Wednesday, June 1, 2016

တသိန်းတန် ၀က်ဘ်ဆိုက်

website တွေကို တသိန်းအောက်လုပ်တာနဲ့  ပတ်သက်ပြီး အသံတွေထွက်လာတော့ ပြောရပါဦးမယ်။
- အိုင်တီဆိုတာလည်း စီးပွားရေးပဲဆိုတာလည်း မှတ်ယူရပါမယ်။
- စစခြင်း ၉သောင်းဆိုပေမယ့် သက်တမ်းတိုးကြေး သုံးသောင်းပဲယူမယ်ဆိုရင်
- client တသောင်းဖြစ်တဲ့အချိန်မှာတနစ်ကို သိန်း ၃၀၀၀ ရပါလိမ့်မယ်။
- ကျွန်တော်တို့အနေနဲ့  clientရာဂဏာန်းဖြစ်တဲ့အချိန်မှာ လမ်းညွန်စာအုပ်အတွက် တသောင်းရဖို့ မခက်ဘူးဆိုတာ နားလည်သင့်ပါတယ်။
- စိတ်ဆိုးချင်တယ်ဆိုရင် Xiaomi ကိုလည်း iPhone , Samsung က စိတ်ဆိုးရမှာပါပဲ။
- Mass Market အကြောင်းနဲ့  စီးပွားရေးအကြောင်းကို နားလည်ဖို့ လိုပါတယ်။


 Facebook ထွက်လာတော့ ၀က်ဆိုက်တွေ နည်းသွားမလားလို့  စိုးရိမ်ကြပါတယ်။ အိုင်တီကုမ္ပဏီတွေ အထူးသဖြင့် ၀က်လ်ဆိုက်ရေးတဲ့ ကုမ္ပဏီတွေက အများဆုံးစိုးရိမ်ကြပါတယ်။

Facebook ကြောင့် လူတိုင်းကအင်တာနက်ဆိုတာကို ပိုပြီးစိတ်ဝင်စားလာကြသလို ။ Social Media နဲ့ Digital Marketing လိုမျိုးလုပ်ငန်းတွေလည်း ပေါ်ပေါက်လာတယ်ဆိုတာလည်း သိသင့်ပါတယ်။

ဈေးနည်းနည်းနဲ့လုပ်နိင်ရင် လူတိုင်း ၀က်ဘ်ဆိုက်ပိုင်ဆိုင်လာကြမှာဖြစ်ပါတယ်။ အဲင်္ဒိအခါမှာ feature တွေလည်း ပိုပြီး အသေးစိတ်လိုအပ်လာကြမှာပါပဲ ။ အဲအတွက် အပြင်လုပ်ငန်းတွေလည်း အလုပ်ဖြစ်လာမယ်ဆိုတာကို နားလည်သင့်ပါတယ်။

No comments:

Post a Comment

Please use your real name or nick/pen-name.