Monday, January 5, 2015

ဝက်ဘ်ဆိုက်အမျိုးအစားများအကြောင်း



ဝက်ဘ်ဆိုက်တွေအကြောင်းကို အများသိအောင်တင်ပြလိုက်ပါတယ်။

Portfolio Website

Portfolio Website တွေကတော့ အများစုဖြစ်ပါတယ်။ မြန်မာပြည်က လုပ်ငန်းအများစုက တော့ Porfolio Website တွေကို သုံးကြတာများပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ ၊ ကုမ္ပဏီတွေ ၊ အဆိုတော်တွေ သုံးလေ့ရှိပါတယ်။ ကိုယ်လုပ်နေတဲ့အကြောင်းတွေ ၊ ထုတ်ကုန်တွေရဲ့အကြမ်းဖြင်းတွေကို တင်လေ့ရှိပါတယ်။ ရှေ့နေတွေ ၊၀န်ဆောင်မူလုပ်ငန်းတွေလည်း သုံးကြပါသေးတယ်။

E-Commerce

e-commerce ကတော့ အွန်လိုင်းကနေ ကိုယ့်လုပ်ငန်းမှာ ရနိင်တဲ့ ထုတ်ကုန်တွေ ၊ ၀န်ဆောင်မူတွေကို တင်ပြရောင်းချတောမျိုးဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အွန်လိုင်းက၀ယ်ယူမူတွေ မရသေးပေမယ့် သိပ်တော့ကြားတော့မှာမဟုတ်ပါဘူး။ Facebook Page တွေက လူတွေဆီကို ရောက်တာမြန်တယ်ဆိုပေမယ့် ရောင်းချမူတွေတော့လုပ်လို့ မရသေးပါဘူး။ နောက်ပြီးပိုဆိုးတာကတော့ ကိုယ်တင်ခဲ့တဲ့ ပိုစ့်တွေက အချိန်တန်ရင် ပျောက်သွားတာမျိုးမှာ ။ e-commerce ၀က်ဘ်ဆိုက်တွေက ကုန်ပစ္စည်းတွေကို Category ခွဲတာမျိုး။ ရက်အလိုက်စီပေးတာမျိုး လုပ်ပေးနိင်ပါတယ်။ နောက်ပြီးပျောက်သွားတာမျိုးမရှိတော့ဘူးပေါ့။ e-commerce တွေကတော့ ဖက်ရှင်ပစ္စည်းတွေ ၊ electronice ပစ္စည်းတွေ ရောင်းချတဲ့နေရာမျိုးမှာသုံးကြပါတယ်။
e-bay , amazon စတာတွေကို e-commerce website တွေဖြစ်ပါတည်။ kaymu, zawgyi mark စတာတွေကလည်း e-commerce တွေဖြစ်ပါတယ်။

Information Display Website

Information Display Website တွေကတော့ သတင်းဌာန တွေသုံးကြတာများပါတယ်။ အသင်းအဖွဲ့ တွေ ၊လူမူရေး နိင်ငံရေးပါတီတွေလည်း သုံးကြပါသေးတယ်။ သင်တန်းတွေက မိမိရဲ့သတန်းတွေကို ဖော်ပြချင်ရင် သုံးကြပါတယ်။ 7 days, Eleven စတာတွေက infromation display website တွေဖြစ်ပါတယ်။

Document Sharing Website/Application

သူကကြတော့ NGO တွေက အများဆုံးသုံးကြတာပါ။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဖိုင်တွေကို အွန်လိုင်းမှာ Share ကြပါတယ်။

Technology and Content Management System

နည်းပညာအားဖြင့်တော့ PHP ကို အသုံးများကြပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ၀က်ဘ်ဆိုက်အားလုံးရဲ့ ၇၅%ကို PHP နဲ့ရေးကြပါတယ်။

PHP မှာတော့ အသုံးများတဲ့ Content Management System သုံးခုရှိပါတယ်။

Wordpress
Joomla
Drupal တို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ Myanmar Web Solution ကတော့ Drupal ကို သုံးပါတယ်။ Security အားဖြင့် ၊ Feature အားဖြင့်ပိုကောင်းလို့ ပါ။ အစိုးရ၀က်ဘ်ဆိုက် ပြည်တွင်း နိင်ငံတကာမှာလည်း Drupal ကို သုံးကြပါတယ်။

ကျွန်တော်တို့ ရေးသားပေးခဲ့တဲ့ဝက်ဘ်ဆိုက်တွေကို နမူနာကြည့်လို့ ရပါတယ်။ အိုင်ဒီယာရမယ်လို့ ထင်ပါတယ်။

http://www.myanmarwebsolutions.com/portfolio/column/2

No comments:

Post a Comment

Please use your real name or nick/pen-name.