Friday, October 14, 2011

Waterfall model phases (ရေတံခွန်ကဲ့သို.ပုံစအဆင့်ဆငံ့်)

ရေတံခွန်တွေဟာ အားကောင်းမောင်:သံနဲ့ အဆင့်ဆင့် စီးဆင့်သကဲ့သို. တစ်ခုပြီးတစ်ခု ဆောင်ရွက်တဲ့ ပုံစံကို waterfall model လိုခေါ်ပါတယ် ။ ရေတံခွန်ဟာ နောက်ပြန်မစီးသကဲ့သို. Waterfall model မှာလဲ နောက်ပြန်သွားဖို. မလွယ်ကူပါဘူး ။ အဆင့်ဆင့်မှာ တစ်ခုပြီးမှ တစ်ခု လုပ်ဖို.စောင့်ဆိုင်းရပါသေးတယ် ။

 

လိုအပ်ချက်များကို တွက်ချက်ခြင်းနင့် ဆုံးဖြတ်ခြင်း (Requirements analysis and definition )

ဘာတွေလိုမလဲ တက်မြောက်တဲ့ လူအင်အား ၊ လိုအပ်တဲ့ စက်ပစ္စည်းစုဆောင်းရပါတယ် ။

ဥပမာ : အဝေးကားဂိတ်မှာ ကာ:တွေရဲ့ အလေးချိန်ကို ချိန်တဲ့ ကတ္တာ:စနစ် လုပ်မယ်ဆိုပါတော့ ၊ အနည်းဆုံး ကတ္တာ:အသေးစားကို ဝယ်ပြီး စမ်းသပ်လုပ်မှရမှာပါ ။နောက်တစ်ခုက ယာဉ်ထိန်းစနစ်လုပ်မယ်ဆိုပါတော့ ဆော့ဖ်ဝဲသမားအပြင် ၊ ယာဉ်စည်းကမ်းနားလည်တဲ့ သူလဲ လိုပါသေးတယ် ။စနစ်မှာ ဘာတွေပါရမလဲဆုံးဖြတ်ရပါမယ် ။ Timer နဲ့ လုပ်မလား ၊ sensor နဲ့လုပ်မလား ၊ ဗီဒီယို live feed ကနေ လူကထိန်းမလား ဆုံးဖြတ်ရပါမယ် ။

 

 

စနစ်နင့် ဆော့ဖ်အတွက် ဒီဇိုင်းဆွဲခြင်း (System and software design)

လိုအပ်ချက်တွေ ဖြည်.ပြီးသွားရင် ဒီဇိုင်းကို အရင်ဆွဲရပါဦးမယ် ။ ဒါမှ ကိုယ်မြင်သလို ကိုယ့်လူတွေလဲ မြင်နိုင်မှာပါ ။


 

အကောင်အထည်ဖော်ခြင်းနင့် ထပ်ခါ ထပ်ခါ စမ်းသပ်ခြင်း (Implementation and unit testing)

Testing က အရေးကြီးပါတယ်လို. ထပ်ခါထပ်ခါပြောပြီးပီဖြစ်ပါတယ် ။ ယာဉ်ကြောထိန်းချုပ်မူစနစ်ကို သေချာမစမ်းသပ်ပဲ လုပ်လိုက်တယ်ဆိုပါတော့ လမ်းပေါ်ကလူတွေ မာလကီးယားကြွသွားနိုင်ပါတယ် ။

 

စနစ်အတွင်းထဲ့သွင်းခြင်းနင် ထပ်ခါ ထပ်ခါ စမ်းသပ်ခြင်း (Integration and system testing)

ဒါကတော့ စနစ်ကို တပ်ဆင်တာပါ ။ အမှားတွေနဲ့ လွဲချော်မူတွေပေါ်လာနိုင်တဲ့ အတွက် testing လုပ်ရပါသေးတယ် ။ ဒီက လုပ်တဲ့စနစ်တွေ အဆင့်မမီသေးတာ testing အားနည်:တာလဲ အကြောင်းတစ်ခုပေါ့ ။



 

လုပ်ငန်:လည်ပတ်ခြင်းနင့် ပြုပြင်ထိန်းသိမ်းခြင်း (Operation and maintenance)

မြင်သာအောင်ပြောပြရရင် ဓာတ်တိုင်တွေကို မီးလုံးပျက်ရင် လဲပေးရတာမျိုး ၊ ကားတွေက မတော်တဆတိုက်ရင်ပြင်ရတာမျိုးပါ ။ ဆော့ဖ်ဝဲမှာလဲ အမှားတက်နိုင်တဲ့အတွက် ပြုပြင်ထိန်းသိမ်းပြီး ကောင်းသထက်ကောင်းအောင် လုပ်ရပါသေးတယ် ။

 

No comments:

Post a Comment

Please use your real name or nick/pen-name.