Monday, January 5, 2015

Android ရွှေခေတ်ရောက်ပြီလား



နည်းပညာပြောင်းလဲမူက မြန်ဆန်လှပါတယ်။ အခုဆိုရင် လူတိုင်းသည် အိုင်တီနည်းပညာနဲ့ မစိမ်းတော့ဘူးဆိုတာကို ညင်းလို့ မရတော့ပါဘူး။ လူတိုင်း ကွန်ပြုတာမကိုင်နိင်ရင်တောင် Smart Phone တွေတော့ ကိုင်ဆောင်လာကြပြီဖြစ်ပါတယ်။ ကွန်ပျူတာက လူငယ်တွေအတွက်ပဲ သီးသန့် မြန်မာပြည်မှာဖြစ်နေတာကနေ အသက်ရွယ်မရွေး ၊ ကျေးလက် ၊ မြို့ ပြမရွေး မိုဘိုင်းဖုန်းကတဆင့် နည်းပညာကို လေ့လာ သုံးစွဲလာနိင်ကြပါပြီ။

မိုဘိုင်းဖုန်းတွေက မီးအမြဲမလိုပါဘူး။ မီးလာတုန်းခဏ အားသွင်းရင် လုံလောက်ပါတယ်။ မိုဘိုင်းဖုန်းတွေက နေရာအနှံသယ်သွားလို့ ရပါတယ်။မိုဘိုင်းဖုန်းတွေကသက်သက်သာသာ ၀ယ်လို့ ၇တဲ့ အနေအထားရှိပါတယ်။။ App တွေကလည်း သုံးရတာ အဆင်ပြေလွယ်ကူပါတယ်။

Android ဆိုတာဘာလဲ

Android ဆိုတာကတော့ Mobile Phone တွေပေါ်မှာ အသုံးပြုတဲ့ Operation System (OS) ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးနေတဲ့ Microsoft Windows လိုပါပဲ OS တခုပါ။ သို့ ပေမယ့် Mobile Phone တွေပေါ်မှာ Run တာဖြစ်ပါတယ်။ Android ကိုဖုန်းလို့ သာ ယေဘူယျသိကြပေမယ့် တကယ်တန်းကတော့ Tablet တွေ ။ Smart နာရီတွေ . TV တွေမှာ အထိပါ အသုံးတွင်ကျယ်လာပြီဖြစ်ပါတယ်။ အထူးသဖြင့် နောက်ပိုင်းထွက်လာတဲ့ TV တွေမှာပါ Android နဲ့ပြုလုပ်လာကြပြီဖြစ်ပါတယ်။ အခုဆိုရင် Android အသုံးပြုတဲ့ ကွန်ပြုတာတွေ ထွက်လာယုံတင်မက ၊ နောက်ပိုင်းမှာ ဘယ် Electronic ပစ္စည်းမဆို Android ကို သုံးလာကြတော့မှာဖြစ်ပါတယ်။

Android ရဲ့သမိုင်းကြောင်း

Android ကို ထုတ်လုပ်ခဲ့တဲ့ Android Inc ကို ၂၀၀၃ ခုနစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၀၅ ခုနစ်မှာ Google က ၀ယ်ယူပြီး အခုချိန်ထိ ပြင်ဆင်ထုတ်လုပ်နေတာဖြစ်ပါသည်။

Android ရဲ့ဈေးကွက်

Android ကို ကမ္ဘာပေါ်မှာရှိတဲ့ Mobile Phoneတိုင်းရဲ့ ၈၄% အဖြစ်တွေ့ မြင်ရမှာဖြစ်ပါတယ်။ ဆိုလို ချင်တာကတော့ Mobile Phone ငါးလုံးရှိမယ်ဆိုရင် Android ဖုန်းလေးလုံးရှိပါတယ်ကို ပြောတာပါ။ တနည်းအားဖြင့်တော့ လူငါးယောက်ဖုန်းကိုင်ပြီးလာမယ်ဆိုရင် လေးယောက်က Android ကို သုံးဖို့  Chance ဖြစ်နိင်ပါတယ်။

Nokia သို့ မဟုတ် မိုဘိုင်းရဲ့ နန်းကျဘုရင်

လွန်ခဲ့တဲ့ နစ်အနည်းငယ်လောက်က ကမ္ဘာပေါ်မှာ ဈေးကွက် ၇၅%လောက်ကို ကြီးစိုးနိင်ခဲ့တဲ့ Nokia ကတော့ အခုဆိုရင် Microsoft ကို ရောင်းချလိုက်ရပြီး အသုံးတော်တော်ကို နည်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ Nokia ရဲ့ ကျဆုံးမူက Android ကို လူသုံးအရမ်းများလာတာလည်း အကြောင်းတရပ်ဖြစ်ပါတယ်။

Android ကို အခြေပြုပြီး ထုတ်ကုန်ပြုလုပ်ကြသူများ

Samsung , LG , Huawei, Oppo အစရှိတဲ့ ထုတ်လုပ်သူတွေက စိတ်ကြိုက် အနည်းနဲ့အများ အသုံးပြုကြပါတယ်။

ဘာကြောင့် Android ကို လူသုံးများကြတာလဲ

Android ကို သုံးလာကြတဲ့ အကြောင်းကတော့ Open Source ဖြစ်လို့ ဖြစ်ပါတယ်။ Android ကို သုံးတဲ့အတွက် အခကြေးငွေပေးစရာမလိုသလို ကိုယ့်စိတ်ကြိုက်နေရာမှာ စိတ်ကြိုက်ပြင်ဆင်ပြီး အသုံးပြုလို့ ရပါတယ်။ အခုချိန်မှာတော့ Windows, Mac, iOSထုတ်ကုန်အားလုံးပေါင်းရင်တောင် Android ကို မမှီတော့ပါဘူး။

Android Developer ဆိုတာ ဘာလဲ

Android Developer ဆိုတာက Android Application တွေကို ပြုလုပ်တဲ့သူတွေဖြစ်ပါတယ်။ Android Application တွေဆိုတာတော့ ကျွန်တော်တို့  သုံးနေတဲ့ Gmail,Google Map , Facebook , Instagram , Camera 360 စတာတွေက Android Application တွေဖြစ်ပါတယ်။( တခြား Platform တွေမှာလည်းထွက်ပါတယ်) ။ နောက်ပိုင်းမှာတော့ Android နာရီ ၊ Android TV စတာတွေ အတွက်ပါ Application တွေပြုလို့ ရပါတယ်။

Android က ခက်လား

Android က Java အခြေပြုထားတာပါ။ Java အနေနဲ့ ခက်တယ်လို့ ဆိုနိင်ပေမယ့် ။ Android ကတော့ သိပ်အခက်ကြီးမဟုတ်လှပါဘူး။ နည်းလမ်းကျကျတော့ လေ့လာဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment

Please use your real name or nick/pen-name.