ဘာကြောင့်ပေးဖြစ်တာလည်း?
ကျွန်တော် သင်တန်းတွေမှာ ကြိုးစားတဲ့သူတွေကို Great Work ဆိုတဲ့ ကဒ်လေးတွေပေးပါတယ်။ နောက်ပိုင်း ကံစမ်းမဲသဘောမျိုး နိုက်ခိုင်းပြီး အမှတ်တရ လက်ဆောင်တွေပေးဖို့ ရှိပါတယ်။
သို့ ပေမယ့် အထက်ပါကတ်လေးတွေထက် ရေရှည်မှာ ပိုအကျိုးကျေးဇုးရှိမယ့် အရာတွေကို ပေးသင့်တယ် ယူဆလို့ ပါ။
ဘယ်သင်တန်းတွေ အတွက် အကြုံးဝင်မလဲ?
စက်တင်ဘာ ၂၀၁၃ က စပြီးဖွင့်တဲ့ အောက်ပါသင်တန်းတွေမှာ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။
- ♣ Web Developer Foundation Course (HTML,CSS, Javascript)
- ♣ Professional Web Developer Course (PHP , MySQL)
- ♣ Advance Web Developer Course (MVC Framework + OJT)
- ♣ Drupal Developer Course
ဘယ်ဆုတွေရှိလည်း
- ♣ Excellence Performance Award
- ♣ Man of Courage Award
- ♣ Best Team Player Award
- ♣ Scholarship Award
ဘယ်သူတွေကို ပေးတာလည်း ?
- ♣ စဉ်ဆက်မပျက်ကြိုးစားပြီးထူးချွန်တဲ့သူ
- ♣ ကြိုးစားချင်စိတ်ရှိတဲ့သူ
- ♣ လိုအပ်တဲ့သူ
- ♣ team work ကောင်းပြီး၊ အများအတွက်ပါ ကူညီတတ်တဲ့သူ
- ♣ ပြောင်းလဲချင်တဲ့သူ စာမရရင်တောင် ကြိုးစားပြီးပြောင်းလဲတဲ့သု
ဘယ်သူတွေရနိင်သလဲ?
- ♣ အထက်ပါအတိုင်းဖြစ်ပါတယ်။
Excellence Peformance Award ကို ဘယ်သူတွေကို ပေးတာလည်း?
- ♣ စာတော်တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။
- ♣ coding အရေးအသားသပ်ရပ်မူ ။ Project ပြီးမြောက်မူ။
- ♣ EQ စတာတွေကိုလည်းကြည့်ပါတယ်။
Man of Courage Award ကဘယ်သူတွေကို ပေးတာလည်း?
- ♣ ကြိုးစားပြီး ပြောင်းလဲချင်စိတ်ရှိသူတွေကို ပေးတာဖြစ်ပါတယ်။
- ♣ စာတော်စရာမလိုပါဘူး။
- ♣ EQ အကောင်းဆုံးလူကို ပေးတာလို့ အကြမ်းဖြင်းယူဆလို့ ရပါတယ်။
Best Team Player Award က ဘယ်သူတွေကို ပေးတာလည်း?
- ♣ ကိုယ်ရဲ့ Team အတွင်းမှာ ပုးပေါင်းဆောင်ရွက်မူ အကောင်းဆုံးသူတွေကို ပေးတာဖြစ်ပါတယ်။
- ♣ အနာဂတ် ခေါင်းဆောင်တွေဖြစ်နိင်မယ့် အလားအလာရှိသူတွေကို ပေးတာဖြစ်ပါတယ်။
Scholarship Award က ဘယ်သူတွေကို ပေးတာလည်း?
- ♣ လိုအပ်တဲ့သူတွေကို ကူညီပေးတာဖြစ်ပါတယ်။
- ♣ နောက်သင်တန်းကို အခမဲ့ သို့ မဟုတ်တစ်ဝက် သက်သာမှာဖြစ်ပါတယ်။
- ♣ လွဲပြောင်းပေးလို့ ရပါတယ်။
- ♣ စာပုံမှန်ကြိုးစားလုပ်ဖို့ တော့ လိုအပ်ပါတယ်။
ဆုတွေက တစ်ယောက်ကို တစ်ခုပဲရမှာလား?
- ♣ မဟုတ်ပါဘူး။ တစ်ခုထက်မက ရရှိနိင်ပါတယ်။
တစ်တန်းကို လေးခုပဲပေးတာလား ၊ ဆုတစ်မျိုးကို တစ်ယောက်ပဲပေးတာလား?
