Friday, January 16, 2015

ငပျင်းတွေကို မကူညီတော့ဘူး ကိုယ်ပဲဒုက္ခရောက်လိမ့်မယ်။


လူနစ်ယောက်ရှိတယ်ဆိုပါဆို့ 
တစ်ယောက်က ကြိုးစားတယ် ၊ တစ်ယောက်က ပျင်းတယ်။
- တနစ်ကြာတော့ မသိသာဘူး တူတူနီးပါးပဲ
- နနစ်ကြာတော့ နည်းနည်းကွာလာပြီ သိပ်ကြီးတော့ မသိသာသေးဘူး
- သုံးနစ်ကြာတော့ ကွာလာပြီ ရာထူးတွေ တာဝန်တွေစကွာလာပြီ။
- လေးနစ်မှာ အလုပ်လုပ်တဲ့သူကတော်တော် အဆင်ပြေလာပြီ။
- ငါးနစ်အထက်မှာတော့ တော်တော်လေးကို ကွာသွားပါပြီ။
ပြသနာက အချိန်အတိုင်းအတာတခုရောက်တဲ့အချိန်မှာပါ။ ကိုယ်ကိုယ်တိုင် အလုပ်မလုပ်ပဲ အသုံးမကျပဲ ။ အရင်တုန်းကလိုပဲထင်နေရင် ပြသနာ စတာပါပဲ။
အလုပ်မရတာ အဆင်မပြေတာ ။ ဟိုဘက်ကိုကြည့်တော အဆင်ပြေနေပြီင်္း ဒီဘက်မှာ အဆင်မပြေရင် psycho ၀င်လာပါလိမ့်မယ်။ ပြသနာ အရင်းခံကို ရှာရင်က မကူညီလို့ ဖြစ်လာကော။
အမှန်က ပေးတာကတော့ တူတူပဲ။ ဒါတွေပဲကွာတာ။
- သင်ကြားတုန်းက သေချာ လိုက်မလုပ်ဘူး
- မကြိုးစားဘူး
- လူတိုင်းနဲ့  တည့်အောင်မပေါင်းဘူး
- အကျိုးရှိမယ့်အလုပ်ကို မရှာဘူး။ ပျော်ရာလုပ်နေတယ်။
- အသုံးမကျတဲ့ မာနထားနေတယ်။
- လက်ကျောမတင်းဘူး
ဆရာတယောက်အနေနဲ့ကော Developer တယောက်အနေနဲ့ ပါ။ တချိန်လုံး Job Vacancies တွေအတွက် လူအမြဲအတောင်းခံရပါတယ်။ ကိုယ်က သင့်တော်တဲ့သူရှိရင် အမြဲ သတိတရ ထည့်ပေးတယ် ချိတ်ပေးတယ်။ လိုအပ်ရင် အမုန်းခံ အပြောခံပြီးတော ကူညီပေးသေးတယ်။
အဲဒီ အပေါ်ကအချက်တွေ ရှိရင်တော့ မကူညီရဲဘူး။ ကိုယ်ပဲမျက်နာပျက်မှာ ။

No comments:

Post a Comment

Please use your real name or nick/pen-name.