမည်ကြီးတဲ့စာကားတစ်ခွန်းရှိပါတယ်။အယ်ဒီဆင်ဟာ မီးသီးကိုတီထွင်တုန်းက မအောင်မြင်ခင်တုန်း အကြိမ်တစ်သောင်းလောက် ရူံးနိမ်ခဲ့ပါတယ်။ အမှားတွေလုပ်ခဲ့တယ်ပေါ့လေ။




သို့ ပေမယ့်လည်းနောက်ဆုံးမှာတော့ အောင်မြင်သွားတာပါပဲ။ လုပ်နေတုန်းမှာ မှားတယ်ဆိုတာထက် အဆုံးသတ်ရလာဒ်ကပိုပြီးအရေးကြီးတယ်ဆိုရမှာပါ။

ဇာတ်လမ်းထဲက ကပ္ပတိန်ဟာ ကျရူံးမှာစိုးပြီး တွေ့ ကြုံလာတာတွေကို ရှောင်လွဲတဲ့အခါ အကျိုးဆက်တွေကို လက်လွတ်ဆုံးရူံးသွားသလိုမျိုး အပြင်လောကမှာလည်း လူတွေကမှားရွင်းမှာစိုးနေတဲ့အခါမှာ အမှားတွေကို ပိုပြီးလုပ်တတ်ကြပါတယ်။ မိဘတွေကလည်း သားသမီးတွေကို မှားမှာဆိုးလို့ တားမြစ်တဲ့အခါ ဘယ်ဟာတွေကိုမှန်သလဲဆိုတာတွေပါ ရှာဖွေခွင့်ဆုံးရူံးသွားနိင်ပါတယ်။ ဥပမာအားဖြင့်အရှေမှာ ပြောခဲ့သလို စက်ဘီးမစီးတတ်ခင်မှာ လဲကျမျာစိုးလို့ တားမြစ်ခဲ့ရင် အဓိကကျတဲ့ စက်ဘီးစီးနိင်ခြင်းကို ဆုံးရူံးသွားနိင်ပါတယ်။ ကိုယ်ရဲ့ သားသမီးဟာ မမြင်ကွယ်ရာမှာ တတ်စီးမိတာမျိုးလုပ်ကောင်းလုပ်မှာပါပဲ။ ဖြစ်သင့်တာတော့ ကားလမ်းမပေါ်မစီးဖို့ တိုက်တွန်းတာမျိုးပိုဖြစ်သင့်တာပါ။



ကမ္ဘာနဲ့ ယှဉ်ပြီးဥပမာပေးရမယ်ဆိုရင် အမေရိကန်နိင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ပြိုင်ဘက်တွေအများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဂျပန်ရဲ့စီးပွားရေးဟာ အဆမတန်တိုးတတ်လာပြီး ကျော်သွားမတတ်ကို ဖြစ်လာခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုဟာလည်း ကွန်မြူနစ်ပေါလစီနဲ့  ကုန်ထုတ်လုပ်ငန်းတွေကို အဆမတန်တိုးထုတ်လာနိင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက် ၊ တက္ကသိုလ်တွေနဲ့ အကာသကို လူအစောဆုံးလွတ်နိင်ခဲ့တာပါ။ သို့ ပေမယ့်ရေရှည်မှာ အမေရိကန်တိုင်းပြည်ဟာ တမ္ဘာနံပတ်တစ်အဖြစ်ရပ်တည်နိင်ခဲ့ပါတယ် ။ ဘာဖြစ်လို့ လည်းဆိုတော့ သူရဲ့အခြေခံဥပဒေမှာ သူတပါးမထိခိုက်သမျှ လူတိုင်းလွတ်လပ်စွာ ၊ တွေးခေါ်ပိုင်ခွင့် ပြောဆိုပိုင်ခွင့် လုပ်ဆောင်ပိုင်ခွင့်ရှိနေလို့ ပါ။ ကုန်ထုတ်လုပ်ငန်း ၊ ဓာတုလုပ်ငန်းမှာ ဂျာမနီက နံပါတ်တစ် ၊ ကားထုတ်လုပ်ရေးမှာ ဂျပန်ကတစ် ၊ တပိုင်လျှုပ်ကူး(semi-conductor) ထုတ်လုပ်ရေးမှာ ကိုရီယားကတစ်ဖြစ်နေပေမယ့် ညာဏပစ္စည်း တနည်းအားဖြင့် ရင်းနီးမူနည်းနည်းအမြတ်များများဖြစ်တဲ့ အိုင်တီလိုမျိုးနည်ပယ်မှာ ဦးဆောင်နိင်လို့ ပါ။ လွတ်လပ်မူကြောင့် ငကြောင်တွေအရူးတွေ ပေါပေါက်လာပေမယ့်လည်း စွန့် ဦးတီထွင်သူတွေက အများနဲ့ မတူတဲ့တီထွင်မူတွေနဲ့  အသာစီးရသွားတာပါ။ သူတို့ ရဲ့ပညာရေးစနစ်ကိုက ဆရာတွေကို ပြန်ပြီးဝေဖန်ပိုင်ခွင့်၊ မှားတယ်မှန်တယ်ဆိုတာကို ကိုယ်တိုင်ရှာဖွေခွင့်တွေပေးထားပါတယ်။