- မဟုတ်ပါဘူး တစ်တန်းကို လေးခုမကလည်းပေးတာဖြစ်နိင်ပါတယ်။ တစ်ခုမှ မပေးတာလည်းဖြစ်နိုင်ပါတယ်။
- တစ်မျိုးကို သင့်တော်တဲ့သူ နစ်ယောက်ထက်မကရှိရင် နစ်ယောက်ထက်မက ရမှာဖြစ်ပါတယ်။
စာမေးပွဲဖြေရမှာလား?
- ♣ မလိုအပ်ပါဘူး။ စဉ်ဆက်မပြတ် အကဲခက်မူကတဆင့် အသင့်တော်ဆုံးသူကို ပေးမှာဖြစ်ပါတယ်။
သင့်တော်တဲ့သူ မရတာကောဖြစ်နိင်သလား?
- ♣ ဖြစ်နိင်ပါတယ်။
- ♣ သို့ ပေမယ် ရေရှည်မှာ တိုးတတ်မယ့်သူမျိုးကို ဦးစားပေးတာမျိုးဖြစ်ပါတယ်။ ရေတိုကို မကြည့်ပါဘူး။
အတော်ဆုံးလူပဲရတာလား?
- ♣ အသင့်တော်ဆုံးနဲ့  အတော်ဆုံး ။
- ♣ မိမိရဲ့ အလုပ်ကို စေတနာထားတဲ့သူမျိုးရတာဖြစ်ပါတယ်။
ကျွန်တော်/ကျွန်မ homework အားလုံးပြီးတယ်။ ပုံမှန်စာလုပ်တယ် ဘာလိုမရတာလည်း ?
အောက်ပါအချက်တွေကို ကြည့်ကြည့်ပါ။
- ♣ Coding ရေးသားမူသပ်ရပ်ချင်း
- ♣ တစ်ဦးတည်ုးမဟုတ်ပဲ အသင်းအဖွဲလိုက် လိုအပ်ပါကဆောင်ရွက်ခြင်း
- ♣ စာသင်ကြားနေစဉ် ကောင်းမွန်စွာလိုက်နာမူရှိခြင်း
- ♣ Team work ကောင်းမွန်ခြင်း
- ♣ ပေးအပ်သော အိမ်စာများ ၊ ပရောဂျက်များကို စဉ်ဆက်မပြတ်လုပ်ကိုင်မူရှိခြင်း
- ♣ ပေးထားသော Project လိုအပ်ချက်များကို လိုက်နာခြင်း
ဘာကြောင့်ပေးတာလည်း ?
- ♣ အဓီကကတော့ အနာဂတ်အတွက် ခွန်အားဖြစ်စေချင်လို့ ပါ။ ကြိုးစာချင်စိတ်ပေါက်စေချင်တာလည်းပါပါတယ်။
- ♣ ကျွန်တော့်ရဲ့ရှိပြီးသား reputation, connection တွေနဲ့  ထောက်ခံပေးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
- ♣ အလုပ်အကိုင်ကောင်းတွေနဲ့  လက်ရှိအလုပ်မှာ လခပိုကောင်းအောင်ကူညီပေးတာဖြစ်ပါတယ်။
- ♣ သင်တန်းတွေအတွက် မားကတ်တင်းလည်းသဘောပါပါတယ်။ Win-Win ဖြစ်တဲ့အတွက်ပေးတာလည်းဖြစ်ပါတယ်။
- ♣ ကြိုးစားတဲ့သူကို ပစ်မထားဘူးဆိုတဲ့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို အသိပေးချင်တဲ့ သဘောလည်းပါပါတယ်။
ကျွန်တော်/ကျွန်မဆုမရတာ ညံ့လိုလား?
မဟုတ်ပါဘူး။ သင်တန်းကပေးတဲ့ လိုအပ်ချက်နဲ့  မကိုက်လို့ သာဖြစ်ပါတယ်။ Developer သင်တန်းမှာ မရပေမယ့် စီပွားရေးသင်တန်းမှာ ရနိင်ပါတယ်။ ဒါမှမဟုတ်မတူတဲ့ သင်တန်းမှာ ရနိင်ပါတယ်။ Criteria ဆိုတာ အဲဒါကိုပြောတာပါ။
ဒီလောက်ဆို သဘောပေါက်လောက်ပြီထင်ပါတယ်။ လိုအပ်ချက်တွေရှိပါက ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ အစည်းနဲ့ ပါတ်သက်မူမရှိပါ။ ကျွန်တော် ပေးတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့တာဝန် ကျွန်တော့်ရဲ့အမှား သာဖြစ်ပါတယ်။
No comments:
Post a Comment
Please use your real name or nick/pen-name.