ကျွန်တော်သမိုင်းသင်ရခြင်းရဲ့ရည်ရွယ်ချက်က နောင်တစ်ခါဒီလိုမျိုးမမှားအောင် မအအောင်ဖြစ်ပါလိမ့်မယ်။ မှားခဲ့တာ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းပါ။ နတ်သျှင်နောင်လိုမျိုးသူတွေရှိခဲ့သလို သာလွန်မင်းလိုမျိုးလည်းရှိခဲ့တာပါပဲ။ ကျွန်တော်တို့ ခေတ်မှာလည်းအားလုံးမှန်တယ်ပြောရခက်ပါသေးတယ်။ တိုင်းပြည်အတွက်လူတွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့ ခေတ်မှာမှားတာလည်းရှိမယ် မှန်တာလည်းရှိမယ်။ သေချာတာကတော့ ကျွန်တော်တို့ အားလုံးလုပ်နေတာတွေက အနာဂတ်ရဲ့သမိုင်းတွေဖြစ်လာပါလိမ့်မယ်။



တကယ်တမ်းတော့ လူဆိုတာကအမှားတွေ အများကြီးကြားကမှ အမှန်ဆိုတာဖြစ်လာတာပါ။ နည်းလမ်းမျိုးစုံထဲကမှ အမှန်တစ်ခုရလာတယ်ပြောရင်လည်းရပါတယ်။ ကျွန်တော်တို့ ရဲ့ပညာရေးစနစ်ဟာ လူတွေကို တွေးခေါ်ဆင်ခြင်သုံးသပ်တာထက် ပုံဆန်ကျအောင်ရိုက်သွင်းတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ကြီးသူကအမြဲမှန်တယ်ဆိုတာမျိုးဖြစ်နေတာပါ။ ယေဘူယျအားဖြင့် မှန်တယ်ပြောလို့ ရပေမယ့် လူတိုင်းမှာ မတူညီတဲ့အကြိုက် ၊ ၀ါသနာ ၊ ပတ်ဝန်းကျင်အားထုတ်မူမရှိနိင်ပါဘူး ။ ကျွန်တော်တို့ ထက်ငယ်တဲ့သူတွေက ကိုယ့်ထက်တော်နေရင် သိပ်ပြီးထူးဆန်းမှာတော့ မဟုတ်ပါဘူး ။ အခုလောလောဆယ်ဖြစ်ပျက်နေတာက ကောင်းတယ်ဆို အားလုံးကောင်းတယ် ဆိုးတယ်ဆိုတာမရှိတော့ သလိုမျိုးဖြစ်နေပါတယ်။ ဥပမာအားဖြင့် အနော်ရထာဟာ ပထမနိင်ငံတော်ကိုတည်ထောင်ခဲ့တယ် ။ ဗုဒ္ဒဘာသာကို ပြန့်ပွားအောင်လုပ်ခဲ့တယ်ဆိုရင်တောင်သူမှာ မကောင်းတာလုပ်ခဲ့တာတွေရှိတာပါပဲ။ ဥပမာအားဖြင့် ကလေးတွေကို ကျန်စစ်ရဲ့ဂယက်ကြောင့်အများကြီးသတ်ခဲ့တာပါ။ နတ်သျှင်နောင်က နိင်ငံခြားသားနဲ့ ပေါင်းပြီး တိုင်းရင်းသားတွေကို နိပ်စက်ခဲ့ရင်တောင် စာပေအရအများကြီးအကျိုးပြူခဲ့တာကို ညှင်းလို့မှမရပဲ။


သူများတိုင်းပြည်တွေမှာ entrepreneur လို့ ခေါ်တဲ့ စွန့်ဦးတီထွင်သူတွေကို အစိုးရကိုယ်တိုင်က အထူးကိုအားပေးအာမြောက်လုပ်နေကြပါတယ်။ စိတ်ဝင်စားရာကောင်းတဲ့အချက်နောက်တစ်ခုက လုပ်ငန်းဆယ်ခုမှာ ကိုးခုကကျရူံးတယ်ဆိုတာပါ။ ပြောချင်တာက အစိုးရက လုပ်ငန်းတစ်ခုကို တစ်သန်းပေးရင် ဆယ်သန်းမှာ ကိုးသန်းကမြောင်းထဲရောက်သွားတယ်ဆိုတာပါ။ သို့ ပေမယ့် အကျိုးဆက်ကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ Google လိုမျိုး facebook လိုမျိုးထွက်ပေါ်လာခဲ့တာပါ။ သူတို့ မသိလို့  အ လို အရင်းအနီးတွေဖြုန်းနေတာမဟုတ်ပါဘူး ။ ရရှိလာမယ့်အချက်က ဆုံးရူံးသွားတာထက်ပိုသာသွားလို့ ပါ။ ကျွန်တော်တို့ ဆီမှာလည်းဖြစ်သင့်တာကတော့သိပ်ကိုကြောက်မနေဖို့ ပါပဲ လှေလူပ်မှာ မြုပ်မှာဆိုတာထက် ၀မ်းရေမ၀င်အောင် ကျောက်ဆောင်မတိုက်အောင် ဆောင်ရွက်တာကပိုကောင်းမယ်ထင်ပါတယ်။



နိဂုံးချူပ်အားဖြင်ပြောချင်တာကတော့ အမှားဆိုတာကို သိပ်ပြီးကြောက်မနေဖို့ ပါပဲ။ အမှားဆိုတာထက် ဘာကိုပြင်ရမလဲဆိုတာက အရေးကြီးမယ်ထင်ပါတယ်။ လူတိုင်းလည်းအမြဲမှန်တယ် မဟုတ်ပါဘူး ။ ပိုပြီးအရေးကြီးတာက ဘယ်လိုရင်ဆိုင်မလဲဆိုတာပါပဲ။ အမှားထဲက ပြန်ပြီးယူနိင်ရင်တော့ အောင်မြင်လာနိင်ပါကြောင်းတင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Please use your real name or nick/pen-name.